သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

10.3.10

တရားအားထုတ်မှုနှင့် စပ်လျဉ်း၍မေးခွန်းလေးနှင့် အဖြေ

၁။ တရား ဘာကြောင့် အားထုတ်ရပါသလဲ။
- ငြိတွယ်မှု စိတ်အနှောင်အဖွဲ့အားလုံး မှ လွတ်ကင်းကာ ဘ၀တစ်လျှောက် စိတ်ချမ်းသာ စွာ နေသွားနိုင်ရေး stress စိတ်ညစ်-အကြေးများ(လုံးဝ)စွန့်ပစ်နိုင်ရန်တရားအားထုတ်ရပါ သည်။
- အဘယ့်ကြောင့်ဆိုသော် stress/defilements စိတ်အညစ် အကြေး များသည် မိမိရည်မှန်းချက်ဟူသမျှကို ပိတ်ဆို့တားဆီး နေသဖြင့် မိမိစိတ်အညစ်အကြေး ကိလေသာများကို စွန့်လွှတ်ခြင်း ဖြင့် မိမိရည်မှန်းချက်ဟူသမျှကို ရရှိအောင်မြင်စေ ပါမည်။

၂။ တရား ဘယ်လို အားထုတ်ရမှာလဲ။
-သမထ တရားအားထုတ်မှုတွင် တစ်ခုခု ကို အာရုံ စူးစိုက် ရမည် ဖြစ်သော်လည်း ..
ဝိပဿနာဥာဏ်များ ဖြစ်ပေါ်စေရေးအတွက်မူ...တစ်ခုခု ပြုလုပ်နေချင်သောစိတ် (ဘယ်လို-ညာလို လုပ်ချင်နေတဲ့စိတ်)ကို စွန့်လွှတ်နေတာ တရား အလုပ် ပါ။ ဘာမှမလုပ်ပဲ နေခြင်းမျိုးလည်းမဟုတ်ပါ။မိမိပေါ်သမျှစိတ်များ (အ၀ိဇ္ဖာ-တဏှာ တည်းဟူသော လောဘ-ဒေါသ-မောဟစိတ်များ) ကို အဟုတ်-တကယ် လို့ မယူဆဘဲ တရစပ် စွန့်လွှတ်နေတဲ့ အလုပ် လုပ်တတ်အောင် လေ့ကျင့်နေတာ တရားအလုပ်ပါ။ တနည်းအားဖြင့် ....-ဟိုလိုလုပ်ချင် - ဒီလို လုပ်ချင်နေသော စိတ်များကို အမှန်တရား သစ္စာ တရား (noble truth/ ultimate reality) ကို နားလည်ခြင်း အား ဖြင့် စွန့်လွှတ်ရမည်။
-ဘ၀တစ်လျှောက် စွဲမြဲလာခဲ့သော-ဘာလုပ်ချင်-ညာလုပ်ချင်နေ သောစိတ် (ပေါ်သမျှစိတ်အားလုံး) ကို အမှန်တရားကို နားလည် ခြင်းအားဖြင့် စွန့်လွှတ်ရပေမည်။ စိတ်သည် တစ်ခုခုကို တကယ်အဟုတ် ထင်မှတ်ကာ လုပ်ချင်နေ-ကြားချင်နေ-မြင်ချင်နေ-သိချင်နေ-စူးစမ်းချင်နေ-လိုချင်နေပေသည်။

၃။ အမှန်တရား သစ္စာတရား (noble truth/ ultimate reality) ကဘာလဲ။
ဗုဒ္ဓ မှ အဘိဓမ္မာတွင် (၀ိပဿနာတရားနှလုံးသွင်းရာတွင်) တစ်ခုခု အဖြစ် - တစ်ယောက်ယောက်အဖြစ် ဆိုတာ သတ်မှတ်ချက်သက်သက်မျှသာဖြစ်ပြီး လူမှုနယ်ပယ်တွင် ဒါနမှု-သီလမှု-တို့ပြုလုပ်ရန်အတွက် အသုံးချရန်အတွက်သက်သက်သာဖြစ်ပြီး - တကယ်အစစ် အမှန်တရားမဟုတ်ကြောင်း ပြောကြားထားပြီးဖြစ်လေသည်။
မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်ရမယ့် တကယ့် အမှန်တရားဆိုတာ တစ်ခုခု မဟုတ်ပါ။ အကန့်အသတ် မရှိ (endlessly) စက္ကန့်တိုင်း တရစပ် အသစ်အသစ်ဖြစ်လာလိုက် လျင်မြန်စွာ-ပျက်စီးသွားလိုက် နှင့် process သဘော အဖြစ် သာရှိနေသော (စိတ်-စေတသိက်-ရုပ် ဟူ၍ အမည်ပေးထားသော )စွမ်းအင်သတ္တိသဘာဝများကို တစ်ခုခု-တစ်ယောက် ယောက်-ငါ-သူ-ပုဂ္ဂိုလ်-သတ္တ၀ါ (I, YOU, SOMEONE, INDIVIDUAL, EGO, SELF, ENTITY) အဖြစ် အချိန်တစ်ခု ကြာအောင် တောက်လျှောက် ရှိနေ-မြဲနေသည် ဟု အထင်မှားနေမှု ဖြစ်သည်။ တစ်ခုခု-တစ်ယောက်ယောက်-အခြေအနေ တစ်ခု ကို အမှန်တကယ် ရှိနေသည်။ ဖြစ်နေသည် ယူဆနေမှု ။ အဟုတ်ထင်နေမှုသဘော သက်သက် ဖြစ်သည်။

(တနည်း) မျက်စိ-နား-နှာခေါင်း-လျှာ-ကိုယ်-စိတ် တွင် ဖြစ်ပေါ် လာနေသော မြင်စိတ်-ကြားစိတ်-နံစိတ်-ရသာစိတ်-ထိသိစိတ်- တွေးတောကြံစည်စိတ်များကို တစ်ခုခု အဖြစ် အချိန် တစ်ခု ကြာအောင် အဟုတ်တကယ် ရှိနေသည် - ဖြစ်နေသည်ဟု အဟုတ်ထင်နေမှုသဘော (အထင်မှားမှုသဘော) အသစ်အသစ်များ ဖြစ်လေ သည်။
မိမိစိတ် - မိမိခန္ဓာ အပေါ်တွင် ညဘက် တွင် မီးတိုင်တစ်ခုကို လက်ဖြင့် လျင်မြန်စွာ လှည့်ဝိုင်းပါကမီးကွင်းကြီးတစ်ခုရှိနေသည်ဟု ထင်ရပုံ ဥပမာ - မြစ်ဥပမာ - ဖယောင်းတိုင် မီးတောက် ဥပမာ - ဘုရား ဆိုင်းဘုတ် မီးလုံးလေးများ ဥပမာ စသည့် ဥပမာလေးများ နှင့် နှိုင်းယှဉ် ကြည့်ကာ သဘာဝတရားတွင် (တစ်ခုခု အဖြစ်) ဒီတစ်ခု ဒီတစ်ခု အဖြစ် ရှိနေခြင်းမဟုတ်ဘဲ ဖြစ်စဉ်သဘော process သဘော သက်သက် သာ ရှိကြောင်း နားလည်သဘောပေါက်ရန် ဖြစ်ပါသည်။


၎။ မျက်စိ-နား-နှာခေါင်း-လျှာ-ကိုယ်-စိတ် (six senses doors) များတွင် ပေါ်သမျှ သိသမျှ တွေဟာ အချိန်တစ်ခု ကြာအောင် တကယ်ရှိနေ-တကယ်မြဲနေ--တကယ်ဖြစ်နေ သည်ဟု ယူဆနေမှု -အထင်မှားနေမှု- ကို ဘယ်လိုစွန့်ရ မှာလဲ။
- အမှန်တရားကို နားလည်ခြင်းအားဖြင့် - မမေ့ခြင်းအားဖြင့် မပြတ်တရစပ် နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် စွန့်ရမည်။
- အရာရာ ဖန်ဆင်းရှင် ဘုရားသခင် ဆိုတာ တကယ်ရှိမနေပါ။ - သို့သော် ဖန်ဆင်းရှင် ဘုရားသခင် ဟာ တစ်နေရာရာမှာ တစ်ယောက်ယောက်အဖြစ် ရှိနေသည်-မြဲနေသည်ဟု ယူဆနေမှု - ထင်မှတ်နေမှုများ(အထင်မှားနေမှုများ) က တော့ တရစပ် အသစ်အသစ်သဘောဖြင့် ဖြစ်ပေါ်လျှက်ရှိနေပေသည်။
ဥပမာ ပေးရရင် ပူတယ် လို့ထင်တာ ဆိုတာ တကယ်မဟုတ်ပါ။ သို့သော် ပူတာလေး ဟာ တစ်နေရာရာမှာ တစ်ခုခုအဖြစ် အချိန်တစ်ခုကြာအောင် ရှိနေသည်-မြဲနေသည်ဟု ယူဆနေမှု - ထင်မှတ်နေမှုများက တော့ တရစပ် ဖြစ်ပေါ် ပျက်စီးလျှက်ရှိနေပေသည်။

၅။ “ပူတယ်လို့ ထင်တာ“ ဟာ ဘာကြောင့် တကယ်မဟုတ် (unreal) လို့ ဆိုပါသလဲ။
ပူတာ လေးတင်မဟုတ်ပါ။ ပူတာ-အေးတာ - တင်းတာ-လျော့တာ -ခက်မာတာ-နူးညံ့တာ- လှုပ်တာ-ငြိမ်တာ- ကောင်းတာ-ဆိုးတာ- ခံစားလို့ ကောင်းတာ-ခံစားလို့မကောင်းတာ စသည်ဖြင့် ဆန့်ကျင် ဘက် တရားများဟာ တကယ်ရှိနေ-ဖြစ်နေတာမဟုတ်ဘဲ- နှိုင်းယှဉ် မှု (သတ်မှတ်မှု) relativity ကြောင့်သာ အဟုတ်တကယ် ရှိနေဖြစ်နေတယ်လို့ ထင်ရတာပါ။

တကယ့် အမှန်တရားက ထိုဆန့်ကျင်ဘက်တရားများကို အဟုတ် တကယ် ရှိနေ -ဖြစ်နေတယ်လို့ အထင်မှားနေမှု-များသာ တကယ် ရှိနေ ဖြစ်နေ လေသည်။ ထိုကဲ့သို့ အထင်မှားအောင် အ၀ိဇ္ဖာ - ကိလေသာ (delusion) ၏ လှည့်စား ဖန်တီးပြုလုပ်မှုများသာ တရစပ် အသစ်အသစ်ဖြစ်ပေါ် ပျက်စီးလျက်ရှိနေပေသည်။

အပူ-အအေး ဆိုတာ တကယ်မဟုတ်။ နှိုင်းယှဉ် သတ်မှတ်မှုများကြောင့်သာ ပူတယ်-အေးတယ် ဆိုတာတွေကို အမှန် တကယ် ဖြစ်နေတယ်၊ အဟုတ် တကယ် ဖြစ်နေတယ် လို့ ထင်မှတ်ရခြင်းဖြစ်လေသည်။
ဥပမာ- မလေးရှားနိုင်ငံရှိအပူချိန်မှာ အမေရိကားမှ ရောက်လာသူတစ်ဦး အဖို့ ပူလွန်းတယ်လို့ ထင်မှတ်ရပြီး။ ထိုမလေးရှားနိုင်ငံအပူချိန်ကိုပင် အရှေ့အလယ်ပိုင်းဒေသ မှ ရောက်လာသူတစ်ဦးအတွက်မူ ပူသော ရာသီဥတု မဟုတ်ဟု ထင်မှတ်ရမည် ဖြစ်လေသည်။နောက်ဥပမာအနေနဲ့-တူညီသောဖိအားဖြင့် အနှိပ်ခံရမှုတစ်ခုကို အနှိပ်ခံလေ့ရှိသူက ကောင်းတယ်ဟု သတ်မှတ်မည်ဖြစ်သော်လည်း- အနှိပ်ခံလေ့ အကျင့်မရှိသူကို ထိုတူညီသောဖိအားဖြင့် အနှိပ်ခံခိုင်းပါက နာတယ်လို့သတ်မှတ်ပေမည်။
“အကောင်း-အဆိုး သတ်မှတ်ချက် - မှန်တယ်-မှားတယ် သတ်မှတ်ချက် ပူတယ်-အေးတယ် သတ်မှတ်ချက် နာတယ်-ကောင်းတယ်“ ဆိုတဲ့ သတ်မှတ်ချက်များဟာ အမှန် တကယ် ဖြစ်နေတာ မဟုတ်ဘဲ ဒီသတ်မှတ်ချက်တွေအပေါ် အဟုတ် တကယ် လို့ (အတည်ဖြစ်တယ်)လို့ “ထင်မှတ်နေမှုပဲ အထင်မှားနေမှုများပဲ“ တကယ်ဖြစ်နေတယ်လို့ မပြတ်တရစပ် နှလုံးသွင်းဆင်ခြင် သတိရ ယုံကြည်နေခြင်းကိုပင် အမှန်တရား သစ္စာတရား ကို နှလုံးသွင်းဆင်ခြင်ခြင်းဟု ဆိုရပေမည်။
အမှန်တရား သစ္စာတရားသည် နေရာဒေသ-လူမျိုး-ဘာသာမရွေး-အချိန်မရွေး မှန်ကန်နေပေသည်။

၆။ အနိစ္စ တရစပ် ဖောက်ပြန် ပျက်စီးမှု ဆိုတာ ဘာလဲ (သို့) အနိစ္စ ကို သိ နေခြင်း အနိစ္စ ကို နှလုံးသွင်း ဆင်ခြင်နေခြင်း ဆိုသည်မှာ မည်ကဲ့သို့ ဆင်ခြင်ခြင်းမျိုးဖြစ်သနည်း။

အနိစ္စ ဟု ဆိုရာတွင် လူတစ်ယောက် အသက် ၆၀ ထိအောင် ရှိနေ-မြဲနေပြီး- အသက် ၆၀ ပြည့်မှ အနိစ္စရောက်သွားခြင်းမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
ပူတာလေးတစ်ခု က ၆- စက္ကန့်ကြာအောင် ရှိနေ-မြဲနေပြီး ၇- စက္ကန့်မှာ အနိစ္စရောက် ပျက်စီးသွားတာ မျိုးမဟုတ်ပါ။
အတွေးလေးတစ်ခုက ၁မိနစ်- ၂မိနစ်ကြာအောင် ရှိနေတယ်- လျှောက်သွားနေတယ်...ပြီးမှ ပျက်စီးသွားတယ် စသည်ဖြင့် နားလည်ခြင်းမျိုးမဟုတ်ဘဲ-
ပူတာလေး-နာတာလေး-မြင်တာလေး-ကြားတာလေး တစ်ခုခုက အချိန်တစ်ခုကြာ အောင် ရှိနေ-မြဲနေပြီးမှ အနိစ္စရောက် ပျက်စီးသွားတယ်လို့ နားလည်ခြင်းမျိုးမဟုတ်ဘဲ-
ဘုရားဟော မျက်တောင်တစ်ခတ်-လျှပ်တစ်ပြက်အတွင်းမှာ ကုဋေ နှင့်ချီပြီး ပျက်စီးလိုက် ပြန်အသစ်ဖြစ်ပေါ်လိုက်နှင့် လျင်မြန်လွန်းစွာ ပြောင်းလဲ ဖောက်ပြန် ပျက်စီးနေမှု ဖြစ်စဉ်များ process ကို မသိနိုင်ခြင်းမှာ-ပူတာလေးတစ်ခုက ပျက်စီးသွားသည်ဟု အထင်မှား လေသည်။
အမှန်က တရစပ်ပျက်စီးနေမှု ဖြစ်စဉ်ကို ပူတာလေးဟု အထင်မှားခြင်းဖြစ်လေသည်။
အတွေးလေးတစ်ခုက-ကြားစိတ်လေးတစ်ခုက-စိတ်ကလေးတစ်ခုက-ဝေဒနာလေးတစ်ခုက အချိန်တစ်ခုကြာအောင် ရှိနေ မြဲနေ ဖြစ်နေပြီး-နောက်မှ ပျက်စီးသွားတာဟု နားလည်ခြင်းမျိုးမဟုတ်ပါ။၊
တရစပ် လျင်မြန်စွာ အသစ်အသစ်အစားထိုးဖြစ်လာလိုက် ပျက်စီးသွားလိုက် ဖြစ်နေသော စွမ်းအင် သတ္တိ သဘာဝ ဖြစ်စဉ်များကို အတွေးလေး တစ်ခုက-ကြားတာလေးတစ်ခုက-စိတ်ကလေး တစ်ခုက-ဝေဒနာလေးတစ်ခုတည်းက အချိန်တစ်ခုကြာအောင် ရှိနေ မြဲနေ ဖြစ်နေပြီး-နောက်မှ ပျက်စီးသွားတာဟု ထင်မြင်မိနေမှု (အထင်မှားမှုသက်သက် misunderstanding or Avijja)ပဲ တကယ်ရှိနေလေ ဖြစ်လေသည်။
ထိုကဲ့သို့ အတွေးလေးတစ်ခုက-ကြားစိတ်လေးတစ်ခုက-စိတ်ကလေးတစ်ခုက-ဝေဒနာလေးတစ်ခုခု မှ အချိန်တစ်ခုကြာအောင် တကယ် ရှိနေ - တကယ်ဖြစ်နေပြီး-နောက်မှ ပျက်စီးသွားတာဟု ထင်မှတ်နေမှု .....အထင်မှားမှုများ များသာ တရစပ် ပျက်စီးလျက်နေသည်ဟူသော (အနိစ္စ) အမှန်တရားကို ဆိုလိုပါသည်။
ထိုအမှန်တရားကိုသာ တရစပ် နှလုံးသွင်းဆင်ခြင်နေရန် မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် မပြတ်သတိရစေရန် ပြုလုပ်ခြင်းကိုပဲ ပညာမဂ္ဂင် နှစ်ပါး အဖြစ် - တရား နှလုံးသွင်းသောအလုပ် တရားအားကိုးသော အလုပ် အဖြစ် ခေါ်ဆိုနိုင်ပါသည်။
(ဆူနာမီဆရာတော်၏ တရားနှလုံးသွင်းဆင်ခြင်ရန် သင်ကြားပေးမှုများကို အခြေခံလျှက် ဥာဏ်မီသလောက် တင်ပြအပ်ပါသည်။ Beginners များအတွက် ရည်ရွယ်ပါသည်)
မေတ္တာဖြင့်
စိုးဝင်းထွဋ်

(www.moethout.com,
http://mindfulness.moethout.com ,
www.kodiamond.multiply.com,
www.trueanswer.co.cc)

0 ဝေဖန်မှု: