သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

9.10.09

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ


ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ကြီးသဒ္ဒါ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး အလွန်းတိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့် ။

မစဲည နေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးပွားစည် ကြီးလာပြီဟု
ယုံကြည်အားရ စိတ်မချနှင့် ။

ဓါရဏနှင့် ဓမ္မစင်္ကြာ
မေတ္တာပဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့် ။


ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ယုံ စိတ်ပြီးရုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့် ။

သပြေသစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး စိတ်ပုတီးကို
မငြီးဆင့်ကဲ စိတ်မြဲစိတ်ပါ မဖြတ်ပါနှင့် ။

ဆက်ကာတစ်မျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ကိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်ပါတရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း လမ်းမှန်ကောင်းဟု

ညွတ်ပြောင်းစိတ်ထဲ ယုံကြည်စွဲလျက်
အမြဲနေ့ည ၀ိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ ရှိပါစေ ။


မဟာသဒ္ဓမ္ဗဇောတိက ဦးအောင်သိမ်း

0 ဝေဖန်မှု: