သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

19.7.09

လိုတရ စိတ်ကို အသုံးချခြင်း ( ၄ )



စိတ်ရဲ့ အင်မတန် ကျွမ်းကျင်တဲ့ အုပ်ချုပ်ရေး ပညာတွေကို နားလည်လာလိမ့်မယ်။ သူ့ ကိုနားလည်လာပြီ ဆိုရင်တော့ သူ့ ကို အသုံးချတတ်ပြီပေါ့ ။ ယောင်္ကျားရှာစမ်း မိန်းမရှာစမ်း သူငယ်ချင်းရှာစမ်း ပိုက်ဆံရှာစမ်း ဆိုတဲ့ နေရာမှာ အင်မတန် အသုံးဝင်တဲ့ အင်အားရှိတဲ့ စိတ်ကို အသုံးချ မနေပဲ နတ်ပြည် မပို့ နဲ့ ဗြဟ္မာပြည်
မပို့ နဲ့  နိဗ္ဗာန် ပို့  ဆိုပြီးတော့မှ နိဗ္ဗာန် ရှာစမ်းဆိုပြီး နိဗ္ဗာန် ရှာခိုင်းလို့ ရပြီပေါ့။ အဲ့ ဒါမှ တကယ် အဓိပ္ပါယ်ရှိတဲ့  အလုပ်ပါပဲ ။

ဦးဇင်းတို့ လည်း ဒီ စိတ်ကို ခိုင်းတာ ။ တရားဟောတတ်တာလည်း ဒီစိတ်ကို ခိုင်းတာ ။ တရားအားထုတ်တော့ ဒီစိတ်ကို နားလည်ပြီ ။ အဲ့ဒီတော့ ဘာအခက်ဆုံးလဲ ဘာအရေးကြီးဆုံးလဲ ... ဘယ်သူ့ ကို မှ မေးတာ မဟုတ်ပါဘူး ။ လူ့ လောက ထဲမှာ မေးရင်တော့ စာရေးဆရာကလည်း စာရေးဖို့ အရေးအကြီးဆုံးပဲ ။ စီးပွားရေးသမားကလည်း ပိုက်ဆံရှာဖို့ အရေးအကြီးဆုံးပဲ ။ ကျောင်းသားကလည်း ကျောင်းတက်ဖို့ အရေးအကြီးဆုံးပဲ ။ ကိုယ်စီကိုယ်ငှ အမျိုးမျိုးပြောကြလိမ့်မယ်။ တရားအားထုတ်လိုက်တော့ ကိုယ့်ဟာနဲ့ ကိုယ် အလိုလိုသိပြီ ။ ဘာအခက်ဆုံးဆိုတာသိပြီ ။

ဒီလို ဟောဖို့ အခက်ဆုံးဆိုတာသိပြီ ။ စိတ်ကို နားလည်တဲ့ ပညာနဲ့  ဥာဏ်နဲ့  စိတ်ကို ဘယ်လို အသုံးချရတယ် စိတ်ကို ဘယ်လို ခိုင်းစေရတယ် ဘယ်လို အမိန့် ပေးရမလဲ ဆိုတဲ့ ပညာနဲ့  သစ္စာလေးပါး ကို ဘယ်လို မြန်မာလို ရှင်းရှင်းလင်းလင်း ဟော ဆိုပြီး အမိန့် ပေးလိုက်တာပဲ ။ အမိန့် ပေးရင်းနဲ့ စိတ်မှာ မဖြစ်ဖြစ်အောင် အကုန်လုပ်နိုင်တယ် ။ အချိန်ဆိုတာ မရှိတဲ့ အခါကျတော့ အချိန်ကို စကားထဲ ထည့်မပြောဘူး ။ အချိန်စကားထဲ ထည့်ပြောရတာက လူတွေက သူ့ ဟာနဲ့ သူ အချိန်သတ်မှတ်ပြီး ကိုယ်သတ်မှတ်တဲ့ အချိန်နဲ့ ကိုယ့်ဟာကိုယ် ဒုက္ခရောက်နေတာ ။ ပရမတ်မှာ အချိန်မရှိတဲ့ အခါကျတော့ လေးနှစ်ကျော်ကြာတဲ့ အခါမှာ အခုလို ဟောတတ်လာတာပဲ ။ ဒီစိတ်ကို ခိုင်းသာ ခိုင်းနေလိုက် .. ဒီစိတ်က မဖြစ်ဖြစ်အောင်လုပ်သွားနိုင်တယ်။ အရာရာ စိတ်ပဲ ။ စိတ်က ဖန်ဆင်းတဲ့ HIV ရောဂါပါ။

ဒီစိတ်က ဖန်ဆင်းတတ်တယ် ဆိုရင် ဒီစိတ်က ပြန်ပြီး ဖျောက်ဖျက်တတ်တာပေါ့။ လူတွေ တီထွင်ထားတဲ့ ပစ္စည်း ကို လူတွေက ပြန်ပြီးတော့မှ ပြင်တတ်သလိုပေါ့။ sony တို့ cannon တို့ ဆိုတာ စက်ရုပ်တွေရဲ့  service center တွေပါ။ အဲ့လိုပဲ ဘာဆေးရုံ ညာဆေးရုံဆိုတာကလည်း လူတွေရဲ့ service center တွေပါဘဲ။ စိတ်က ဖြစ်တဲ့  စိတ်က ဖန်တီးလိုက်တဲ့  HIV ဆိုတဲ့ ရောဂါကို ဒီစိတ်ကို အမိန့် ပေးနိုင်ရင်... ဘယ်လို ပြန်ဖျက်ရမယ် ဆိုတာကို ပြန် ပြီးတော့မှ အမိန့် ပေးနိုင်ရင် ဒီရောဂါ ပျောက်သွားလိမ့်မယ်။

ကိုယ်က စိတ်ကို အမိန့် မပေးနိုင်ရင် ကြောက်နေရမှာပဲ ။ ကိုယ်က ဘယ်လို ကိုင်တွယ်ရမှန်းမသိသလိုပေါ့။ COMPUTER VIRUS တွေလိုပေါ့ ။ VIRUS အသစ်တစ်ခု ပေါ်လာပြီ ဆိုရင် အစပိုင်းမှာ သူက ဘယ်လို အရည်အချင်းရှိမှန်းမသိဘူး ။ ဘယ်လို လက်နက်နဲ့ သူ့ ကို ဘယ်လို ပြန်နှိမ်နင်းရမယ် ဆိုတာ မသိသေးဘူးပေါ့။ VIRUS ပေါ်လာတော့ ကွန်ပြူတာမှာလည်း ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ ANTI VIRUS တွေ ထည့်ထားသလိုပေါ့ ။ ဒါဟာ စိတ်က တီထွင်လိုက်တဲ့  VIRUS ကို စိတ်ကပဲ ပြန် ဖျက်လိုက်တယ် ဆိုတော့ ဒီစိတ်ကပဲ ဖျက်စီးတဲ့ နည်းကို သိတာပါပဲ ။ ဒီစိတ်ကို အသုံးချတတ်ရင် ဘာမဆို အကုန်ဖြစ်တယ်။

စိတ်က ဘယ်လောက်တောင် အစွမ်းရှိသလဲ ဆိုတော့ စိတ်ကပဲ ထာဝရ ဘုရားကို ဖန်ဆင်းထားတာ ။ စိတ်က ၃၁ ဘုံလုံးကို ဖန်ဆင်းထားတာ ။ ဒီဖန်ဆင်းရှင် စိတ်ကို နားလည်ရင် ၃၁ ဘုံလုံးကို ပြန်ပြီးတော့မှ ဖျက်ချလိုက်ရင် ကိုယ့်နှလုံးသားထဲမှာ ၃၁ ဘုံမရှိတော့ဘူး ။ ထာဝရဘုရား မရှိတော့ဘူး ။ ဒါတွေ မရှိမှန်း သိသွားရင် ဒါတွေ နှလုံးသားထဲမှာ မရှိတော့ရင် ပျက်သွားရင် ပူစရာမရှိတော့ဘူး ။ စိတ်က ဖန်ဆင်းထားတာကို စိတ်ကပဲ ပြန်ဖြုတ်ချမှ ရမှာ ။ စိတ်က ရှိတယ်လို့ ထင်ရလောက်အောင် လှည့်စားထားတာ ။

ဒါတွေကို စိတ်နဲ့ ပြန်ဖြုတ်ချမှပဲ ရမှာ ။ တကယ်ရှိတဲ့ ၃၁ ဘုံ မဟုတ်တော့ တကယ်သွားပြီးတော့မှ ဖျက်စရာလည်း မလိုတော့ဘူး ။ အိမ်တွေလိုပေါ့။ အရင် ခေတ်တုန်းက အိမ်ဆိုပြီး ပြန်ကြည့်လိုက်တော့ သစ်သားတွေပဲ ရှိတာပဲ ။ သစ်ပင်ပဲ ရှိတာပဲ ။ နောက်ဆုံး သစ်ပင်ကို အိမ်လုပ်ထားတာ။ ကိုယ်က သစ်ပင်၊ သစ်သားတွေ မသိပဲ အိမ်ကြီးစွဲနေတယ် ။ အဲ့တော့ မရှိတာ စွဲတာလား ရှိတာ စွဲတာလားဆိုရင် ကိုယ်ရူးသလား မရူးလား ... သတ်မှတ်ချက်ကြီးကို စွဲနေတယ်။ အိမ်လို့ သတ်မှတ်ပေးတာတွေကို စွဲနေတယ်။ စွဲတော့ ဘာဖြစ်လဲ ဆိုတော့ ကိုယ်ပဲ ပူရတာပေါ့ ။ ကိုယ်ပဲ အိမ်စောင့် ဒရဝမ် ဖြစ်တော့တာပါပဲ ။

တရားအားထုတ်တဲ့ အခါကျတော့ အိမ်ကိုတော့ သွားမဖျက်ဘူး ။ စိတ်ထဲက အစွဲကို ဖျက်ပြီးသား ။ စိတ်ထဲမှာ အိမ်ဆိုတာမရှိတော့ ဒရဝမ်မဖြစ်တော့ဘူး ။ အိမ်စောင့် မလုပ်ရတော့ဘူး ။နေလည်း နေရတယ် ပူလည်း မပူရတော့ဘူးပေါ့ ။ မပူရတဲ့ အတွက် အန္တရာယ်ကင်းတယ် ။ ပူတဲ့ အတွက် ဘာဖြစ်မလဲ ဘာပြဿနာ တက်မလဲ ပူနေရတယ် ။ မရှိတဲ့ အိမ်ကို သွားပြီး ဖျက်စရာမလိုဘူး ။ သူ့ဟာနဲ့ သူ တိုက်တွေ အိမ်တွေ နိုင်ငံတွေ ဘယ်လိုပဲ များနေ နေ ကိုယ့်စိတ်ထဲမှာ ဒါတွေဟာ ဘာမှ မဟုတ်မှန်းသိနေတော့ ဖျက်ပြီးသားပဲ ။ ဘာရောဂါ ညာရောဂါ ဘယ်လိုပဲ ဆိုင်းဘုတ် တပ်တပ် ကိုယ့်စိတ်ထဲမှာ မရှိရင် ဖျက်ပြီးသားပဲ ။ ကိုယ့်စိတ်ထဲ မှာ မရှိရင် ကိုယ်ပူစရာမရှိဘူး ကိုယ်ကြောက်စရာ မရှိဘူး ။

စိတ်ထဲမှာ ရှိလို့ ကြောက်နေရတာ ။ အဲ့တော့ ကိုယ့်လက်နက်ကြီးကို ကိုယ်အသုံးချတတ်အောင် ကြိုးစားပါ ။ စိတ်က ဖန်ဆင်းထားတဲ့ ငါ ယောင်္ကျား ငါ မိန်းမ ဆိုတာတွေမှာ လမ်းဆုံးမနေပါနဲ့ ။ ကိုယ့်ယောင်္ကျားဘ၀လေး မိန်းမဘ၀လေး နဲ့ ယောင်္ကျားစိတ် မိန်းမစိတ်ဆိုပြီး ဘောင်ခတ် မနေပါနဲ့ ။ ကိုယ့်စိတ်ကို ကိုယ်လေ့လာမနေပါနဲ့။ ဒီ စိတ် စေတသိတ် ရုပ် ဆီက တိုက်ရိုက်သင်ယူပါ။ တိုက်ရိုက်သင်ယူဖို့ အတွက် စက်ရုပ် အစွဲဖြုတ်ရတယ်။ ယောင်္ကျားစွဲ မိန်းမစွဲ ဖြုတ်ရတယ် ။ မဖြုတ်နိုင်ရင် စက်ရုပ်က သင်နေလို့ ကတော့ ဘယ်တော့မှ ပညာကုန်မရဘူး ။ ဒီစက်ရုပ်ကို ဖန်ဆင်းတဲ့ စိတ်ကို ပြန်ပြီးတော့မှ အမိန့် ပေးလို့ မရဘူး ။ တကယ်ရှိတဲ့  စိတ် စေတသိတ် ရုပ် နိဗ္ဗာန်ကို နားလည်တဲ့ သစ္စာလေးပါးပညာတတ်ဖို့ ဆိုတာ စိတ်ကို တိုက်ရိုက် အမိန့် ပေးမှ ။

ဦးဇင်း ပြောနေတာက ဖြစ်ရုံလေး ဖြစ်နေတာပါလို့ နှလုံးသွင်းဆိုတာ စိတ်ကို software ရေးပေးလိုက်တာပါ ။ ဘာ software လဲ ဆိုတော့ နိဗ္ဗာန် ပို့ တဲ့  software ပါ ။ လူမှာ ဒီ software မရှိတော့ စိတ်က အလုပ် မလုပ်တတ်ဘူး ။ လူက လူဖြစ်အောင်လုပ်ရမလား မိန်းမ ဖြစ်ချင်သလား ယောင်္ကျား ဖြစ်ချင်သလား နတ်ဖြစ်ချင်လား ဗြဟ္မာ ဖြစ်ချင်လား ခွေးဖြစ်ချင်လား ကြောင်ဖြစ်ချင်လား ငရဲခံချင်သလား ငရဲပြည်ရှိတယ် ဆိုတာ ကိုယ်တွေ့  ကြုံချင်သလား ကိုယ်တိုင် ငရဲ သား ဖြစ်ချင်သလား အကုန်ရတယ်။

စိတ်တွေမှာ ဒီ software တွေက အပြည့်အစုံရှိပြီးသားဆိုတော့ စိတ်မှာ မရှိတဲ့  software ကို ကိုယ်က ထည့်ပေးမှ စိတ်က ကိုယ့်ကို နိဗ္ဗာန် ပို့ မှာ။ ဒါ နိဗ္ဗာန် software ရေးပေးတာပါပဲ ။

လိုတရ စိတ်ကို အသုံးချခြင်း ပြီးပါပြီ .......
မူရင်း ပို့စ်ကိုတော့ ဒီနေရာ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျ ...

ကိုယ့်ကို ငရဲ ကို ပို့တာလည်း ဒီစိတ်ပါပဲ ....
ခွေး ပုံသဏ္ဍန် နွားပုံသဏ္ဍန် ကြောင် လောက် တီ အစရှိတဲ့ တိရစ္ဆာန် ၀ဋ်ကောင်တွေ ဘ၀ ကို ရောက်စေတာလည်း ဒီစိတ်ပါပဲ..
၃၁ ဘုံ အတွင်းမှာ ၀ဋ်ကောင်တွေ အဖြစ် တစ်ဘ၀ပြီး တစ်ဘ၀ ၀ဋ်ခံရစေတာလည်း ဒီစိတ်ပါပဲ ...

ဒီလိုမှ မဟုတ်ပဲ
ထာဝရ အေးချမ်း ပြီးပြည့်စုံရာ နိဗ္ဗာန်ကို သွားမယ်ဆိုရင်လည်း ဒီ လိုတရ စိတ်ကြီးကိုပဲ လှေကြီး အဖြစ် လှော်ခတ် စီးနင်းပြီး အရိယာ သူတော်စင်တို့ နိုင်ငံ နိဗ္ဗာန် တစ်ဖက်ကမ်း ကို ကူးမြောက်နိုင်ပါတယ် ...

အားလုံးပဲ မိမိရဲ့ စွမ်းအင်ကြီးလှတဲ့ စိတ်ကို ဘာမှ မဟုတ်တဲ့ အဆုံးမရှိတဲ့ လိုချင်တောင့်တ မက်မောမှုတွေ အာသာငမ်းငမ်း ဆာလောင်မွတ်သိပ်မှုတွေ တရှိန်ရှိန် လောင်ကျွမ်းတောက်ပနေတဲ့ ဒေါသ မောဟ လောဘ မာန်မာန တွေ အတွက် အသုံး မချပဲ .....
တစ်ကယ့် အေးချမ်းရာ အစစ်အမှန် ဖြစ်တဲ့ ပြီးပြည့်စုံတဲ့ ပရမတ် တရားကို ရှာဖွေတဲ့ အခါမှာ မိမိရဲ့ စိတ်ကို လိုတရ လက်နက်ကြီး သဖွယ် အကျိုးရှိရှိ အသုံးချနိုင်ကြစေဖို့ ရည်ရွယ် တင်ပြအပ်ပါတယ် ခင်ဗျာ .....

ကျေးဇူးတော်ရှင် ဆရာသခင်အား ဦးညွှတ် ရှစ်ခိုး ပါ၏ ။

0 ဝေဖန်မှု: