သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

13.7.09

လိုတရ စိတ်ကို အသုံးချခြင်း ( ၂ )



ကို်ယ့်ရဲ့စိတ်က အင်မတန် အစွမ်းထက်တဲ့ ကွန်ပြူတာပါပဲ ။ အင်မတန် အစွမ်းထက်တဲ့ စက်ရုံကြီးပါပဲ ။ လေယာဉ်ပျံလည်း ထုတ်လို့ရတယ်။ သင်္ဘောကြီးတွေလည်း ထုတ်လို့ရတယ်။ အနုမြူဗုံးလည်း ထုတ်လို့ ရတယ်။ ဒီစိတ်စက်ရုံက ဘာမဆို အကုန် ထုတ်လုပ်နိုင်ပါတယ်။ နိဗ္ဗာန်သွားလို့ လည်းရတယ်။

ဘယ်လေယာဉ်ပျံနဲ့ မှ သွားလို့ မရတဲ့ နိဗ္ဗာန် ကိုလည်း စင်ကြယ်တဲ့  စိတ်နဲ့ မှ လောဘ ဒေါသ မောဟ ကင်းတဲ့ စိတ်နဲ့ မှ ပဲ နားလည်နိုင်တာပါပဲ ။ နိ ဗ္ဗာန် ဆိုတဲ့ မြဲတဲ့ သဘာဝ တရားကြီးကို တွေ့ အောင် ရှာနိုင်တာလည်း စိတ်ပါပဲ ။ လူတွေ ငန်းငန်းတက် သဘောကျနေတဲ့ ကျပ်တွေ ဒေါ်လာတွေ ယူရိုတွေကို တီထွင်တာလည်း စိတ်ပါပဲ ။

ငွေရှိလို့ တီထွင်နိုင်တာ မဟုတ်ပါဘူး။ နဂိုတုန်း က ဘာ ပိုက်ဆံမှ မရှိပါဘူး။ စိတ်က နေပြီးတော့ မှ ငွေကို တီထွင်လိုက်တာပါ။ လူအများစု ကိုးကွယ်နေတဲ့ ထာဝရဘု၇ား ဆိုတာလည်း စိတ်ရဲ့ ထွက်ကုန်တစ်ခုပါပဲ ။





စိတ်က ထုတ်လုပ်လိုက်တဲ့ စက်ရုပ်တရုပ်ပါပဲ။ ဒီစိတ်ပဲ .. ကိုယ့်မှာ ရှိနေတဲ့ ဒီစိတ်ပဲ ဘာမှ ဝေးဝေးလံလံ ရှာနေရမှာ မဟုတ်ဘူး။ ငွေမရှိလို့ စားစရာမရှိလို့ နေစရာမရှိလို့ မအားလို့ ဆိုပြီးတော့မှ ဆင်ခြင်ပေးမနေတော့ပဲ အဲ့ဒါတွေ အကုန်လုံးက ဒီစိတ်ကို အသုံးမချတတ်လို့ ကာယကံနဲ့ ကုန်းရုန်းပြီးတော့မှ ရှာနေရတာ။

ဝစီကံနဲ့ အမြုပ် ထွက်အောင်ပြောနေရတာ။ ဒါကြောင့် အသုံးချတတ်တဲ့ နည်း သင်ပေးလိုက်လို့ အသုံးချ တတ်သွားရင် လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝသွားမယ်။ အဲ့တော့ ကိုယ့်မှာ ရှိပြီးသား လက်နက်နဲ့  ပြန်ဖြေရှင်းပါမယ်။

သူများ အားကိုးတာတွေ၊ ပိုက်ဆံအားကိုးတာတွေ၊ သားသမီးအားကိုးတာတွေ ၊ ကိုယ့်ကိုယ်ကို အားကိုးတာတွေဆိုတာက လူကို အားကိုးတာ ။ လူဆိုတာ စာရင်းထဲ ထည့်မတွက်နဲ့ လူဆိုတာ စက်ရုပ်တရုပ်ပဲ ။ စက်ရုပ်အားမကိုးနဲ့ စက်ရုပ်ကို တီထွင်တဲ့ စိတ်ကို အားကိုးရမယ်။

ဒါမှသာ အားကိုးရာ အစစ် ။ စီးပွားရေးလုပ်သလိုပေါ့။ ပင်ရင်းမှာ ၀ယ်ရင် ဈေးသက်သာတယ်။ တဆင့်ခံတွေဆီက ဝယ်ရင် ဈေးကြီးတယ်။ သူ့ ရဲ့ စက်ရုံမှာ တိုက်ရိုက်သွားဝယ်ရင် ဈေးသက်သာတယ်။ လက်ဆောင်ရတယ်။ အဲ့ဒီသဘောတရားဘဲ။ သူငယ်ချင်းတွေ ဆွေမျိုးတွေ ပိုက်ဆံတွေ ဆိုတာ အဆွယ်အပွားတွေဘဲ ရှိသေးတယ်။

တိုက်ရိုက်စိတ်ကို နားလည်ဖို့  ကိုယ့်စိတ်နဲ့ ကိုယ် မှန်မှန်ကန်ကန် အပေးအယူလုပ်နိုင်ဖို့ ကွန်ပြူတာ သင်တန်းပေးသလို စိတ်ကွန်ပြူတာကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖို့  ခိုင်းစေဖို့  အသုံးချနည်း သင်တန်းပေးနေတာပါ။

မျက်စိကို အသာလေးမှိတ်ထား။ တကိုယ်လုံးမှာ ရှိတဲ့  အကြောတွေကို လျှော့ထားပါ။ ခါးကို မတ်မတ်ထားပါ။ ခေါင်းကို မတ်မတ်ထားပါ ။ ဒါစိတ်ကွန်ပြူတာပါ။ ခြေတွေလက်တွေ ခေါင်းတွေ ဆိုတာ စက်ရုပ်ပါ။ စက်ရုပ် ဆိုတဲ့ တဆင့်ခံ အားကိုးနေ၇င် ဈေးကြီးပါတယ်။ စိတ်ကို စိတ်နဲ့  ထိန်းသိမ်းတဲ့ နည်းကို ညွှန်ပြပေးပါမယ်။ အဲ့တော့ ကာယကံကို စွန့် လွှတ်လိုက်ပါတော့။ စိတ်ကို ငါက ထိမ်းလို့ မ၇ဘူး။ စက်ရုပ်က လူကို ပြန်ပြီးတော့မှ ထိန်းချုပ်လို့ အမိန့် ပေးလို့ မရဘူး။ လူကသာ စက်ရုပ်ကို အမိန့် ပေးလို့ ရတာ။

အဲ့ဒီလိုဘဲ ကိုယ်က ငါယောင်္ကျား ငါမိန်းမဆိုပြီး စက်ရုပ်ဘ၀နဲ့ အရှင်သခင်ဆိုတဲ့  စိတ်ကို ပြန်ပြီးတော့မှ ခိုင်းစေဖို့ အမိန့် ပေးဖို့ မရပါဘူး ။ တကယ် ဘုရားအစစ် ဖြစ်တာလည်း စိတ်ပါပဲ ။ ဘုရားအတုဆိုတာလည်း စိတ်ပဲ။ ချမ်းသာ အစစ်ဆိုတာလည်း စိတ်ပဲ။ ချမ်းသာ အတုဆိုတာလည်း စိတ်ပါပဲ ။ စိတ်ရဲ့ စက်ရုပ်တွေ ဖြစ်တဲ့  မင်းသား မင်သမီးတွေတောင်မှ အကယ်ဒမီဆုတွေ အကြိမ်ကြိမ်ရသေးတာပဲ ။ မင်းသားမင်းသမီးတွေရဲ့  အမူအယာတွေ ကြည့်လိုက်ရင် စိတ်ကို ခန်းမှန်းလို့ ၇ပါတယ်။ ကာယကံကို စွန့် လွှတ်လိုက်တော့။ တငါငါ လုပ်မနေနဲ့ တော့ ။

စက်ရုပ်ဘ၀ကို စွန့် လိုက်။ ယောက်ျားစွဲ မိန်းမစွဲတွေကို ဖြုတ်လိုက်ပီး မနောကံကို လက်ခံပြီး ကာယကံ ဝစီကံတွေကို အားကိုးနေရာက တတ်နိုင်တဲ့ အချိန်မှာ စွန့် လိုက်ပါ။ ကာယကံနဲ့ ဇိမ်ခံမနေနဲ့ တော့ ။ ကိုယ့်ကိုယ်ကို ယုယမနေနဲ့တော့။ ကိုယ့်ကိုယ်လေး ခြင်ကိုက်မခံ ဖြစ်မနေနဲ့ တော့။ စွန့် လွှတ်ထားလိုက်တော့။ ဒါစက်ရုပ်ကို စွန့်တာပါ။

စက်ရုပ်ဘ၀ကို မစွန့် နိုင်ရင် စက်ရုပ်ပဲ ဖြစ်နေမယ်။ ၃၁ဘုံမှာ သတ္တဝါ အနတ္တဆိုတာ စက်ရုပ် အနတ္တပါ။ ဘာအသက်မှ မရှိဘူး။ ကိလေသာက အသက်သွင်းထားတာ။ ကိုယ့်မှာ ဖြစ်နေကျ မနောကံတွေကိုလည်း စွန့် လွှတ်လိုက်တော့။ ဘာမှ တွေးမနေနဲ့ တော့ ။ နေရာစွဲ ၊ အချိန်စွဲ ဘယ်သူဘယ်ဝါအစွဲ တွေ ရဲရဲသာ ဖြုတ်လိုက်တော့။ စိတ်ကို စိတ်နဲ့ ကိုင်တွယ်မှ ရမယ်။ လူလူချင်ထိမ်းသလို … ပေါ့။ လူကျောင်းသားကို လူဆရာမနဲ့ ထိမ်းသလိုပေါ့။ လူသူခိုးကို လူရဲနဲ့ ထိမ်းသလိုပေါ့။ လူယာဉ်မောင်းသူကို လူယာဉ်ထိန်းရဲနဲ့ ထိန်းသလို။ လူသောင်းကျန်းသူကို စစ်သားနဲ့ ထိမ်းသလို ။ လူလူချင်းထိမ်းသလို စိတ်စိတ်ချင်းထိမ်းမှရမယ်။ ကြွက်ကို လူက ထိမ်းသလိုပေါ့။ ခပ်တုံးတုံး ခပ်လေးလေး။ ကြွက်က အင်မတန်လျင်မြန်တော့ လူက ခပ်တုံးတုံး ခပ်လေးလေး ဆိုတော့ လူလောက်တော့ ကြွက်က အသာလေး။ လုကို ကြောင်လောက်တောင် ကြောက်မှာ မဟုတ်ဘူး။

စိတ်ကွန်ပြူတာကို ကိုင်တွယ်တဲ့ အသိဥာဏ်ရဖို့ အတွက် သဘောလေးလို့ သာ လက်ခံလိုက်။ ကြားရုံသက်သက်လေး၊ ထိရုံသက်သက်လေး။ လှုပ်ရုံသက်သက်လေး။ သိရုံသက်သက်လေး။ စိတ်ဆိုတာလည်း သူ့ ရဲ့ နိယာမ ရှိပြီးသားပါ။ နည်းပညာရှိပြီးသားပါ။ မြင်းစီးရင် မြင်းစီးပညာ လိုသလို ကားမောင်းရင်လည်း ကားမောင်းပညာ လိုပါတယ် ။ ကိုယ့်ဖာသာ ကျော်လွန်ပြီး မောင်းလို့ မရပါဘူး။ ကိုယ်မောင်းချင်သလို
မောင်းလို့ မရဘူး။

သူ့ သတ်မှတ်ချက်အတိုင်း လိုက်နာရင် လိုက်နာ။ မလိုက်နာရင် ကားက မောင်းလို့ ကို မရဘူး။ အဲ့ဒီလိုပဲ ဒီစိတ်မှာလည်း မဂ္ဂင်နည်း တနည်းပဲ ရှိတယ်။ ဒီနည်းအတိုင်းလုပ်ရင်လုပ် ။ ဒီလိုမှ မဟုတ်ပဲ ကိုယ်လုပ်ချင်တာ လုပ်ရင်တော့ ဘယ်လို့မှ မရဘူး။ ကိုယ်သိထားတဲ့ အသိတွေကို စွန့် လွှတ်လိုက်။ သဘောလို့ လက်ခံလိုက်။

ကြားတာစိတ်ရောက်ရင်လည်း ကြားရုံသက်သက်လေးကို သတိကပ်ထားလိုက်။ ဘာပြောတယ် ညာပြောတယ် ဂရုမစိုက်နဲ့ တော့။ ၀င်လေ ထွက်လေမှာ စိတ်ရောက်နေရင်လည်း ထိရုံသက်သက်လေးကို သိရုံသက်သက်လေးသိပါ။ ဝင်တယ် ထွက်တယ် ရှုတယ် ရှိုက်တယ်ဆိုတာတွေ ကိုယ်နဂိုသိထားတာတွေ လက်မခံနဲ့ ။ ကိုယ်နဂိုသိထားတာတွေက လူလူချင်း လူရာဝင်ဖို့ပဲ သုံးလို့ ရမယ်။

လူဟန်ဆောင်တဲ့ နေရာမှာ သုံးတဲ့ အသိတွေ။ သူများရီသလို လိုက်ရီ ။ သူများငိုသလို လိုက်ငို။ သူများကြောက်သလို ကြောက် ။ သူများ ဟန်ဆောင်သလို လိုက်ဟန်ဆောင်နေတာတွေကို ဘေးချိတ်ထား။ အသိပြောင်းပေးပါ။ စိတ်ကလေး သက်သက်ပဲ ပြောင်းရမှာ။ ရင်ညွှန့် လေးမှာ စိတ်ရောက်နေရင်လည်း လှုပ်ရုံသက်သက်လေး။ နဖူးထက်မှာ စိတ်ရောက်နေရင်လည်း သိရုံသက်သက်လေး။

ဗိုက်မှာ စိတ်ရောက်နေရင်လည်း လှုပ်ရုံသက်သက်လေးကိုသာ လှုပ်တယ်ဆိုတဲ့ ပညတ်မပါဘဲ တိုက်ရိုက်သိ။ စိတ်ဆိုတာ ခန္ဓာငါးပါး ။

ခန္ဓာဆိုလို့ အထည်ကြီးမမြင်နဲ့ ။ ဦးဇင်းပြောတာက စိတ်ဆို၇င် အကောင်အထည်မရှိသလိုပဲ ။ အဲ့ဒီလိုပဲ ကိုယ့်မှာ တဖျပ်ဖျပ်နဲ့ ဖြစ်ပေါ်နေတဲ့  ဓမ္မအစု သဘောလေးတွေကလည်း အကောင်အထည်မရှိဘူး။

လှုပ်တယ် ဆိုရင် ပညတ်၊ ပိန်တယ် ဆိုရင် ပညတ်၊ အဲ့ဒီ် ပညတ်တွေ မပါနဲ့ ။ အဲ့ဒါ လူလောက ထဲက လူစက်ရုပ်တွေ သိတဲ့ အသိ။ လူ့ စက်ရုပ်အသိကို မစွန့် နိုင်ရင် စက်ရုပ်ပဲ ဖြစ်မှာပဲ ။ တော်ကြာ ခွေးစက်ရုပ် ကြောင်စက်ရုပ် ငရဲသားစက်ရုပ်တွေ ဖြစ်သွားလိမ့်မယ် ။ ကိုယ့်ကိုယ်ကို စက်ရုပ်လို့ လက်ခံလိုက်။ စက်ရုပ်ဆိုကတည်းက အသက်မရှိဘူး။ သေရမှာကြောက်တယ် ဆိုတာ မရှိဘူး။ ကွန်ပြူတာ ဆိုတာ စက်ရုပ်ပဲ သူ့ ဟာနဲ့ သူ ပျက်ချင်ပျက်သွားလိမ့်မယ်။ ငါတော့ ပျက်ရပါတော့မယ် ငါတော့ သေရပါတော့မယ် ဆိုပြီး လူတွေလို ကြောက်ရွံ့  တုန်လှုပ်ပြီးတော့မှ မျက်ရည်မကျနေဘူး။

ဆက်ရန် >>...........

ကြောက်တတ်နေရင် ကြောက်စရာတွေ မကုန်ဘူး ...
လုပ်တတ်နေရင် လုပ်စရာတွေ မကုန်ဘူး ...
သိတတ်နေရင် သိစရာတွေ မကုန်ဘူး .....
သင်တတ်နေရင် သင်စရာတွေ မကုန်ဘူး ....
ရှာတတ်နေရင် ရှာစရာတွေ မကုန်ဘူး .....
ချစ်တတ်နေရင် ချစ်စရာတွေ မကုန်ဘူး ....
မုန်းတတ်နေရင် မုန်းစရာတွေ မကုန်ဘူး ...
သိချင် တတ်ချင် လုပ်ချင် ကိုင်ချင် ချစ်ချင် မုန်းချင် နေတဲ့ စိတ်ကို စွန့်လွတ်မှ အလုံးစုံ ပြည့်စုံခြင်းကို ခံစားရမယ် ......

ဆရာသခင် ကျေးဇူးရှင်အား ဦးခိုက် ရှစ်ခိုးပါ၏ ....



1 ဝေဖန်မှု:

Anonymous said...

now I stay tuned..