ငါ .. ၁
လင်းလက်ခွင့်ရှိရင် တောက်ပလိုက်ချင်တယ်
ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွားအောင် ...
မသေချာမှုတွေ များခဲ့တဲ့ ဘ၀မှာ
ကဗျာတွေပဲ ထိုင်ရေးနေမိတယ် ...
ရိုးသားခြင်းက ဒုက္ခရောက်လွန်းလို့ ...
ဆိုးလိုက်တဲ့ မိုး
အညိုးလည်း မထားချင်တော့ပါဘူး ..
ငါ့ဘ၀ပေါ်မှ ကွက်ကျား ရွာရတယ်လို့ ...
မြေနှိမ့်ရာ လှံစိုက်ချင်တာ
အပြစ်မဟုတ်ပါဘူးလေ ...
ငါက မြေဖို့ ဖို့ နောက်ကျခဲ့တာကိုး ...........
ငါ .. ၂
ဘ၀ဆိုတာကို စာလုံးပေါင်းတတ်တဲ့ အချိန်ရောက်တော့
တစ်ခြမ်းစာလောက်က ဒဏ်ရာတွေနဲ့..
ခေါက်ရိုးကျေနေတဲ့ ဒီရင်ခွင်
ထုံထိုင်းနေတဲ့ စဉ်းစားဥာဏ်တွေ
ဘာအတွက်လဲ ......
ဘယ်သူ့အတွက်လဲ ...
မေးခွန်းတွေ ပြည့်ကျပ်နေတယ် ....
ေ၀၀ါးနေတဲ့ အမြင်တွေ
ပြောင်းလဲနေတဲ့ ယုံကြည်မှုတွေ
မဆုံးနိုင်တဲ့ သိချင် တတ်ချင်မှုတွေ ....
ပြီးတော့ ...
တစ်စစနဲ့ ပွန်းပဲ့ခဲ့ရတဲ့ ရိုးသားမှုတွေ
တစ်နေ့ တစ်ခြား ရှုပ်ရှက်ခတ်လာတဲ့
ဦးနှောက်ထဲက အမှိုက်တွေ ......
ပိုင်ဆိုင်ခြင်းရဲ့ နောက်ကွယ်မှာ
မပိုင်ဆိုင်ခြင်း တဲ့ ...
ပေးခဲ့ရတဲ့ အရင်းအနီးတွေ များလိုက်တာ ....
ငါ .. ၃
ငါ ရဲ့ နောက်ကွယ်က
အတ္တနဲ့ ဆန္ဒကို လိုက်ရှာနေတုန်းမှာပဲ
ဘ၀က နေမြင့်လာတယ် ...
သွေးသားတွေရဲ့ ဆာလောင်မှုကလည်း
ဒီဂရီ ပိုမြင့်လို့ ...
ချွေးဒီးဒီးကျ
အာခေါင်တွေ ခြောက်ကပ်နေရင်းနဲ့
တစ်စုံတစ်ခုကို အာသာငမ်းငမ်း တောင့်တမိတယ် ....
ငါ .. ၎
ဝုန်းကနဲ
လင်းလက်မှုမှာ
အိပ်မက်က လန့်နိုးသလိုမျိုး ...
မှုန်ဝါးဝါး လမ်းလေးမှာ
တစ်ရုန်းရုန်း သေဆုံးနေတဲ့
စိတ်တွေ ....
သွေးရူးသွေးတန်းနဲ့
စွဲလမ်းနေတယ် .....
ရူးရူးနှမ်းနှမ်းနဲ့
မိုက်မဲနေတုန်းပဲ ......
ကြည့်ရင်းနဲ့ပဲ
အသုဘတွေ တစ်ခုပြီး တစ်ခု ချနေတယ် ...
ငါ ဆိုတဲ့ ကောင်
ဆောက်တည်ရာ မရဘူး ...
နားထဲမှာ တစ်ခုခု ကြားနေရတယ် ...
ဝေးနေသလိုလို
နီးနေသလိုလိုနဲ့ ...
ဘ၀ဆိုတာ
ဘာမှကို မရှိတာပါတဲ့ ...
ကြည့်နေရင်းနဲ့ပဲ
ငါ ဆိုတာ .......
ရီ .......
ဝေ .....
မှုန် ......
ဝါး ........................ ။
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

12 ဝေဖန်မှု:
ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းထွက်လာတဲ့ ကဗျာလေး
တစ်ပုဒ်လား မိုးသောက်ရေ..
ဖတ်လို့တော်တော်လေးကောင်းပါရဲ့...
စိတ်တွေယောက်ယက်ခတ်နေရင် ၀ိပဿနာကိုပိုပြီးကြိုး
စားအားထုတ်ပါ မိုးသောက်ရေ.. ဆရာပြန်လုပ်တာမ
ဟုတ်ဖူးနော်... အစ်မလည်း စိတ်တွေကို မနည်းလိုက်
ဖမ်းပြီး ၀ိပဿနာကို တတ်နိုင်သလောက်ကြိုးစားအား
ထုတ်နေပေမယ့် စိတ်တွေကတော်တော်ပျံလွင့်နေတယ်
လေ... တခါတလေလည်း စိတ်တွေကိုရေစုံမျှောပြီးပဲနေ
လိုက်ပါတော့တယ်.. တခါတလေလည်း ကိုယ့်အတွက်
တကယ်အကျိုးရှိမယ့် ၀ိပဿနာတရားကို ရသလောက်
ကလေး ကြိုးစားအားထုတ်မိလိုက်တယ်...
ဒါပေမယ့် စိတ်တွေက ပျံ့လွင့်နေတတ်ဆဲပါပဲလေ..
ဘာပဲဖြစ်ဖြစ် မိုးသောက်ပေးသွားတဲ့ အသိက အစ်မစိတ်
ထဲမှာ အမြဲသတိတရရှိနေတတ်ပါတယ်...
ကျေးဇူးပါ မိုးသောက်ရေ..
ကဗျာလေးရေးထားတာ တော်တော်လေးကောင်းပါတယ်...
ကျန်းမာပျော်ရွှင်ပါစေ။
မမ၀ါ
အစ်ကိုမိုးသောက်ရေ
သိပ်ကောင်းတဲ့ကဗျာပဲ......
ငါ ဆိုတာ .......
ရီ .......
ဝေ .....
မှုန် ......
ဝါး ........................
ဝေလေးလည်း မှုန်ဝါးလွန်းလို့ ပျောက်ကွယ်ချင်နေပြီ.... =)
ဘဝဆိုတာ ဘာမှကိုမရှိတာ။
ဘ၀ဆိုတာ
ဘာမှကို မရှိတာပါတဲ့ ...
ကြည့်နေရင်းနဲ့ပဲ
ငါ ဆိုတာ .......
ရီ .......
ဝေ .....
မှုန် ......
ဝါး ........................ တဲ့
ဘာမှမရှိတဲ့ဘဝကို သိနေချိန်မှာ တစ်ခုခုကျန်အောင်တော့လုပ်ချင်မိသား
အကိုက ညီရေးတဲ့ကဗျာတွေကို ကြိုက်ပြီးသားဗျ
ခုလိုကဗျာပြန်ရေးတာလဲမြင်တော့ ဝမ်းသာလိုက်တာ
နောင်လဲဆက်လက်ရေးသားပါအုံးလို့
စောင့်မျှော်လျှက်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ကဗျာ ထဲမှာ လူတယောက်ရဲ့ မကျေနပ်တဲ့ ခံစားချက်တွေ အကုန်ကိုတွေ့ နေရတယ် ။ ဒါပေမယ့် သူက ဘာကိုလိုချင်နေမှန်း အတိအကျ သူ့ ဟာသူလည်း မသိရှာဘူး။ လမ်းပျောက်နေတယ် ။ လိုချင်တာနဲ့  ရတာနဲ့ တထပ်တည်းမကျခဲ့တဲ့ လူရဲ့  စိတ်ထွက်ပေါက် ဖြစ်နိုင်သလို လောဘကြီးလွန်းတဲ့ သူရဲ့ ဝေဒနာ လည်းဖြစ်နိုင်တယ်။ ကဗျာလေးကို ဖတ်ရတာ အရွယ်မတူဘဲ ပြန့့်ကျဲနေတဲ့ ပုလဲလုံးလေးတွေကို တလုံးချင်းကောက်ပြီး သီထားသလို ခံစားချက်မျိုး ခံစားမိတယ် ။
မမ၀ါရေ တစ်ကယ်ကို ရင်ထဲက ထွက်လာတဲ့ ကဗျာလေး တစ်ပုဒ်ပါ ...
မစစ်မှန်ခြင်းတွေက အခုထိဆွဲအားကောင်း နေတုန်းပါပဲ ..
မမ၀ါ ကို သတိရပါတယ် ...
အခုလို အားပေးတာ ကျေးဇူး အများကြီးတင်ပါတယ် မမ၀ါ ...
......................
တစ်ကယ်ပါပဲ ဝေလေးရေ ..
ဘ၀ ဆိုတာ ဘာမှကို မရှိတာပါ ...
အဲ့လို တစ်ခါ တစ်ခါ သိလိုက်မိရင်
လုပ်လက်စတွေ ရပ်ပြီး မရှိခြင်းမှာပဲ နေချင်မိတော့တယ် ...
ဝေလေး ကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ ..
ပျော်ရွှင် ချမ်းမြေ့ပါစေ ဝေလေးရေ ... :)
.........................
တစ်ခုခု ကျန်အောင် လုပ်ချင်တဲ့ ကိုကြီးစိန်ရေ
ကျနော်တော့ မလုပ်မိအောင်ပဲ ထိန်းနေရတယ် ...
ဘာလို့လဲ ဆိုတော့ လုပ်လိုက်မိတိုင်း တန်ပြန်သက်ရောက်မှုက လာလာ ရိုက်ခတ်နေလို့ပါ ....
ကိုကြီးစိန်က ကျနော့်ရဲ့ အမာခံ ပရိတ်သတ်ကြီးမှန်း သိရလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ..
ကိုကြီးစိန် ပျော်ရွှင်ပါစေ ...
...........................
မမသူဇာ ပြောသွားတာတွေ တော်တော် များများက ကျနော်နဲ့ ထပ်တူကျပါတယ် ....
ဖွံဖြိုးတိုးတက်နေတဲ့ မြို့တစ်မြို့ဟာ ခလုတ် တစ်ချက် နှိပ်ရုံနဲ့ သုဿန် တစ်ခု ချက်ချင်း ဖြစ်သွားနိုင်သလိုပဲ ...
ဘ၀ဆိုတာလည်း စိတ်တစ်ခု ပြောင်းသွားတာနဲ့ အမှားတွေ မှန်လာနိုင်သလို အမှန်လို့ ထင်တာတွေလည်း မှားသွားနိုင်တယ် .....
ဟုတ်ပါတယ် ပြောင်းလဲ နေတဲ့ စိတ်တွေရဲ့ နောက်ကို လိုက်ရင်းနဲ့ ကျနော် တစ်ကယ်ပဲ လမ်းပျောက်ခဲ့ဖူးတာပါ ... ဘာကို လိုချင်လို့ လိုချင်မှန်း မသိ ဖြစ်ခဲ့ရတယ် ....
ကဗျာလေးကို ဖတ်ရတာ အရွယ်မတူဘဲ ပြန့့်ကျဲနေတဲ့ ပုလဲလုံးလေးတွေကို တလုံးချင်းကောက်ပြီး သီထားသလို ခံစားချက်မျိုး ခံစားမိတယ် ။
ဒီစာသားလေးကို ဖတ်ပြီး ပြုံးမိတယ် ...
ဟုတ်ပါတယ် ....
ဒီကဗျာလေးက အကန့်အလိုက် ပြောင်းလဲခဲ့တဲ့
ငါဆိုတဲ့ အတ္တအပေါ် နားလည်ခဲ့ခြင်းရဲ့ ဖြစ်တည် ပြောင်းလဲမှု Process တွေကို ရည်ညွန်းထားတာပါ ...
ကျေးဇူးတင်ပါတယ် မမသူဇာ ....
လေးလည်း လေးစားမိပါတယ် ...:)
ပျော်ရွှင် ချမ်းမြေ့ပါစေဗျာ ...
အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ....
ငါဆိုတာ တကယ်တော့ ဘာမှကို မရှိတာပါ။ လူတွေရဲ့
ကန့်သတ်ချက်တွေနဲ့ နေနေရတဲ့ ဘ၀ဆိုတာထဲမှာ ငါဆိုတာက ဘာလဲ။ ငါဆိုတာ တကယ်တော့ ဘာမှကို မဟုတ်ပါဘူး။ ဒီဘာဘော်ကိုတော့ သိတယ်နော်။
ကြိုးစားကြိုးစား။ ကြိုးစားရင်းနဲ့ပဲ ဘ၀ဆိုတာ နောက်ဆုံးတော့ ရီဝေမှုန်ဝါ ၀ိုးသ၀ါးနဲ့ နောက်ဆုံး ကွယ်ပျောက်ကြရဦးမှာပါပဲ။
ကဗျာ လေး က နက်နက်ရှိုင်းရှိုင်းနဲ့
တကယ့်ကို အနှစ်သာရ ရှိလှတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ
ကိုမိုးသောက်ရေ
ငါ ဆိုတာလည်း တကယ်တမ်းတော့ဘာမှမဟုတ်ပါဘူး
အဲဒီဘာမဟုတ်တဲ့ငါ ကိုလည်း ဘ၀ပေါင်းများစွာ
ကျင်လည်ခဲ့ပြီးပါပြီ
အခုလက်ရှိလည်း အကျွတ်တရားမရသေးဘူးဗျ
အချိန်ရရင်ရသလိုတော့ ဘုရားရှိခိုး ပုတီးစိတ်
တရားထိုင် တ၇ားမှတ်ဖြစ်ပါတယ်
ဘ၀ဆိုတာ
ဘာမှကို မရှိတာပါတဲ့ ...
မိုးသောက်လေးရေ
ကဗျာကို သေချာဖတ်တယ်
ကဗျာအရေးကောင်းတယ်
ခင်မင်လျက်
“ငါ ဆိုတာ .......
ရီ .......
ဝေ .....
မှုန် ......
ဝါး ........................ ။ ” အဆုံးသတ်လေး အရမ်းလှတယ်။ စိတ်ထဲမှာ တခုခု ကျန်ခဲ့တယ် မောင်လေးမိုးသောက်ရေ...
မိုးသောက်လေးရေ
ကဗျာတွေထပ်လာဖတ်တယ်နော်
ပျော်ရွှင်ပါစေ
ခင်မင်လျက်
အူးသောက်
ငါ ဆိုတာကို ပိုပြီးသိသွားရလို့ အူးသောက်ကို ကျေးဇူးတင်တယ်ဗျာ။
အူးသောက်လိုပဲ ၀ိပဿနာကို ကျနော်လဲ လုပ်ကြည့်ဦးမှ ဆိုတဲ့ အတွေးတွေ ၀င်လာမိတယ်။
အူးသောက်အိမ်လေးကို လာရတာ စိတ်ချမ်းသာလိုက်တာဗျာ။ လင့်ပြီနော်။ အဟဲ။
ဘ၀ဆိုတာကို စာလုံးပေါင်းတတ်တဲ့ အချိန်ရောက်တော့
တစ်ခြမ်းစာလောက်က ဒဏ်ရာတွေနဲ့..
ကောင်းတယ်အကို .. ဒီစကားလုံးလေးကိုအကြိုက်ဆုံးပဲဗျာ ..
Post a Comment