ဒီအကြောင်းကို ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့တာ တော်တော်ကြာပါပြီ ....
ကျနော် ဟိုး အရင်ကတည်းက မီးလွတ်စားတာတို့ သတ်သတ်လွတ်စားတာတို့ကို ပြဿနာ တစ်ခုအနေနဲ့ သူများတွေကို လိုက်မေး ကိုယ်တိုင်လည်း စဉ်းစားနဲ့ တော်တော်ကြာ မသိခဲ့ပါဘူး ...
ကျနော် လိုက်မေးတော့ တစ်ချို့လူတွေက
မီးလွတ်ဆိုတာ မီးနဲ့ မချက်တဲ့ ထမင်း ဟင်း အစိမ်းစားလို့ရတဲ့ အစားအစာကို ပြောတာတဲ့ ...
ကျနော့် စိတ်ထဲမှာ ထင်ယောင် ထင်မှားတွေတောင် ဖြစ်ခဲ့ရပါသေးတယ် ....
နောက်တော့မှ မီးလွတ် ထမင်း ဟင်း အကြောင်းကို ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ စာအုပ် တစ်အုပ်မှာ ဖတ်မိပြီး တိတိကျကျ သိခဲ့ရတာပါ ....
သူ ပြောတာကတော့ ရှင်းရှင်းလေးပါ ...
ထမင်းစားတဲ့ အချိန်မှာ လောဘမီး ဒေါသမီး မောဟမီး မာန်မာနမီးတွေ မလောင်အောင် သတိနဲ့ စားခြင်း ဖြစ်ပါတယ်တဲ့ ... ဟား တစ်ခါတည်း ရှင်းသွားတာပါပဲ ...
ဟုတ်သားပဲပေါ့ .... ကိုယ့်ကိုယ်ကိုလည်း ပြန်သတိထားမိတယ် ...
ကျနော်ဟာ ဟိုး အရင်က ထမင်းစားရင် တော်တော်ကြီးကို လောဘ ကြီးပါတယ် ဟင်းစားလည်း ကြီးပါတယ် ...
သူငယ်ချင်း တွေနဲ့များ စားရင် စမာန်ခုတ်ရင်းနဲ့ ဟင်းလု စားရတာလည်း အမောပါပဲ ...
ပြီးရင် စားလို့ ကောင်းတယ် ကောင်းတယ်နဲ့ တော်တော်ကြီးကို ခံစားမှုတွေ များခဲ့ပါတယ် ....
တစ်ခါ တစ်လေ ပါးစပ်ကတောင်မှ ထွက်ပြီး ကောင်းလိုက်တာကွာ လို့ ကျူးရင့်ဖူးပါတယ် ....
တစ်ခါတစ်လေလည်း ပေါ့ရင် ပေါ့တယ် ငံရင် ငံတယ် ဟင်းဂျီးများတာပေါ့ .... ဒါဟာ ဒေါသသင့်တာပါ ..
ရှုးရှုးရှဲရှဲ နဲ့ ဖြစ်မှ ဒေါသ မဟုတ်ပါဘူး .... စိတ်ခံစားမှုတွေ အားလုံးဟာ ဒေါသ ပါပဲ ...
တစ်ခါတစ်လေကျရင်လည်း ငေးငေးငိုင်ငိုင်နဲ့ မသိသလိုလို သိသလိုလိုနဲ့ ထမင်းစားပြီးသွားတဲ့ အခါတွေလည်း ရှိပါတယ် ..ဒါဟာ မောဟ နဲ့ စားခြင်းပါပဲ ...
နောက်တစ်ခုကတော့ မာန်မာန ပါ .. ဒါကတော့ ငယ်ငယ်က ကျောင်းကို ထမင်းချိုင့်ထည့်ပြီး စားတဲ့ အခါမှာ ဖြစ်ခဲ့တာပါ ... လူအများနဲ့ စားတဲ့ အခါပေါ့ ... ကိုယ့်ဟင်းက ကောင်းတယ် .. သူ့ဟင်းက မကောင်းဘူး ...
ငါ့ ထမင်းဗူးလေးက လှတယ် ... သူကတော့ စတီးချိုင့်နဲ့ ... ဒီကောင် ငါ့ကို ဘယ်ယှဉ်နိုင်မလဲ ..
အဲ့လို အတွေးတွေနဲ့ တစ်ခါတစ်လေ ထမင်း စားဖြစ်ခဲ့ပါတယ် ...
ကျနော်ဟာ လောဘ ဒေါသ မောဟ မာန်မာန မီးတွေ ပတ်ချာလည်နဲ့ ထမင်းကို အကြိမ်ပေါင်းများစွာ စားခဲ့တာပါ ...
ဘုရားရှင်ကတော့ အတိအကျ ကို ဟောထားပါတယ် ...
ဒေါသ နဲ့ သေရင် ငရဲကြီး ရှစ်ထပ် တဲ့ ...
လောဘ နဲ့ သေရင် ပြိတ္တာတဲ့ ... ( ပြိတ္တာဆိုတာ မျက်စိနဲ့ မမြင်ရတဲ့ ဖုတ် ဘီလူး သရဲ နာနာဘာဝ ၀ိနာဘာဝ ၀ဋ်ကောင်တွေပါ )
မောဟ နဲ့ သေရင် တိရိစ္ဆာန်တဲ့ ...
မာန်မာန နဲ့ သေရင် အသူရကယ်တဲ့ ... ( အသူရကယ်ကတော့ နေ့မှာစံ ညမှာခံရတဲ့ ၀ဋ်ကောင်တွေပါ )
အဲ့လို အပါယ်လေးဘုံကို သွားရမယ်တဲ့ ......
အဲ့ဒီမှာ တော်တော်ကြီးကို ကြောက်ရွံ့မိပါတယ် ...
ဟုတ်တယ် အပါယ်လေးဘုံကို သွားဖို့ ကျနော် ရိက္ခာတွေ တော်တော် များများ စုထားမိနေပြီပဲ ... အခုနေများ သေရင် ဒုက္ခ ...ကြောက်ကြောက်နဲ့ မီးတွေ လွတ်အောင် ဘယ်လို စားရမလဲ ဆိုတာ လိုက်ရှာမိတယ် ....
သူ့ သဘောလေးအတိုင်းသာ သတိလေးနဲ့ မှတ်နေပါ တဲ့ ..... ထိရင် ထိတယ် ၀ါးရင် ၀ါးတယ် .. စားရင် စားတယ် ...လူ့ခန္တာဟာ သိစိတ် တစ်ခုတည်းနဲ့ အသက်ရှင်နေတာတဲ့ .... ဘယ်တော့မှ နှစ်ခုယှဉ်ပြီး မဖြစ်ဘူးတဲ့ ...တစ်ခုပြီးမှသာ တစ်ခု ဖြစ်တာတဲ့ .... အဲ့လို သဘောလေးကို သိနေတဲ့ အချိန်မှာ အခြား လောဘ ဒေါသ မောဟ မာန်မာန စိတ်တွေ မ၀င်တော့ဘူးတဲ့ ....
အဲ့လို ဆရာတော်ကြီးတွေရဲ့ တရားနာရတော့မှပဲ ဟင်းကနဲ သက်ပြင်း ချနိုင်တော့တယ် ...
ဒီလိုနဲ့ ကြိုးစားပြီး စားကြည့်ရမှာပေါ့ ....
လူ့ ခန္တာမှာ ကိလေသာ စိတ် ၀င်ရာ နေရာခြောက်ခု ရှိပါတယ်တဲ့ ...
မျက်စိ နား နှာခေါင်း လျာ ကိုယ် စိတ် အဲ့ဒီ ခြောက်မျိုးပါ ...
ထမင်း စားတဲ့ အချိန်မှာ အဲ့ဒီ တံခါး ခြောက်ပေါက်ကနေပြီး စွဲလမ်းစိတ်တွေဟာ ဒလဟောကို ၀င်နိုင်ပါတယ် ...
မျက်စိနဲ့ အဆင်းကို မြင်နေရတယ် ... စွဲလမ်းစိတ်ဖြစ်တယ် ....
ဘေးလူကများ ကောင်းလိုက်တာကွာ လို့ ပြောတာကို နားနဲ့ ကြားခဲ့ရင် ထပ်ပြီး စွဲလမ်းမယ် ...
နှာခေါင်းကလည်း ဟင်းနံ့လေးက မွှေးလိုက်တာကွာလို့ စွဲလမ်းမိဦးမယ် ....
လျာ ကလည်း ကောင်းလိုက်တာကွာလို့ သိပြီး စွဲလမ်းမယ် ....
ကိုယ် ဖြစ်တဲ့ လက်ကလည်း အထိ အတွေ့ ကို သိပြီး စွဲလမ်းမယ် .. ဇွန်းနဲ့ စားသူကလည်း ဇွန်းရဲ့ တုန်ခါမှုပေါ့ .
စိတ်ကတော့ ပြောစရာကို မလိုအောင် စွဲလမ်းမယ် ....
ဒါကြောင့် ထမင်းစားနေတဲ့ အချိန်ဟာ ကိလေသာ စိတ် အဖြစ်များဆုံး အချိန် အကုသိုလ်စိတ် အဖြစ်အများဆုံး အချိန်လို့ နားလည်မိပါတယ် ...
နောက်ထပ် တစ်ခု ကြောက်စရာ ရှိပါသေးတယ် .... ကျနော်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ အတွက် ကံ ကံ၏ အကျိုးကို လက်ခံရပါမယ် ..
ကျနော်တို့ဟာ နေ့စဉ် နေ့တိုင်း ကြက်တွေ ၀က်တွေ ငါးတွေ နွားတွေ စတဲ့ သူတစ်ပါးရဲ့ အသွေး သားတွေကို စားသုံးနေခဲ့ကြတာပါ .... ဒါတွေဟာ နောက်ထပ် ကံတွေ ဆက်ဖြစ်ကြောင်း တရားတွေပါ ...
သတိမပါ ဥာဏ်မပါသာ စားခဲ့မယ် ဆိုရင် ကျနော်တို့ဟာ ကံ နိယာမ အရ တူညီသော အကျိုး ဖြစ်တဲ့ သူတို့ တတွေရဲ့ စားသောက်ခြင်းကို သံသရာမှာ ပြန်ခံရဦးမှာပါ ....
စဉ်းစားကြည့်ဗျာ ... မွေးကတည်းက အခုချိန်ထိ စားခဲ့တဲ့ အကောင် အရေ အတွက်တွေ
ရေတွက်နိုင်တာမှ မဟုတ်တာ .... ကိုယ်က သူတို့ကို စားခဲ့သလိုသာ သူတို့က ကိုယ့်ကို ပြန်စားမယ်ဆိုရင် ရှုံးပြီပေါ့ဗျာ ..ကျနော်တို့ က အခု ဘ၀လေးတင်ပဲ သူတို့ကို စားခဲ့တာ ... ကျနော်တို့ ပြန်အစားခံရရင်တော့ တစ်ကောင်ချင်းစီ ရဲ့ သတ်ဖြတ် စားသောက်ခြင်းကို ဘ၀ ပေါင်းများစွာ အသက်ပေါင်းစွာ ပြန်ခံရမယ် .... ယခု ဘ၀ သူတို့ အစားခံနေရတာကလည်း ဟိုး အရင်ဘ၀တွေက ကျနော်တို့ကို စားခဲ့လို့ .....
သံသရာ အမြဲ လည်တယ်ဆိုတာ ဒါပါပဲဗျာ ....
သဲအင်းဂူ ဆရာတော်ဘုရားကြီးကလည်း အထပ်ထပ် အခါခါကို သတိပေးခဲ့ပါတယ် .....
မင်းတို့ ကြက်တွေ ၀က်တွေ ငါးတွေကို ကံမဖြတ်ပဲ စားလို့ကတော့ မင်းတို့လည်း ကြက်တွေ ၀က်တွေ ငါးတွေ ဖြစ်ပြီး ပြန်အစားခံရဦးမယ် တဲ့ ..
အဲ့ဒီတော့ ကျနော်တို့မှာ အကုသိုလ် ကံကြွေးတွေက အချိန်နဲ့ အမျှ အထပ်ထပ်ကို တက်နေပါတယ် ....
အဲ့ဒီ ကံတွေကို ဖြတ်ချနိုင်မှသာ ကျနော်တို့ သက်သာရာ ရမှာပါ ..... မဟုတ်လို့ ဒီစိတ်နဲ့ သေရင်တော့ လစ်ပြီပေါ့ဗျာ ....
မိုးကုတ် ဆရာတော်ဘုရားကြီးရဲ့ စကား တစ်ချို့ကိုလည်း အမှတ်ရမိပါတယ် ....
မင်းတို့ ကံဖြတ်ခြင်း အလုပ်ဖြစ်တဲ့ ၀ိပဿနာသာ မလုပ်ရင် မင်းတို့ လူဖြစ်တာ ဒါနောက်ဆုံးပဲတဲ့ ...
သေရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကယ် ဒီ ဘုံ လေးမျိုးက တက်မှာ မဟုတ်တော့ဘူးတဲ့ ....
မင်းတို့ လူဖြစ်တာ ဒါနောက်ဆုံးပဲ ဆိုတာ သိထားကြတဲ့ ...
အရမ်းကို မှန်လွန်းတဲ့ စကားပါ .....
ဟုတ်ပါတယ် အသိဥာဏ်ရှိတဲ့ လူဖြစ်တာတောင်မှ ကံကို မဖြတ်နိုင်ရင် အသိဥာဏ်မရှိတဲ့ ကုသိုလ်လုပ်ခွင့်မရတဲ့ ဝေဒနာ ၀ဋ်ဆင်းရဲတွေ အမြဲခံနေရတဲ့ အပါယ်လေးဘုံမှာ ဘယ်လိုလုပ် ကံကို ဖြတ်နိုင်မှာလဲ ...ဒါဟာ သံသရာမှာ အနုတ် ပြခြင်းပါပဲ... အနုတ်ပြပြီးရင်တော့ အပေါင်းဘက်ကို ပြန်ကူးစရာ လုံးဝ ကို မလွယ်တော့ပါဘူး ... မြုပ်သထက် မြုပ်ရုံပဲ ရှိတော့တာပါ ...
( ယခုဘ၀ နောက်ဆုံး ဆိုတာကို နောင် အလျင်းသင့်မှ ရှင်းရှင်းလင်းလင်း ထပ်မံ ဖော်ပြပါ့မယ်ခင်ဗျ )
ဒါကြောင့် လူ့ဘ၀ဟာ အလွန်အင်မတန်ကို ရခဲပါတယ်လို့ ဘုရားရှင်ကလည်း အတိအလင်း ဟောကြားတော်မူခဲ့ပါတယ် ....
မြတ်စွာဘုရားက ယခုလို ထပ်ပြီး ဟောကြားတော်မူခဲ့ပါသေးတယ် ...
မိမိတို့ စားနေတဲ့ အသားငါးတွေကို မိမိတို့ရဲ့ မိဘ မောင်နှမ ဆွေမျိုးတွေရဲ့ အသားကဲ့သို့ မှတ်ယူပြီး စားရမယ်တဲ့ ....
ကဲ စဉ်းစားကြည့်ကြပါ ...
ကိုယ့်မိဘ မောင်နှမ ဆွေမျိုးတွေရဲ့ အသားဆိုရင်တော့ ဒီလို မြိန်ရည် ယှက်ရည် အားရ ပါးရ စားဖြစ်မယ် မထင်ပါဘူး...
ဘုရားရှင်က ဒီလို ဆက်ဟောပါတယ် ..
မမျှော်မှန်းနိုင်အောင် ရှည်လျားလှတဲ့ သံသရာကြီးမှာ ဆွေမျိုး မတော်ဘူးတဲ့သူ မိဘ မောင်နှမ မတော်ဘူးတဲ့ သူ မရှိပါဘူးတဲ့ ....
ကဲ လက်ခံလိုက်ပါတော့ .... ကျနော်တို့ အားလုံးဟာ အမျိုးတွေပါပဲဗျာ ...
အမျိုး အချင်းချင်း စားရတာ သတိလေးနဲ့တော့ ရှုမှတ်ပြီး စားသင့်ပြီပေါ့ဗျာ ...
ဘယ်လို ရှုမှတ်ရမလဲ ဆိုတော့ အထက်မှာ တစ်ခါ ပြောခဲ့တဲ့ အတိုင်း ထမင်းစားတဲ့ အခါမှာ မီးတွေလည်း လွတ်အောင် စားနေတဲ့ သတ္တ၀ါတွေရဲ့ ကံလည်း မလိုက်အောင် သူ့ သဘောလေးအတိုင်းသာ သတိလေးနဲ့ မှတ်ပြီး စားရမယ်တဲ့ ..... ထိရင် ထိတယ် ၀ါးရင် ၀ါးတယ် .. စားရင် စားတယ် ...မှတ်ရပါမယ် ...
သူ့သဘောလေး အတိုင်း လိုက်သိပြီး တစ်ခုချင်းစီမှာ အသိကပ်နိုင်ခဲ့ရင် ကံ ဆက်ကြောင်း တရားဖြစ်တဲ့ အကုသိုလ်စိတ်တွေရော ကုသိုလ် စိတ်တွေရော ဖြစ်ခွင့်မရတော့ပါဘူးတဲ့ ... အဲ့လို ဖြစ်ခွင့်မရှိတော့ရင်တော့ စိတ်ရဲ့ effect ဖြစ်တဲ့ ကံ ဆိုတာ Zero နေရာမှာ ရပ်တန့်နေပါပြီ..
ဒါဟာ ကံဖြတ်ခြင်းပါပဲတဲ့ဗျာ ....
တစ်ကယ်တော့ ကျနော်တို့ စားနေကြတာ စားကောင်းသောက်ဖွယ်တွေ ဆိုလည်း ဟုတ်ပါတယ် ...
တစ်ကယ့် ဒိန်းဂျား အကြီးစားကြီးတွေဆိုလည်း မှန်ပါတယ်ခင်ဗျ ...
မီးလွတ်အောင် စားခြင်းကတော့ ဒီလောက်ပါပဲ ဗျာ ...
တစ်ကယ်တော့ စားတဲ့ နေရာသာ မက သွားလာ လှုပ်ရှား ဆက်ဆံတဲ့ နေရာတွေမှာပါ မီးလွတ် အောင် နေရမှာပါ ...စားတဲ့ နေရာကတော့ အကုသိုလ် စိတ် အဖြစ်များဆုံးမို့လို့ ဒါကို ဦးစားပေး ရေးလိုက်တာပါ .....
သတ်သတ်လွတ်စားတယ် ဆိုတာတော့
ဒါဟာ သတ္တ၀ါ အချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ မစားတာ ဖြစ်တဲ့ အတွက် ကောင်းတယ်လို့ပဲ ပြောရမှာပါ ....
ဒါပေမယ့် သတိပြုရမှာက ဒါဟာ လောက ငရဲမှ လွတ်ကင်းရာ အရင်းအမြစ် မဟုတ်ဘူး ဆိုတာကိုပါ .. အကိုင်း အခက် တစ်ခုမျှသာ ဖြစ်ပါတယ် ...
အကိုင်း အခက်လေး တစ်ခုကိုသာ ရှင်းပြီး အပါယ် မကျတော့ဘူး ဆိုပြီးတော့ကာ စိတ်အေးမနေပါနဲ့ ... ဟိုး အရင်း အမြစ်ကြီးဖြစ်တဲ့ ကံသတ်ခြင်းကို ပြုလုပ်နိုင်မှသာ အပါယ်တံခါး ပိတ်မှာပါတဲ့ ခင်ဗျား ...
ကျနော်လည်း စူးစမ်းဆဲ လူတစ်ယောက်သာ ဖြစ်ပါတယ်ခင်ဗျ ...
အများသူငါ သတိထားနိုင်စေဖို့ မျှဝေရခြင်းသာ ဖြစ်ပါတယ်....
တစ်စုံတစ်ရာ လွဲမှားခဲ့ရင် ကျနော့်ရဲ့ ချို့ယွင်းချက်ပါ ....ပြင်ပေး နိုင်ပါတယ်...
အားလုံးပဲ စားကောင်းသော ထမင်းတစ်နပ် နဲ့ မစားကောင်းသော ထမင်းတစ်နပ် ခွဲခြားသိနိုင်ကြပါစေ... မီးလွတ်သော ထမင်း ဟင်းများ စားသုံးနိုင်ကြပါစေဗျာ ....
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

12 ဝေဖန်မှု:
မှတ်သားစရာတွေ အများကြီးရသွားပါတယ်ကိုမိုးသောက်ရေ...
တရားအကြောင်းကို မသိရ..မကြားရ.. မနာရဘဲ..သောတပန်မတည်နိုင်ဘူးတဲ့..
အခုတစ်လော တရားအကြောင်းတွေ ကြားနေရတာ ပီတိဖြစ်ရပါတယ်ဗျာ..
ခင်မင်တဲ့
ဖိုးစိန်
အခုမှပဲ မီးလွတ်အကြောင်းကို သေသေချာချာသိတော့တယ်... အရမ်းကောင်းတယ်... ဒီလိုမျိုးပို့စ်တွေ ထပ်ရေးရင် လက်တို့လိုက်နော....
မိုးသောက်ရေ
တရားနာသွားတယ်။လိုက်နာနိုင်မနာနိုင်တော့...စဉ်းစားနေတယ်
အသိအမြင်ကို ယခုလိုဝေငှါ့ခြင်းဟာလည်းဒါနတခုပါပဲ။ကျေးဇူးပါ
ငြိမ်သက်
မိုးသောက်ရေ
သေသေချာချာ မှတ်သားသွားတယ်နော်
ခုမှဘဲမီးလွတ်စားတယ်ဆိုသိသွားတယ်။
အစတုန်းက မီးလွတ်ဆိုတာကို အသီးတွေလောက်ဘဲ သိထားတာ။
ခုလိုဝေမျှပေးတာကျေးဇူးတင်ပါတယ်။
အရမ်းလဲတန်ဘိုးရှိပါတယ်။
မီးလွတ်စားနိုင်အောင် ကြိုးစားပါ့မယ်
မိုးသောက်ရေ..
အစ်မလဲ မီးလွတ်ဆိုတာကို အခုမှပဲသိတော့
တာပဲ။ မီးလွတ်ဆိုပြီး သစ်သီးတွေပဲစားတယ်
ဆိုတာကိုတော့ ဘယ်မှာလဲမသိဘူးလေ.ဖတ်ဖူး
ခဲ့တယ်။ ဒါပေမယ့် အခုရေးထားတဲ့ ပို့စ်လေးအ
တိုင်း မီးလွတ်စားရတာက ပိုပြီးကောင်းတာ
ပေါ့နော်။
တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ မောင်လေး။
အဆင်ပြေပျော်ရွှင်ပါစေ။
ko moethout,
post lay ka ayan kg tal.
d post ko read ya tot, a yin tone ka ako pyaw pya tat a kyaung ko tha ti ya mi tal... thu myar a thar ko arr ya parr ya sar tot mal so yin,, koe. ko sar mae thu tway ka lal wait nay tal so tar ko lay,, :P ,
bal thu tway ka koe ko sar mal so tar tot ma pyaw tot par bu...
ako pal kyone yin pyaw lite tot...
d htet po kg tat post tway yay: naing par say ako....
လာရောက်မှတ်သားပါတယ် ၊၊ နေကောင်းကျန်းမာပါစေဗျ ၊၊သတိတရပါ ၊၊
တန်ဖိုးရှိတယ်ဗျာ... အရေးအသားတွေ အတွေးခေါ်တွေ အင်မတန် မွန်မြတ်တယ်.. အခုလိုမျိုး ပြောင်းလဲသွားတဲ့ .. အန်ကယ်လ်မိုးသောက် ကြီး အတွက် မက်မက် တကယ် သာဓု ခေါ်ပါတယ်....
မှန်ပါတယ်... မက်မက်တို့ဟာ သံသရာ ဖြတ်သင့်နေပါတယ်နော်..အခုလို လူဖြစ်ရတဲ့ ခဏတာ အချိန်မှာ သာသနာနဲ့လည်း ကြုံတယ်.. ဒါကြောင့် ကိုယ်က အင်မတန် ကံကောင်းတယ်နော်... ကြိုစားတား...
ပဋိစ္စပမုပ္ပါဒ် ကို ဖြတ်နိုင်အောင် လုပ်နိုင်သော သူဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်....
သာဓုပါ.. နော်... သာဓု.. အသိလေးတွေ ဖတ်သွားပါတယ်.. သာဓု လို့လဲ ခေါ်သွားပါတယ်.။... :))
ကြိုးစားထား..
ထိရင် ထိတယ် ၀ါးရင် ၀ါးတယ် .. စားရင် စားတယ် ...လူ့ခန္တာဟာ သိစိတ် တစ်ခုတည်းနဲ့ အသက်ရှင်နေတာတဲ့ ....
မိုးသောက်ရေ---- ထပ်ခါတလဲ-ဖတ်ပါတယ်--
မှတ်သားဖွယ်ရာတွေပါ---
ဖြန့်ဝေပေးသည့်အတွက်--
သာဓုခေါ်ရင်း--
ကျေးဇူးတင်ကြောင်းပြောပါရစေ---
မောင်လေးမိုးသောက်ရေ...
တကယ့်မီးလွတ် စားနိုင်အောင် အတော်ကြီး ကြိုးစားရဦးမယ်ဆိုတဲ့ အသိလေး ရသွားတယ်...
လောဘမီး ဒေါသမီး မောဟမီးတွေက အချိန်တိုင်းမှာ တစ်မီးမဟုတ် တစ်မီးကတော့ အနည်းဆုံး တောက်လောင်နေတာပဲလေ...
သာဓု သာဓု သာဓုပါ...
မောင်လေးရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားဟာ အရောင်အဆင်း တ၀င်းဝင်း ကြည်ညိုစရာအဆင်းနဲ့ သပ္ပါယ်နေပြီနော်... :)
မိုးသောက်ရေ----
အသစ်မတွေ့လို့ အဟောင်းပဲထပ်ဖတ်သွားပါတယ်---
အကို အလုပ်ရှုပ်နေလို့ အခုမှလာဖြစ်တယ်။ မီးလွတ်ဆိုတာ အဲလိုလား။ အကိုရေးထားတာ ကြည့်ပြီး ညီမလည်း ဒေါသတွေ၊ မောဟတွေနဲ့နေ့တိုင်းစားနေတာ။ စင်္ကာပူကအစားအသောက်တွေမကောင်းတာကို ဒေါသထွက်၊ နောက်တနေ့ဘာစားရမလဲ ကြိုစဉ်းစား စိတ်ဆင်းရဲ၊ အိမ်ပြန်ရောက်ရင်ဘာတွေစားရမလဲ ကြိုလောဘကြီးနဲ့ နေ့တိုင်းမီးတွေလောင်နေတယ်။ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ထမင်းစားတိုင်း စိတ်ကညစ်နေတာ။
Post a Comment