သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

31.1.09

အခွင့်ထူး


အရှင်
အကျွန်ုပ်အား
မြက်ခင်းအဖြစ် ဖန်ဆင်းတော်မူပါ
ချစ်သူ လျှောက်လှမ်း
ခရီးကြမ်းမှာ စခန်းပဲ ဖြစ်ဖြစ်
လမ်းပဲ ဖြစ်ဖြစ် ကျွန်ုပ်ဖြစ်ပါရစေ ။

အို အရှင်
အကျွန်ုပ်အား
စမ်းချောင်းအဖြစ် ဖန်ဆင်းတော်မူပါ
ချစ်သူမောပန်း ခရီးကြမ်းမှာ
သောက်လိုသောက် သုံးလိုသုံး
သူအလိုရှိရာ အဆုံးစွန်ထိ
ကျွန်ုပ် ဖြည့်စွမ်းပါရစေ ။


အို မြတ်သော အရှင်
အကျွန်ုပ်အား
အလင်းရောင် အဖြစ် ဖန်ဆင်းတော်မူပါ
ပူလောင်ခြင်းကင်း အေးမြခြင်း အတိပြည့်တဲ့
အလင်းရောင်ပါ ....
ချစ်သူခရီးလမ်း အမှောင်လွှမ်းချိန်မှာ
ပိုးစုန်းကြူးလောက်ပဲ ဖြစ်ဖြစ်
ကြယ်တာရာလောက်ပဲ လင်းလင်း
ထွန်းလင်းခွင့်ကို ကျွန်ုပ်အား ပေးတော်မူပါ ။

အို အရှင်
ချစ်သူအတွက် ကျွန်ပ်အား
ဖန်ဆင်းတော်မူပါ ...
အကျွန်ုပ်အား ဖန်ဆင်းတော်မူပါ ..........
ဖန်ဆင်းတော်မူပါ ............
ကျွန်ပ်အတွက် ဆုလာဘ်အဖြစ်
ချစ်သူ၏ အပြုံးကိုသာ
အကျွန်ုပ် ခံယူပါရစေ
အို မြတ်သောအရှင် ။

သန့်ဇော်အောင်

သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာလေးပါ ... ဘာမှ မရေးဖြစ်တာနဲ့ပဲ သူငယ်ချင်း တစ်ယောက် ပို့ပေးတဲ့ ကဗျာလေး တင်လိုက်တာပါ :P


4 ဝေဖန်မှု:

ငြိမ်သက် said...

အတ္တသိပ်နည်းခဲ့ရင်လည်းမကောင်းဘူးဗျ...
ကျနော့်လိုကျန်ရစ်ဖြစ်ကျန်ခဲ့လိမ်မယ်

ပုလဲ said...

ချစ်သူအပေါ်ချစ်တဲ့ ကိုမိုးသောက်ရဲ့သူငယ်ချင်းကဗျာကိုလာအားပေးပါတယ်

-ချစ်သူ၏ အပြုံးကိုသာ
အကျွန်ုပ် ခံယူပါရစေ-

ခံစားဖတ်ရှုသွားပါတယ်

ကောင်းကင်ကို said...

ကဗျာလာဖတ်သွားတယ်ညီ

ချစ်အိမ်ငယ် said...

ချာမလည်း အခွင့်တွေ ထူးချင်တယ် အဟင့်