ကောင်မလေးရေ...
တကယ်တော့...
ငါဟာ...
နင့်ရဲ့အကြည့်တစ်ချက်နဲ့တင်
ဇွန်ပန်းဖြူဖြူလေးတွေကို
နမ်းရှိုက်တတ်ခဲ့တာပါ...
ဘာမှမရှိတဲ့ငါ့ဘ၀မှာ
မရှိခြင်းတွေနဲ့ပဲ
ပြည့်စုံနေခဲ့တာပါ...
အဲဒီပြည့်စုံနေတဲ့
ဘ၀ကြီးထဲမှာမှ
ငါက
သဘာဝတရားကြီးကို
ကိုးကွယ်ခဲ့တာ...
ကောင်မလေးရယ်...
ချစ်ခြင်းရဲ့အဆုံးဟာ
လက်ထပ်ခြင်းမှမဟုတ်တာ
ဘ၀မှာ
ပေးဆပ်ရတာတွေများလွန်းတော့
မှားတယ်မှန်တယ် လည်းများခဲ့တာပေါ့
ကျေးဇူးတင်ပါတယ်
ကောင်မလေးရယ်...
ဇွန်ပန်းဖြူဖြူတွေ
ကြွေကျဦးမယ့်
တစ်နေ့မှာ
ငါ မြတ်နိုးစွာ
နမ်းရှိုက်နေဦးမှာပါ...
သီဟညိမ်း
ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၃
21 hours ago

10 ဝေဖန်မှု:
ကဲ သူငယ်ချင်းရေ မင်းရေးတဲ့ ကဗျာကို ငါတင်ရင်းနဲ့ ငါကိုယ်တိုင်ပဲ အရင်ဆုံး ကွန်မန့် ရေးတော့မယ် ..
ကောင်းလိုက်တဲ့ ကဗျာလေးကွာ ..
အကြည့်လေး တစ်ချက်ကြောင့် ဇွန်ပန်းဖြူဖြူလေးကို နမ်းရှိုက်တတ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ သိမ်မွေ့လေးနက် တဲ့ နှလုံးသားကို ထင်းကနဲ့ မြင်ရတယ်ဗျာ ..
ကောင်းတယ်ကွာ ..
အန်.. မောင်သီဟ က သူ့အိမ်မှာသူမတင်ပဲနဲ့ ဘာလို့
သူများအိမ်မှာလိုက်တင်တာတုန်း။
စာမေးပွဲပြီးရင် ဘလော့ပြန်ဖွင့်ပါ ဟဟ ရေ...
မဖွင့်ရင် လူပျောက်ကြော်ငြာလုပ်လိုက်မှာနော်.
သိတယ်ဟုတ်.. ဟီးးး
မောင်မိုးသောက်လက်ရာ ကဗျာလေးလားလို့ ထင်နေတာ. Read more နှိပ်မှ သီဟညိမ်း တဲ့..
ဒါနဲ့.. ဟဟ နဲ့ မိုးသောက် တို့က လည်ပင်းဖက်ပေါင်း
ခဲ့တဲ့ သူငယ်ချင်းတွေလား။ ဟုတ်ရင်..မုန့်လာကျွေး. :D
donn't you2 know its because of me? hee hee
္ပ္ပမိုးသောက်ထင်လို့ အပီအပြင် ဝေဖန်မလို့ဟာ။ ကိုသီဟညိမ်းကြီးဖြစ်နေတော့ နည်းနည်းပဲ ဝေဖန်ပါတော့မယ်လေ။ :P :P
ကဗျာလေးက တော်တော်ကောင်းပါတယ်။ ဒါပေမယ့်
"ကောင်မလေးရယ်...
ချစ်ခြင်းရဲ့အဆုံးဟာ
လက်ထပ်ခြင်းမှမဟုတ်တာ".............ရဲ့ ဆိုလိုရင်းက အဓိပ္ပာယ်နှစ်ခွ ထွက်နေသလိုပဲ။ နားမလည်လို့ မေးတာပါ။ ဘာကို ဆိုလိုချင်ပါလိမ့်။
ကဗျာလေး ခံစားဖတ်သွားပါတယ်..
ကိုမိုးသောက်ရေးတယ်မှတ်လို့... ဟိ..
ခံစားသွားပါတယ် ။
မင်းကြောင့် မင်းကြောင့် ပေါ့နော် .......းP
ကိုသီဟညိမ်းရဲ့ ကဗျာလေးပဲ
အခုလိုတင်ပေးတဲ့ ကိုမိုးသောက်ကို ကျေးဇူးတင်ပါတယ်
-ဇွန်ပန်းဖြူဖြူတွေ
ကြွေကျဦးမယ့်
တစ်နေ့မှာ
ငါ မြတ်နိုးစွာ
နမ်းရှိုက်နေဦးမှာပါ...-
ကိုသီဟရဲ့ ကဗျာတွေကတော့ အမြဲတမ်း လေးလေးနက်နက်နဲ့ရှိနေတယ်
နောင်များလည်း အားပေးလျက်ပါ ကိုသီဟ
ကိုမိုးသောက်ကိုလည်း ဒုတိယမိ ကျေးဇူးကမ္ဘာပါ :)
ကဗျာလေးကိုခံစားသွားတယ်.အဆင်ပြေတဲ့တစ်နေ့ကိုယ်ပိုင်အိမ်လေးမှာ နေသားတကျပြန်ဖြစ်နိုင်ပါစေ.
သြော်... အစ်ကိုသီဟညိမ်းကဗျာလေးကိုး
ကဗျာလေးကကောင်းတယ်။ မိုက်တယ်... :P
ဒီကဗျာ လေး ခံစားရတယ်
ကြိုက်တယ်
ရေးပုံလေးက လှတယ်
လွမ်းတတ်သူတော့ ကြွေတယ်
ချစ်အိမ်ငယ်
တိုတိုနဲ့ ထိမိလှတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ။
Post a Comment