သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

19.1.09

ဟန်ဆောင်ခြင်း နှင့် တွေးမိတွေးရာ


အဲ့နေ့က သူ ပေါက်ကွဲနေတယ် ... လူတွေ ဘာကြောင့် ဟန်ဆောင်နေကြတာလဲ .. ဘာလို့ ဟန်ဆောင် မျက်နှာတွေနဲ့
လူတွေ့တာနဲ့ ဟိုင်း ဟလို မောနင်း ဒါတွေ ပြောနေရတာလဲ ... အဲ့မျက်နှာတွေ ကြားမှာ သူ အရမ်း စိတ်တိုနေပြီ .. သူလိုချင်တာ တစ်ကယ့် အမှန်ကို အမှန်အတိုင်းပြောတဲ့သူ .. အရှိကို အရှိအတိုင်းပြောတဲ့သူ ..အခုတော့ ဒီလို ဟန်ဆောင်တတ်တဲ့ သူတွေကို သူ သီးခံနိုင်စွမ်း မရှိတော့ဘူး တဲ့ ...

အင်း သူတော်တော် ပေါက်ကွဲနေပုံရပါတယ် ...
စကားလေးတွေ မှတ်သားဖူးပါရဲ့ ....လူတွေဟာ ပေါင်းသင်း ဆက်ဆံတဲ့ နေရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတယ် . မဟုတ်တာကို အဟုတ်လုပ်လည်း ပြောတယ် မြှောက်ပင့်လည်း ပြောတယ် .... အလုပ်ဖြစ်အောင် ကိုယ့် အကျိုးပြီးမြှောက်အောင် လှည့်ပတ်ပြောတယ် ... တဲ့ ...

ဟုတ်ပါရဲ့ .. လူတွေဟာ ဟန်ဆောင်ကောင်းတယ် ....
စိတ်ထဲက တိုသွားပေမယ့် ပြုံးပြုံးလေး နေတတ်တယ် .. ဘယ်လောက် ရိုက်ချင် နှက်ချင်စိတ်တွေ ဖြစ်နေပေမယ့်
သြော် အင်း အဟဲ ဆိုပြီး သွားဖြဲ ပြတတ်ကြတယ် ... စိတ်ထဲမှာ ဟန်ဆောင် ဖြီးဖြန်းနေပေမယ့် ပုံစံကတော့ ရိုးသား
တည်ကြည်သလိုလို ...စိတ်ထဲမှာ အကုသိုလ် စိတ်တွေ တင်းကြမ်း ပြည့်နေပေမယ့် သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းလိုလို ...ပိပိရိရိ ဟန်ဆောင်တတ် ပြောတတ် ဆိုတတ် ကြတယ် ..

ဆက်ပြီး စဉ်းစားမိသေးတယ် ...
လူတွေ ဒီလို ဟန်ဆောင်နေကြလို့ပဲ ... စိတ်ရင်း အမှန်အတိုင်း မပြောကြ မဆိုကြ မလုပ်ကြလို့ပဲ လူ့ လောကကြီးဟာ ရပ်တည် နေနိုင်တာပေါ့ .. မုသားမပါ လင်္ကာ မချော ဆိုတဲ့ စကား အတိုင်းပဲ မုသားလေးတွေ သုံး သုံး နေလို့သာ နားထောင်ချင်စဖွယ် စကားသံလေးတွေ ဖြစ်ပေါ်နေတာပေါ့ ...

သတ္တ၀ါတွေထဲမှာ လူ၏ အားသာချက်က ဆင်ခြင် ဥာဏ် ရှိခြင်း တဲ့...အမှန်တစ်ကယ်တော့ လူတိုင်း၌ ဆင်ခြင် ဥာဏ် မရှိ . တော်တော်များများတွင် ရှိနေခြင်းမှာ လောဘ ဒေါသ မောဟ မာန် မာန တို့ဖြင့် ချုပ်ကိုင်ခြင်း ခံထားရသော အသိစိတ်ပင် ဖြစ်လေသည် ... ထို့ကြောင့် ထို လောဘ ဒေါသ မောဟ မာန် မာန များ မပေါ်အောင် ဟန်ဆောင်ပေးရသည် .. ဟန်မဆောင်တတ်သူများ ကွဲကြ ပြဲကြရသည် .. ပြဿနာ ပေါင်းစုံ တက်ကြရသည် ..

တစ်ကယ်လို့သာ အမြင်ကပ်ရင် ကပ်ကြောင်း .. ကြည့်မရရင် ကြည့်မရကြောင်း ... အချိုးမပြေရင် မပြေတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းတွေသာ ပြောကုန်ကြရင် အချင်း ချင်း ရိုက်ပွဲ ဖြစ်တာနဲ့တင်ပဲ အသုဘတွေ ချလို့ နိုင်မှာ မဟုတ် ...
မိန်းကလေး တစ်ယောက်ကို စွဲလမ်းမိတဲ့ ယောက်ကျား တစ်ယောက်ဟာ မုသားတွေ မသုံးပဲ စိတ်ထဲ ရှိတဲ့ အတိုင်း အဲ့
မိန်းကလေးကို ပွင့်ပွင့်လင်းလင်း သွားပြောပါက ပါးရိုက်ခံရမည်မှာ အသေအချာပင် ....
အားလုံးပင် တိရစ္ဆာန် သာသာ ဖြစ်ကုန်တော့မည် ..

တစ်စက္ကန့်ကို စိတ်ပေါင်း များစွာ ပြောင်းလဲ နေသော လူ့ စိတ်သည် ကြောက်ရွံ့ဖွယ် ကောင်းလှသည် ... ကျနော်တို့လို
သာမာန် လူတွေ စိတ်ထဲ ပေါ်လာသည့် အတိုင်း အမှန်ပြောနိုင်ဖို့ အလွန်ပင် ခဲယဉ်းပေစွ ...

သို့သော် အမှန်ပြောချင်သူများ မိမိ စိတ်ကို မိမိ မကောင်းသည့် စိတ်များ ( ကိလေသာ ) သန့်ရှင်း စင်ကြယ်အောင် အရင်ဆုံး ပြုလုပ်သင့်သည် ဟု ဗုဒ္ဓဘာသာ အလိုအရ ကောက်ချက်ချသည်ကိုလည်း ဖတ်ဖူးပါသည် ..

ဒီလိုနဲ့ ဟန်ဆောင်မှုတွေနဲ့ ဟန်ဆောင်မှု မရှိတဲ့ လောကကြီး တစ်ခု အကြောင်းကို စဉ်းစားမိနေတုန်းမှာပဲ
လှတပတ ညနေခင်း တစ်ခု ကျနော့်ရှေ့တွင်ပဲ လောလောလတ်လတ် သေဆုံးသွားခဲ့ပါတယ် ...

( ကို ကောက်တေး ကျနော့်ကို ရေးခိုင်းထားတဲ့ Tag ပို့စ် တစ်ခု ရှိပါတယ်.. တစ်နေ့တာကို ဘယ်လို ကုသိုလ်စိတ် အကုသိုလ် စိတ်တွေနဲ့ ဖြတ်သန်းလဲ ဆိုတဲ့ ခေါင်းစဉ်ပါ ... ကျနော့်ကိုယ် ကျနော် ၀န်မခံရဲတာရယ် မရေးရဲတာရယ်ကြောင့်ပဲ
ရှောင်ပြေးနေခဲ့တာ ကြာပါပြီ ... အခုတော့ ဒီ ပို့စ်လေးနဲ့ပဲ အစားထိုး ကျေနပ်ပေးပါတော့ အစ်ကိုကြီးရေ :P )


14 ဝေဖန်မှု:

ဟန်လင်းထွန်း said...

ဟန်မဆောင်ပဲ အမှန်တိုင်းပြောချင်တယ်။ ဒါပေမယ့့်

သူမလေး said...

အကိုရေလာလည်တယ်နော်။ သမီးတော့ အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်းပြောလို့ ပြသနာတက်ပေါင်းမနည်းတော့ဘူး။ ကိုယ့်ကိုကိုယ်ဆင်ခြင်နေပေမယ့်မရဘူး အကိုရဲ့။ မှန်တာပြောရွာ့ပြင်ပို့်ဆိုတဲ့အတိုင်းသာရွာ့ပြင်ပို့ခံရရင်တော့ နေစရာရှိမှာမဟုတ်တော့ဘူး။ ဟီဟီ...တာ့တာ။ ပြန်ပြီ အလုပ်ထဲကခိုးလာတာ။

သက်တန့် said...

"အမှန်ပြောချင်သူများ မိမိ စိတ်ကို မိမိ မကောင်းသည့် စိတ်များ (ကိလေသာ) သန့်ရှင်းစင်ကြယ်အောင် အရင်ဆုံး ပြုလုပ်သင့်သည်"

အတတ်နိုင်ဆုံးတော့ ကြိုးစားနေတာပဲ မောင်လေး မိုးသောက်ရေ...

မညာပါဘူး ပြောပြီး ညာနေတဲ့သူတွေ လူ့ပတ်ဝန်းကျင်မှာ အများကြီးပါပဲလေ...

ဝါ၀ါခိုင်မင်း said...

မောင်ငယ်မိုးသောက် ရေ..
အစ်မလဲ အဲဒီလူတွေထဲက လူတစ်ယောက်ပါပဲကွယ်။ :D

မမသူဇာ said...

တကယ်ကတော့အမှန်အတိုင်းပဲပြောချင်ခဲ့တာပါ။ ဒါပေမယ့် အမှန်တွေက ဒိုင်ယာရီထဲမှာပဲ၇ှိတယ် ဇီးကွက်ရယ်။ မှန်တိုင်းလည်းကိုယ့်ကိစ္စမဟုတ်ရင် မပြောတာ အကောင်းဆုံး။ ဘ၀မှာ မရူးအောင် နေတတ်ဖို့အရေးကြီးတယ် ။ ဟီးး...

Republic said...

မတတ်နိုင်ဘူး ညီမိုးသောက်ရေ ၊၊ မကင်းနိုင်သေး သ၍ပေါ့ ၊၊

ပန်းခင်းလေး said...

ဘာလို့ အဲ့ လောက်တောင်မှန်နေရတာလဲ အစ်ကိုတော်
ညီမလေးတို့ လဲ အဲ့ ဒီလူတွေထဲက လူတစ်ယောက်ပဲမဟုတ်လား
တစ်ခါတစ်လေ မှန်တိုင်းလည်းမကောင်းဘူးလေ

မောင်မျိုး said...

အများနည်းတူပေါ့ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့လေ ။ တစ်ခါခါတော့ မျက်နှာဖုံးတွေ ခွာချပြီး အေး၂ချမ်း၂လေး နေချင်မိတယ် ။

မသက်ဇင် said...

လာလည်ပါတယ်---မိုးသောက်ရေ---
မြန်မာနိုင်ငံသားတယောက် ဖြစ်ရတာ---
တန်ဘိုးကြီးလိုက်တာ လို့ မိုးသောက် ကိုယ်တိုင်--ယူဆ
ဘူးလား---အကောင်းဆုံး--တန်ဘိုးအရှိဆုံးဟာ--
မိမိကိုယ်တိုင်အပြင်--ဘယ်သူမှ မရှိနိုင်ဘူး--
ရိုးသားခြင်းရဲ့ အမွေဟာ ချမ်းသာခြင်းပါပဲ---
ပျော်ရွှင်ချမ်းမြေ့ပါစေ---

ဇင်ယော် said...

ဟန်ဆောင်မျက်နှာဖုံးတွေနဲ့  အသားကျနေတဲ့ ဘ၀လေးမှာ မုသားမပါ လင်္ကာမချောဆိုတဲ့ ဆောင်ပုဒ်လေး လက်ထဲကိုင်ရင်း သွားလာနေခဲ့ရတာ ကြာခဲ့ပါရောလား။ ကိလေသာစိတ်တွေကို အကုန်အစင် မရှင်းလင်းနိုင်သေးလို့  တတ်နိုင်သမျှ အများကြီးမဖြစ်အောင်ပဲ ကြိုးစားလို့  ဆင်ခြင်နေကြည့်ဦးမယ်ဗျာ။

ဟိန်းညီ said...

ကောင်းတယ်ညီလေးရေ
သာဓုကွာ
သာဓု သာဓု
ဘာဝနာတရားပွားများနိုင်ပါစေကွာ။

maimai said...

ako yay,, "mu thar ma par lin kar ma chaw" tat....
nyi ma tot mu thar myar2 pyaw tal :P
lin kar myar2 chaw ag lo... hehehe :P :P

ဝေလေး said...

စိတ်တွေက ဖြစ်တာတွေများလွန်းလို့ လိုက်မမှီဘူး။ မကောင်းကြံတဲ့စိတ်ဖြစ်သွားမိရင်တောင် မသိလိုက်တာတွေရှိသေးတယ်.... အဟဲ.. အတတ်နိုင်ဆုံးတော့ ကြိုးစားထိန်းနေတာပဲ။ :D

တုတ်ကြီး said...

လူဆိုသည် လိမ်နိုင်ကောက်နိုင်မှ.ချမ်းသာရာ
ရသော အမျိုး ဖြစ်သည်။
သို့မဟုတ်ပါမူ..မသာချရသော အလုပ်ဖြင့်ပင်
အချိန် ကုန်ရလိမ့်မည် လို့..
(တုတ်ကြီးပြောတာတော့မဟုတ်ဘူး..)
ဟီးဟီး..ဦဘဂျမ်းကပြောခဲ့တာ...