သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

7.1.09

နောက်ဆုံးညမှာ ဘာတွေလုပ်


နှစ်ဟောင်းရဲ့ နောက်ဆုံးည နှစ်သစ်ရဲ့ ပထမဆုံး ည မှာ ဘာတွေ လုပ်ခဲ့လဲတဲ့ ကိုငြိမ်သက်ရယ် အန်တီဒွင်းရယ်က တက်ခ်ထားပါတယ် .. ပြန်စဉ်းစားကြည့်မိတော့ ကောင်းတာတစ်ခုမှ မလုပ်ခဲ့မိဘူးဗျ အဟဲ ..
သူများတွေ ရေးထားတာ လိုက်ဖတ်ကြည့်တော့ ဘုရားဖူးတဲ့သူနဲ့ အေးအေးဆေးဆေး ဖြတ်ကျော်သွားတဲ့ သူနဲ့ ရေးရမှာ မျက်နှာတောင်ပူပါရဲ့ .. ဘာပဲ ဖြစ်ဖြစ် ရှေ့မျက်နှာ ရှေ့ထားပြီးတော့ပဲ ရေးတော့ ရေးလိုက်ပြီဗျာ :D

အဲ့ဒီနေ့က အစောကြီး နိုးနေခဲ့တယ်.. သူများတွေ အတွက်တော့ မစောပါဘူး.. နေ့လယ် ၁၁ နာရီ ထိုးနေပြီလေ ..ဒါပေမယ့် နေ့တိုင်း ၁ နာရီလောက်မှ ထတတ်တဲ့ ကျနော့် အတွက်တော့ စောတယ် ပြောရမှာပေါ့ အဟဲ ..
အိပ်ယာနိုးနိုးချင်း ကျောင်းကို အသည်းအသန် ပြေးပြီးတော့ language ဆရာနဲ့ သွားတွေ့ရသေးတယ် .. သူ့ကို ကျောင်းသား record စာအုပ်ထဲမှာ လက်မှတ်ထိုးခိုင်းပြီး အပြန်မှာ ဈေးဝင်ရတယ် .. သိတဲ့ အတိုင်းပဲ new year night ဆိုတော့ ကျောပိုးအိတ်ထဲမှာ vodka ပုလင်းလေးတွေက အစီအရီပဲ ၀ယ်ချလာတာ အဟဲ ... အဆောင်ကို ပြန်ရောက်တော့ သူငယ်ချင်းတွေက ဒုတ်ထိုးလုပ်စားဖို့ ချက်ပြုတ်နေကြပြီ မွှေးကြိုင်နေတာပဲ .. ကျောပိုးအိတ်လေး ချ သူတို့ကို လက်မထောင်ပြပြီး အိမ်ကို အရင် ဖုန်းဆက်ရတယ် ... အဖေ အမေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဘာညာပေါ့ .. အမေကတော့ မှာရှာပါတယ် ..သားလေး လိမ်လိမ်မာမာနေနော်တဲ့ .. ဟုတ်ကဲ့ပါ မေမေပေါ့ .. သားက လူကြီး ဖြစ်နေပြီ ဘာညာဆိုပြီး ဖုန်းလေး ချ သူငယ်ချင်းတွေနဲ့ သွားဝိုင်းလိုက်တယ် ... (အဲ့ ကြားထဲမှာ မမ၀ါ ဆလိုက်ရှိုးတင်ပြီးပြီလားလို့ ဖွင့်ကြည့်လိုက်သေးတယ် ... အဲ့ဒီအချိန်က တင်လည်း မတင်သေးဘူးရယ် .. )

ခဏနေတော့ ဟင်းချိုအိုးကြီးရယ် အချဉ်တွေရယ် ဟင်းအိုးကြီးရယ်က ကျနော်တို့ အလယ်ကို မွှေးကြိုင်စွာနဲ့ ရောက်ရှိလာတော့တာပါပဲ ကောင်းမှ ကောင်း ဂွတ် ရွှလွှတ် :P .. ရှိတာက ၁၃ ယောက် အလည်ရောက်လာတာက ၅ ယောက် လက်နှေးတဲ့ ကောင် အိုးဆေးရမယ်ဟေ့လို့လည်း အော်ပြောလိုက်ရော နဂိုကတည်းက ဘော်ဒါ အရင်းတွေဆိုတော့ လက်တွေကို ရှုပ်ရှက်ခတ်သွားတာပဲ .. စကားကို ဘယ်သူမှ တစ်ခွန်းမှကို မပြောတာ :P ..အမှတ်တရ ဓါတ်ပုံရိုက်တာတောင် တစ်ယောက်မှ ကင်မရာကို မကြည့်ဘူး အဲ့လို အဲ့လို ..ဒါပေမယ့် ဒုတ်ထိုးတွေက မကုန်ပါဘူး.. အကုန်လုံး ၀သွားပြီး အီသွားတော့မှ ရှုးရှုးရှဲရှဲနဲ့ ခေါင်းတွေ ပြန်မော့လာတော့တယ် ..

ဒါနဲ့ ခဏနားပြီးတော့ ရေမိုးချိုး ည ၈ နာရီ ထိုးတာနဲ့ ကျနော့် အခန်းမှာပဲ လူက ပြန်စုလာတယ် အဟဲ ပြောစရာမလိုဘူး အစီအစဉ်က ဟုတ်နေတာပဲ ... အခန်းထဲမှာလည်း စားပွဲအပုလေးတွေ ဆက်ပြီး ၀ိုင်းကြီးက ပြင်ပြီးပြီ .. ကြက်ကင်နှစ်ကောင်ရယ် ၀က်သားဒုတ်ထိုးရယ် အာလူးကြော်ရယ် ငါးခေါင်းဟင်းချိုရယ် အချဉ်ပွဲတွေရယ် ဟား ပြန်တောင် စားချင်လာပြီ :D ၈ နာရီ ခွဲတာနဲ့ စပြီး စားကြသောက်ကြတာပေါ့ ..ရယ်ကြ မောကြ စကြ နောက်ကြနဲ့ လူတွေ အကုန်လုံး မှန်တဲ့ အဆင့်ကိုရောက်သွားတယ် ( အဟဲ ဒါကတော့ အရက်သမား စကားပေါ့ဗျာ :P ကျနော်တို့ကတော့ တစ်ခါတစ်လေပါ :P ) ၁၂ နာရီထိုးဖို့ ၁၅ မိနစ်လောက် လိုကတည်းက လူတွေ အားလုံးက အနွေးထည်တွေဝတ် ဖိနပ်တွေစီး ခေါင်းစွပ်တွေစွပ်နဲ့ အားလုံးက ရယ်ဒီ ဖြစ်နေပြီ ...ဘာရယ် မဟုတ်ဘူး စိတ်တွေက မြူးတူးနေတယ် .. စိတ်ထဲကနေ လိုက်မှတ်လာတာ .. ၅ . ၄ . ၃ . ၂ . ၁ ဆိုတာနဲ့ တိတ်တွေ ဖော့တွေနဲ့ အသေပိတ်ထားတဲ့ ပြတင်းပေါက်ကြီးကို ဆွဲဖွင့်လိုက်တယ် .. အေးစိမ့်နေတဲ့ လေရိုင်းတွေနဲ့ အတူ နှင်းတွေက ၀ုန်းကနဲ မျက်နှာတွေကို လာအရိုက်မှာ နှစ်သစ်ရဲ့ စိန်ခေါ်ခြင်းကို စတင် ခံစားလိုက်ရတယ် .. ဟေး happy new year ကွ ဆိုပြီး ဟိုဘက် အဆောင် ဒီဘက် အဆောင် ကျောင်းသားတွေ အပြိုင်အော်တာ.. မီးပန်းတွေ ပစ် ရှန်ပိန်တွေ ဖောက်နဲ့ ဆူညံနေတာပဲ .. ခရစ်စမတ် သစ်ပင်ကြီးကလည်း ကျနော်တို့ ပျော်ပါးမယ့် ကွင်းကြီးထဲမှာ နှင်းတွေ ပိကျနေပြီး မီးရှုးမီးပန်းတွေကြားမှာ လှလိုက်တာ ...

ကွင်းထဲက စတိတ်စဉ်ပေါ်က ကောင်မလေးရဲ့ အစီအစဉ် စတင်ပါပြီ ဆိုတဲ့ အသံလည်း ကြားရော ကျောင်းသား ဆောင် သုံးဆောင်က ကျောင်းသားတွေ ကျောင်းသူတွေ အကုန်လုံး ဟေး ကနဲ့ အော်ပြီး အကုန်လုံး ဆင်းပြေးကြတာ .. အဲ့ညကတော့ အဆောင်တွေက တံခါးမရှိ ဓါးမရှိပဲ .. သောင်းကျန်းချင်တိုင်းကို သောင်းကျန်းကြတာ .. ကွင်းထဲမှာ အောက်က နှင်းက ခြေကျင်းဝတ် မြုတ်တယ် .. အားလုံးက ကျောင်းသား ကျောင်းသူတွေချည်းပဲ ..အားလုံးကလည်း စိတ်လွတ်ကိုယ်လွတ်ပဲ ကြိုက်တဲ့သူနဲ့ ကြိုက်သလို တွဲကကြတယ် .. ကုန်းလေးပေါ်ကနေ အားလုံး အတွဲလိုက်ပဲ နှင်းလျှောစီးချကြတာ .. တစ်ယောက်နဲ့ တစ်ယောက် ထပ်လဲလို့ လဲနဲ့ ..

ဘယ်သူမှလည်း စိတ်မဆိုးဘူး .. အရမ်းကို ပျော်စရာကောင်းတာပါ ... နှင်းခဲတွေနဲ့ လိုက်ပေါက်ကြတယ် ...ပြီးတော့ နှင်းတွေထဲမှာ under ground ကတဲ့ အဖွဲ့လည်း ရှိတယ် .. မူးမူးနဲ့ ပြုတ်ကျလည်း မနာဘူးလေ .. ဒါနဲ့ ဘာရမလဲ မြန်မာဂျွမ်းကွ ဆိုပြီး ဂျွမ်း ၀င်ပစ်လိုက်သေးတယ် .. ဖုန်း ဖုန်းနဲ့ .. အောက်က နှင်းတွေ ခံနေပေမယ့် တော်တော်လေးတော့ အီသွားတယ် :P အဲ့ဒါနဲ့ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ ကတဲ့ အဖွဲ့ထဲ ရောက်သွားတယ် ..လူဝိုင်းကြီးက အကြီးကြီးပဲ .. မြန်မာ တရုတ် တာဂျစ် အီရန် ကိုးရီးယား ယူကရိန်း အစုံပဲ လူတွေက .. ပျော်စရာကောင်းလိုက်တာ.. အာခေါင်တွေ ခြောက်လာပြီး မောလာတဲ့ အထိကို သူတို့နဲ့ ကနေမိတယ် .. နှင်းတွေကလည်း တဖွဲဖွဲနဲ့ သည်းသည်းမဲမဲကို ကျနေတယ် ..

ခဏနေတော့ သူငယ်ချင်း လာခေါ်တာနဲ့ ဆိုင်ကို သွားပြီး vodka နဲ့ အာလူးကြော် ထပ်သွားဝယ်ရတာပေါ့ ...
ပြီးတော့ ကွင်းထဲမှာပဲ တွေ့တဲ့သူကို လိုက်တိုက်တယ် .. သူတို့ကို တစ်ငုံတိုက်ရင် ကိုယ်က တစ်ငုံသောက်ရတယ် .. ကြာတော့ တစ်ဝက်လောက်က ကိုယ့်ဗိုက်ထဲပဲ ၀င်နေတော့ ထူပူပြီး လစ်ခံနေတာပဲ ..ဒါနဲ့ ဟိုးအစွန်ဘက်က နှင်းတွေထဲမှာပဲ လှဲချပြီး မီးပန်းတွေနဲ့ ၀င်းထိန်နေတဲ့ ကောင်းကင်ကြီးကို ငေးနေမိတယ် ..

ခဏလောက်လည်းနေရော ဘေးနားကို တစ်ယောက်ရောက်လာတယ်.. ကြည့်လိုက်မိတော့ မျက်လုံးဝိုင်းဝိုင်းနဲ့ ရုရှမလေး ... သူလည်း ကျနော့်လိုပဲ လစ်နေတယ် ထင်ပါရဲ့ ..
ဆေးလိပ်သောက်ချင်တယ်တဲ့ ..ဒါနဲ့ သူ့ကို ဆေးလိပ်တစ်လိပ် မီးညှိပေးလိုက်တယ် ..
သူလည်း ကျနော့် ဘေးမှာပဲ ၀င်လှဲရင်းနဲ့ မင်း ဘာလုပ်နေတာလဲတဲ့ ...
ငါ ကောင်းကင်ကြီးကို ကြည့်နေတာဆိုတော့ သူက ရီတယ် ...
မင်း ကောင်မလေး တစ်ယောက်ကို လွမ်းနေတာလားတဲ့ ..
သူပြောမှပဲ နှင်းတွေလို အေးစက်စက် မျက်နှာလေး တစ်ခုကို အပြင်းအထန် သတိရသွားမိတယ် ... ဖြစ်နိုင်ရင် ဘာတစ်ခုမှ သတိမရချင်ပါဘူး ...
မဟုတ်ပါဘူးကွာ လို့ပဲ ခပ်ပေါ့ပေါ့ပြောရင်းနဲ့ အတွေးတွေကို နှင်းငွေ့တွေနဲ့အတူ မှုတ်ထုတ်ပစ်လိုက်ရတယ် ...

ခဏလောက် နေတော့ သူ့သူငယ်ချင်းတွေက သူ့ကို လာခေါ်တယ် ...သူက ကျနော့်ကိုပါ သူတို့ဝိုင်းထဲ ဆွဲခေါ်သွားလေရဲ့ ..ကျနော် တစ်ကယ်ကို ပျော်ရွှင်ခဲ့ပါတယ် ...သူတို့ တစ်ဖွဲ့လုံးနဲ့ သူငယ်ချင်းတွေ ဖြစ်သွားတယ် ... ဒီလိုနဲ့ပဲ မနက် ၄ နာရီ ခွဲမှာအစီအစဉ်တွေ အားလုံး ပြီးဆုံးသွားတယ် ...

ဒါနဲ့ အချင်းချင်း နုတ်ဆက်ပြီး ဟိုးတစ်ခြား အဆောင်က လာတဲ့ သူငယ်ချင်းတွေကို ပြန်လိုက်ပို့ရတယ် .. အခန်းကို ပြန်ရောက်တော့ မနက် ၆ နာရီထိုးနေပြီ .. အ၀တ်အစားတွေလဲပြီးလို့ အိပ်မယ်လို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာပဲ ဗိုက်က ဂွီ ကနဲ့ ထမြည်တယ် .. ဟုတ်တယ် အဲ့ဒီနေ့က ကျနော် ထမင်း တစ်နပ်မှကို မစားရသေးတာ ...ဒါနဲ့ နစ်ဖွင့်ပြီး နစ်ပေါ်မှာ တွေ့တဲ့ အစ်ကိုကြီးတွေကို လိုက်ပြီး ဂျီကျရတာပေါ့ အဟဲ .. အစ်ကိုကြီး တစ်ယောက်က ခေါက်ဆွဲခြောက်ရှိတယ် ညီလေးတဲ့ .. နောက်တစ်ယောက်က ကျတော့ ထမင်းလာစားတဲ့ ဟင်းတွေ အများကြီးပဲတဲ့ ..အဟဲ အဆင်ပြေတယ်နော် .. အဲ့လိုနဲ့ တစ်ယောက်ဆီမှာ ထမင်းသွားစားတယ် .. အပြန်မှာ ကျန်တစ်ယောက်ဆီက ခေါက်ဆွဲခြောက်ယူခဲ့ပြီး အိပ်ယာနိုးတော့ စားလိုက်တယ် အဟဲ ..

ကျနော်ကတော့ အဲ့လိုနဲ့ပဲ ၂၀၀၉ ကို ရောက်ရှိခဲ့တာပါ ခင်ဗျ .. မျက်နှာတော့ ပူသား .. :P ဒါပေမယ့် နောက်ည ကျတော့ အစ်ကို တစ်ယောက် လာခေါ်တာနဲ့ တရားဆွေးနွေးပွဲကို လိုက်သွားသေးတယ်ဗျ .. တရားပွဲ ဖြစ်မြောက်အောင် ကမကထ လုပ်သူကတော့ တော်တော်များများ သိထားကြတဲ့ ကျနော့် အစ်ကိုကြီး ဦးဦး ကောက်တေး ပေါ့ဗျာ .. :)
ကဲ ကိုငြိမ်သက်နဲ့ အန်တီဒွင်းရေ .. ကျနော်ကတော့ ရေးလိုက်ရပြီ ခင်ဗျ .. မကောင်းတာတွေပဲ တော်တော်များများ လုပ်ခဲ့မိတယ် :P
အားလုံးပဲ ၂၀၀၉ မှာ ပျော်ရွှင် အောင်မြင်ကြပြီး လိုအင်ဆန္ဒတွေ ပြည့်ဝ ကြပါစေဗျာ ..
ခင်မင်တဲ့
မိုးသောက်

15 ဝေဖန်မှု:

ဟန်လင်းထွန်း said...

မနာလို ဖြစ်မိတယ်။ ဟင့်ဟင့်

- said...

တဂ်ပို့စ်လေးလာဖတ်ပါတယ် ။ ပျော်ရွှင် အဆင်ပြေပါစေဗျာ

http://winzaw-mdy.blogspot.com

တောင်ပေါ်သား said...

ပျော်ရွှင်စရာ နှစ်ကူလေးပေါ့နော့် အားကျတယ် အကိုရေ အစစအရာရာ အဆင်ပြေပါစေ ရုရှားမလေးကောပေါ့ ဟီးးးးး

မေ့သမီး said...

Wow ကိုမိုးသောက်က နှစ်သစ်ကူးမှာတော်တော်မူးခဲ့ တယ်ပေါ့။

မေ့သမီး said...

အဲ နစ်ဆိုတာဘာလဲဟင်။

ညီအကိုများ said...

ပျော်ရွှင်စရာပါ...
Happy New Year 2009

မိုးကြယ်

သက်တန့် said...

နှင်းတွေကြားမှာ ဒွန့်ကြတယ်ပေါ့...
ပျော်စရာ ကောင်းမှာပါပဲ...
အေးစက်စက် မျက်နှာလေးကိုလည်း တစ်ချက်တော့ သတိရလိုက်သေးတယ်ပေါ့လေ... :)

နှစ်သစ်ရဲ့နေ့သစ်မှာ တရားဆွေးနွေးပွဲလေး သွားတယ်ဆိုတော့ မင်္ဂလာရှိပါ့...
အပျော်တွေပြီးတော့ တရားဆွေးနွေးပွဲလေး တက်ခဲ့တာအတွက် သာဓု သာဓုပါ...
နှစ်ကြိမ်ပဲ သာဓုခေါ်ခဲ့တယ်နော်...
ဆွေးနွေးပွဲမှာ အိပ်ငိုက်နေတာ ဖြစ်နေလားလို့... :P

ပုလဲ said...

အပြုံးမပျက်ဖတ်သွားပါတယ် ကိုမိုးသောက်
ပျော်စရာကြီးပဲ
ပုလဲကော်ဖီသောက်ပြီး နှစ်သစ်ကူးချင်တာကို ဘာလို့တစ်မျိုးပဲလို့ ပြောသွားတာလဲ ခုမှပဲသိတော့တယ်
ဟင်းဟင်း
တစ်ခါတစ်လေလို့တော့ ပြောတာပဲနော် ဟုတ်ပါ့မလား :P
အားကိုးစရာ အကိုတွေရှိနေလို့တော်သေးတာပေါ့နော်
ထမင်းစားချင်တာလဲစားလို့ရတယ်
နှစ်သစ်ရဲ့နောက်နေ့မှာ တရားဆွေးနွေးပွဲသွားခဲ့တယ်ဆိုတော့ မင်္ဂလာပါ
အားကျတယ် အဲလိုပျော်ဖူးချင်တယ်
ဆက်ပြီးတော့ ပျော်ရွှင်ပါစေ ကိုမိုးသောက် :)

မောင်မျိုး said...

အဲ့လောက်ကြီးတောင်ပျော်စရာကောင်းတာကိုး မနာလိုစရာတွေတောင်ဖြစ်ကုန်ပြီး ကျနော်တို့နဲ့များကွာပါ့ ။နှင်းဆိုတာကို မမြင်ဖူးဘူး အဲ့ဒီတစ်ချက်တည်းနဲ့တင် မိုးသောက်ကို အရမ်း အားကျသွားပြီး ပြီးတော့ သူငယ်ချင်းတွေလည်း အများကြီးပဲ ။ နောက်နှစ်တွေလည်း ဒီလိုပဲ ပျော်နိုင် ဒီထက့်ကဲနိုင် မော့နိုင်ကြပါစေဗျာ ။

thihanyein said...

အဟေး ပျော်စရာကြီး မူးနေတဲ့ဒီလူကြီးမျက်နှာ
မလွမ်းဘူးကဆိုသေး နှင်းငွေ့နဲ့မှုတ်ထုတ်တာ
ဘာတွေလဲဟေးးးးး

Dream said...

အင်း.. ဘာပဲ ပြောပြော.... ဦးကောက်ကိုကျေးဇူးတင်လိုက်ပါတယ်.။.. တားတော်မောင် မိုးဒေါက်လေးကို တေတေချာချာ ဂရုစိုက် တရားအားထုတ်ဖို့ ခေါ်သွားလို့...တီတီဒွင်း စိတ်ချလိုက်တယ်နော်... အဟဲ... လူကြီးလေသံနဲ့..ပြောနေတာ.. ဦးဒေါက်ကို... ဟိဟိ...

ရေးပေးတဲ့အတွက် ကျေးဇူးပါ ဦးဒေါက်ရေ.....နော့်...
ပျော်စရာလေးနော်.. သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးပဲ..ဘာဝကို ဖြတ်သန်းတာ.. .. :) :)

ဝါ၀ါခိုင်မင်း said...

ကြက်ကင်နှစ်ကောင်ရယ် ၀က်သားဒုတ်ထိုးရယ် အာလူးကြော်ရယ် ငါးခေါင်းဟင်းချိုရယ် အချဉ်ပွဲတွေရယ် .....
ဂလု..ဂလု.. သီးတောင်သီးသွားပြီ.
အဲလိုချက်စားမှန်းသိရင် G.talk ကနေတောင်စားပါတယ်
..ဟီးးးး
ပျော်စရာကြီးပေါ့..မောင်လေးတို့ နယူးရီးယားည လေး
က..
မမ လဲ ရေးရဦးမယ် ..အကြွေးတင်နေတယ်.
ဒီနေ့မှ ဧည့်သည်တွေပြန်သွားလို့ ပြန်လှုတ်ရှားရတော့
မယ်..း)
ပျော်ရွှင်ပါစေ။

မမ၀ါ

ဝေလေး said...

ဝါး... မိုက်တယ်နော် ပျော်စရာကြီးပဲ......
ညဘက်မှာ အသားကုန်ကဲပြီး တရားပွဲသွားတယ်ဆိုတော့ အင်း.. မဆိုးပါဘူးလို့ပြောရမယ်. ဟဲဟဲ..... :P
စားချင်တယ် ဝက်သားဒုတ်ထိုး....

megumi said...

သောက်သောက်စားစား လူမင်းသားလုပ်နေတယ်ပေါ့လေ၊
ဟွန်း၊ ရုရှမလေးတောင် ပါသေး။ တော်တော်ပျော်နေတာပေါ့လေ။ ပြောမပြောချင်ဘူး။

မသက်ဇင် said...

မိုးသောက်ရေ----
နေမကောင်းသေးပေမယ့် အရောက်လာလည်ပါတယ်--
နမိုးနီးယားဖြစ်တာပါ--
သက်သာလာပါပြီ---
ပိုစ့်လေးလည်းဖတ်သွားပါတယ်--
အမြဲတမ်းပျော်ရွှင်ပါစေ---