ကျနော် စိတ်ကူးယဉ်တာကို မကျေနပ်လို့တဲ့ဗျာ .. သူငယ်ချင်း တစ်ယောက်က ကျနော့်ဆီကို မေးလ် ပို့လာပါတယ် ... သူလည်း ကျနော့် ဘလော့မှာပဲ စိတ်ကူးယဉ်ချင်တယ်တဲ့ ..
အမှန်ကတော့ ကျနော် သိပ်စိတ်ကူး မယဉ်ချင်တာနဲ့ သူ့ကို ရေးခိုင်းထားတာ သူမရေးသေးတာနဲ့ပဲ ကျနော် ရေးပြီး တင်လိုက်တာပါ .. အခု သူကလည်း ပို့လာပြီ ဆိုတော့ တစ်ကျော့ပြန်စိတ်ကူးပေါ့ဗျာ :D
ကဲ စိတ်ပုတ်လေး ဘယ်လိုများ စိတ်ကူးယဉ် လဲ မသိဘူးနော် .. ;)
ကျန်ခဲ့တဲ့ရက်အနည်းငယ်က ကိုမိုးသောက်က စိတ်ပုတ်လေးကိုသူ့ရဲ့ ဘလော့ခ် အတွက် ပို့စ်တစ်ပုဒ် လောက်ရေးပေးပါလားဆိုတာနဲ့ စဉ်းစားလိုက်တာ တော်တော်လေးကြာသွားတယ်…ခေါင်းထဲမှာ ဘာမှထွက် မလာဘူး ..:D :D…. နောက်နှစ်ရက်သုံးရက်လောက်ကြာတော့ သူ့ရဲ့ဘလော့ခ်ကို ပြန်ဖွင့်ကြည့်တာ ပို့စ်အသစ် တင်ထားတာတွေ့လိုက်တယ် အဲဒါနဲ့ဖတ်ကြည့်လိုက်တော့ သူ့ကိုစိတ်ကူးယဉ်ခိုင်းထားတယ်ဆိုပဲ…..
ကိုမိုးသောက်ကိုကြည့်ရတာ သိပ်စိတ်ကူးယဉ်တတ်မယ်ပုံလည်း မပေါ်ပါဘူး :P ….. အသက်အရွယ်အမျိုးအစား လိုက်ပဲ……စိတ်ကူးလေးတွေက စိတ်ဝင်စားစရာပါ ……ဒါနဲ့ဆက်ပြီး ဖတ်ကြည့်လိုက်တော့ အမေကိုလွမ်းတဲ့အကြောင်း ဖတ်လိုက်ရတော့ စိတ်ပုတ်လေးတောင်အိမ်ကိုလွမ်းလာတယ်… ငိုချင်လိုက်တာ…( အမေ့ရဲ့ပန်းခင်းလေးကို မျက်နှာစူစူအောင့်အောင့်နဲ့ ရေလောင်းပေးခဲ့တယ်ဆိုပဲ…စိတ်ပုတ်နဲ့တူလိုက်တာ ဒါပေမဲ့စိတ်ပုတ်က ပိုဆိုးတယ်. မေမေဘာခိုင်းခိုင်း မလုပ်နိုင်ဘူး ဆိုတဲ့စကားကို အရင်ဆုံးပြောလိုက်ရမှ… လုပ်တာမလုပ်တာ အပထားပေါ့နော်..။ အမေက တစ်ခွန်းဆို သမီးက သုံးခွန်းလောက်ပြန်ပြောလိုက်ရမှ….နှစ်ခွန်းနဲ့တောင်မကျေနပ်ဘူး.. အဲဒီလို လိမ္မာ တာ….. :D :D ….. ဒါပေမဲ့ မိဘနဲ့ဝေးနေတဲ့ အခုလိုချိန်မှာတော့ မေမေ့ မေတ္တာ စေတနာတွေကို အရမ်းတမ်းတနေမိ တယ်….
စိတ်ပုတ်လေးက ငါးတန်းကတည်းက ခရစ်ယာန်သီလရှင်ဘော်ဒါကျောင်းမှာနေခဲ့ရတယ်.. အဲဒီအချိန်က စပြီး မိဘတွေနဲ့ခွဲနေရတယ်ဆိုပါတော့……. ဘော်ဒါမှာဆိုရင် စိတ်ပုတ်က စံပြပဲ… ဘယ်သူမှလိုက်လို့မမီဘူး… အထင်မကြီးလိုက်နဲ့နော်…. ကောင်းတဲ့နေရာမှာတော့မဟုတ်ဘူး..ငိုနိုင်တဲ့နေရာမှာပြောတာ…. “အငိုမင်းသမီး” ပဲ… ဖေဖေ့နာမည်ကြားပြီဆိုတာနဲ့ ငိုပြီးသားပဲ ဖေဖေကပိုပြီးအလိုလိုက်တော့ ပိုချစ်သလိုပဲ… အဖေနဲ့ကျတော့ သိပ်ပြီး ဘုကလန့်မလုပ်ဘူး..မေမေနဲ့ကတော့ မရဘူး…။။။ ဒါပေမဲ့ဘော်ဒါကိုရောက်တော့လဲ မေမေနဲ့ရန်ဖြစ်ခဲ့တာလေးတွေ ကိုပဲပြန်သတိရပြီး မျက်ရည်ကျခဲ့ရတယ်…အမေခိုင်းတာလေးတွေကို စေတနာပါပါနဲ့ ပြန်လုပ်ပေးချင်ခဲ့တယ်… ဒီလိုနဲ့ပဲ ရက်တွေက မျက်ရည်တွေနဲ့ပဲကုန်ဆုံးခဲ့ရတယ်…. မငိုခဲ့ရတဲ့နေ့ရယ်လို့ မရှိသလောက်ပဲ…..
ဒီလိုနဲ့ ရှစ်တန်းရောက်တော့ သီလရှင်တစ်ပါးက သီချင်းလေးတစ်ပုဒ်သင်ပေးခဲ့တယ်….. ဘော်ဒါမှာရှိတဲ့ကျောင်းသူတွေ အားလုံးကိုပေါ့နော်…. သီချင်းလေးခေါင်းစဉ်က “ခွင့်လွှတ်ပါမေမေ” တဲ့..ဒီသီချင်းလေးက စိတ်ပုတ်လေးနဲ့တိုက် ဆိုင်တော့ အရမ်းကြိုက်တယ်….. သီချင်းစာသားလေးကို ရေးပေးလိုက်မယ်နော်..ဖတ်ကြည့်ပေါ့….
Music ကိုတင်မပေးနိုင်တဲ့အတွက်တော့ စိတ်မကောင်းပါဘူး… ဂစ်တာလည်းမတီးတတ်တော့ ခက်တာပေါ့.
စာသားလေးက ဒီလိုပါ.
“ခွင့်လွှတ်ပါမေမေ”
1. သတိရနေပါတယ်မေမေရယ် အမေနဲ့တစ်နယ်ခြားဝေခဲ့လေပြီ
အခုအမေ ဘယ်လိုများရှိနေမလဲလေ မှန်းဆမျှော်ကာ ချစ်တဲ့မေရယ်
ကျန်းမာစေကြောင်းဆုတောင်းပေးလိုက်တယ်.
2. အမေ့နားမှာနေစဉ် မေရဲ့စကားပယ်ရှားထင်တိုင်းမိုက်ခဲ့ပေမဲ့
အပြစ်ဗွေမယူပါပဲ ခွင့်လွှတ်ခဲ့တာ တွေးမိလေတိုင်း သမီးမှားပြီအမေ
ဦးချကာသမီး ကန်တော့တောင်းပန်…
CHO…. ပြန်တွေးလေတိုင်းမျက်ရည်ဝဲလာ သမီးမိုက် မှားခဲ့လေပြီ
ခွင့်လွှတ်ပါချစ်တဲ့အမေရယ်…..(သမီးကိုခွင့်လွှတ်ပါမေမေ)
(မှတ်ချက်-သံစဉ်နားထောင်ချင်ရင်တော့ စိတ်ပုတ်လေးကိုယ်တိုင် ဆိုပြမယ်နော်….. :P :P )
သီချင်းလေးကတော့ ဒါပါပဲ….ကိုမိုးသောက်ရေ ပြီးသွားပြီ….. ဒီလိုမျိုးတွေ တစ်ခါမှ မရေးဖူးဘူးလေ…
ဒါ ပထမဆုံး စပြီးရေးတာပဲ…. ဘယ်လိုလဲတော့ မသိဘူး…. သည်းခံပြီးဖတ်ပေးပေါ့နော်…
စိတ်ပုတ်လေး ..
သြော် သူကလည်း အိမ်ကို အပီအပြင် လွမ်းထားတာကိုး ..
အိမ်ကို မြန်မြန် ပြန်ရောက်ပါစေ စိတ်ပုတ်လေးရေ .. စိတ်ကောင်းလေးတွေလည်း မွေးနိုင်ပါစေဗျာ :P
စိတ်ပုတ်လေး တစ်ယောက် လက်တည့်စမ်း ရေးထားတာကို သည်းခံပြီး ဖတ်ပေးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအများကြီးကို တင်ပါတယ်ဗျာ ...
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

6 ဝေဖန်မှု:
စိတ်ပုတ်လေးရဲ့ တစ်ကျော့ပြန်စိတ်ကူးကို အားပေးသွားတယ်...
ပထမဆုံးရေးတာ ဖြစ်ပေမဲ့ ဖတ်လို့ကောင်းပါတယ်... :)
ဘလော့ဂ်ရေးဖို့ အားပေးပါတယ် စိတ်ပုတ်လေးရေ...
aku lo arr pay twar tar thanks par..
blog yay poe ko lal arr pay tal so tot.. try kyi mal lay..
self confidence tot thate ma shi bu..
:)
အင်း ကိုမိုးသောက်ရေ
ဖတ်ရတာ အမေကို လွမ်းသွားတယ်ဗျာ
အခုခွင့်ရလို့ မြန်မာပြည်ပြန်တုန်းမေနဲ့ စိတ်ကောက်လာတာ
ဒီဟာလေးဖတ်ပြီးပိုတောင်ငိုချင်သွားတယ်
း(
ကျွန်မကိုမိုးသောက်အိမ်ကိုခုမှလာလည်ဖြစ်တာ
အရင်ကိုမိုးသောက်တုန်းကတော့ခဏခဏသွားလည်ဖြစ်တယ်။
မိုးသောက်က၂ယောက်ဖြစ်နေတာကိုး
း)
ဘယ်မိုးဘဲသောက်သောက် ဗိုက်ဝရင်ပြီးတာဘဲ
အဲမှားလို့ 
အရေးကောင်းရင်ပြီးတာဘဲ
း)
တစ်ခုတော့တူသလိုလိုရှိတယ်
ပုလဲကဆိုးတာမဟုတ်ဘူးလို့ထင်တာပဲ
အမေဘာလုပ်ဘာလုပ်လို့ပြောတိုင်း ဘူးကအရင်စပြောတော့တာပဲ
အဖေနဲ့လဲဒီလိုပဲ
မလုပ်ပေးချင်လို့ပြောတာတော့မဟုတ် အဖေနဲ့အမေကို စတာ ဟီးးးး တော်တော်ဆိုးတယ်နော်
ဒါပေမယ့် မလုပ်ပေးဘူးပြောပြီး လုပ်ပေးနေတတ်တဲ့ကိုယ့်ကိုယ်ကိုတော့ ကျေနပ်မိပါတယ်လေ
စိတ်ပုတ်လေးလည်း အမေ့ကိုလွမ်းပြီဆိုတော့ ရည်ရွယ်ထားတဲ့ သမီးလိမ္မာလေးဖြစ်ပါစေနော်
သီချင်းလေးကို ဖတ်သွားတယ်
သံစဉ်နားထောင်ချင်တယ်
စိတ်ပုတ်လေးဆိုပြနော် :)
Hello.....satepoatlay u know after reading your post i felt very very sad and also wanna cry.......coz my attitude and behaviour to my mom also like you lay....even i am the eldest one in my family.....however thanks coz i have chance to read that kind of post......I hope you can write more that kind of meaningful post....God bless u always........
Post a Comment