ကျနော့်မှာ ညီမလေး အရင်းလို ခင်မင်ရတဲ့ ညီမလေး တစ်ယောက် ရှိပါတယ် ... သူမလေးကိုတော့ ကျနော့် ဘလော့ စာမျက်နှာပေါ်ကပဲ ကောက်ရခဲ့တာပါ ...အဟဲ ရှုပ်သွားပြီလား မသိဘူး .. သူမလေးက ဟိုးအရင်က ကျနော့် ဘလော့ရဲ့ စာဖတ်သူ သက်သက်ပါ ..
ဒါပေမယ့် ကျနော် စာမေးပွဲတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ အချိန်မှာပဲ စာရေးချင်တယ်တဲ့ ကျနော့်ကို ပြောလာပါတယ် ..
ကျနော်ကလည်း စာမေးပွဲတွေ ရှုပ်နေတော့ အမှုမဲ့ အမှတ်မဲ့ ပဲ ဖြစ်သွားတယ် ... အားလုံး ပြီးသွားလို့ ကြည့်လိုက်မိတော့ ဟောဗျာ သူမလေးက ကိုယ်ပိုင် ဘလော့ တစ်ခု ဖန်တီးပြီး ပို့စ် တွေတောင် စတင်နေပါပေါ့လား ...
ဒါနဲ့ပဲ မဖြစ်ချေဘူး ဆိုပြီး ကျနော့် ညီမလေးကို ကျနော့်ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးရတာပါဗျာ ....
အခုမှ စတင်ရေးသားတဲ့ ကျနော့်ရဲ့ ညီမလေးကို ကျနော့်ကို ခင်သလိုပဲ ခင်မင် ဝေဖန် အားပေး ကြပါဦးလို့ ...
အမြင်မတော်တာ ရှိရင်လည်း ကိုယ့် ညီမလေး တစ်ယောက်လို ရိုက်နှက် ဆုံးမ လို့ ရပါတယ် ခင်ဗျ ... :P
သူမလေးရဲ့ အိမ် လိပ်စာကတော့ ဒီမှာပါ ခင်ဗျ ...
သူမလေး ရဲ့ ခိုနားရာ
ပျော်ရွှင်ပါစေ ညီမလေးရေ ...
အားလုံးကို ခင်မင်တဲ့
မိုးသောက်
ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၃
21 hours ago

4 ဝေဖန်မှု:
ကျေးဇူးပါ အကိုရေ။
အကိုတစ်ယောက်က ညီမတစ်ယောက်အပေါ်ထားတဲ့ စေတနာပေါ့ ...
အားပေးဦးမှာ ကိုမိုးသောက်ညီမလေးပဲ
အလည်သွားလိုက်ဦးမယ် ကိုမိုးသောက်
:)
အဟတ်းp
မိုးသောက်ရေ---
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---
Post a Comment