နှစ်သစ်မှာ ကွန်ပျူတာ အသစ်ဝယ်ရတော့မယ် ထင်ပါရဲ့.. ကွန်ပျူတာလေး လစ်နေလို့ မနည်း ကြိုးစား ပမ်းစား ပြင်နေရတယ် ... တက်ခ် ထားတာကလည်း နှစ်ခုတောင် ရှိတယ်ဗျ ..အစဉ်အတိုင်းပဲ ရေးတော့မယ်ဗျို့ ..
ပထမဆုံး အလှည့်ကျတာက စိတ်ကူးယဉ်ရမယ်တဲ့ ... မမယ်ဂုလေး တက်ခ်ထားတာ ...
အင်း ဒါဆိုလည်း ယဉ်ရတာပါ့ ...
ဟိုး ငယ်ငယ် ပိစိလေး ဘ၀တုန်းက ဘာကို ယဉ်လဲဆိုတော့ ..
ကျနော်က အချိုအရမ်းကြိုက်တယ် .. အိမ်မှာဆိုရင် နို့ဆီဗူးတို့ သကြားဗူးတို့ဆို ကျနော် ခိုးသောက်တာနဲ့ပဲ ကုန်တာ .. အိမ်က ဆူတာပေါ့ .. အဲ့တုန်းကတော့ သူတို့ စေတနာ မသိဘူးလေ .. စားချင်တာပဲ သိတာ ..
ဘယ်ရမလဲ ..
ငါကြီးလာလို့ ပိုက်ဆံတွေ အများကြီး ရှိလာရင် နို့ဆီဗူးကြီး တစ်ဗူးနဲ့ သကြားအထုတ်ကြီး တစ်ထုတ်ဝယ်ပြီး
စိမ်ပြေနပြေ ထိုင်စားမယ် ဆိုပြီးတော့ကို ယဉ်ခဲ့တာ ... မှတ်မှတ်ရရပေါ့ အဲ့ဒါလေးကတော့ ..
အခုတော့လည်း အချိုတွေ သိပ်မစားဖြစ်တော့ပါဘူး ...
နောက် ၁၀ တန်းဘ၀ ...
အဲ့ဒီမှာလည်း စိတ်တွေ တစ်ဆစ်ချိုး ဘ၀က တစ်ဆစ်ချိုးဆိုတော့ စိတ်ကူးယဉ်တာကလည်း တစ်မျိုးပေါ့ ....
လောကကြီးကို အကဲစမ်းချင်တယ် .. စွန့်စွန့်စားစား ခုန်ထွက်ပစ်လိုက်ချင်တယ် ...
တွေ့ရာ မြင်ရာကို ကြည့်ပြီး စိတ်ကူးတွေထဲမှာ မျောလွှင့်နေခဲ့တယ် ...
ကျောင်းက အပြန်မှာ ကလေးလေး တစ်ယောက် လွှတ်နေတဲ့ စွန်လေးကို ကြည့်ပြီး အဲ့ စွန်လေးလိုပဲ ဟိုးအမြင့်ဆုံး အဝေးဆုံးကို ပျံတက်ချင်တယ်... လေတစ်ချက် ဆောင့်တိုက်တိုင်းမှာ ဘေးအနားလေးတွေ တဖျတ်ဖျတ် လူးပြီး အမြင့်ကို တက်တက်သွားတဲ့ စွန်လေးရဲ့ ဘ၀ကို အရမ်း အားကျတယ်.. အဲ့လိုဖြစ်အောင် လုပ်မယ်လို့လည်း စိတ်ကူးယဉ်ခဲ့တယ်လေ ...
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက လေတိုက်တိုင်း ဖျတ်ဖျတ်လူးပြီး တက်သွားတာကို သာ သိတာ ... လေအတိုက်မှာ တစ်ခါတစ်ရံ ပြတ်သွားတတ်တဲ့ စွန်ကြိုးလေးတွေ အကြောင်းကိုတော့ မစဉ်းစားခဲ့မိဘူး ...
အခုတော့ ဘာကို ယဉ်ချင်လဲဆိုတော့
အမေ့အိမ်ကို ပြန်ချင်တယ် .. အမေ ချက်တဲ့ ထမင်း ဟင်းကို စားချင်တယ် .. ငယ်ငယ်က စူစူအောင့်အောင့်နဲ့
ရေလောင်းပေါင်းသင် လုပ်ပေးခဲ့ဖူးတဲ့ အမေ့ရဲ့ ပန်းခင်းလေးကို အခု စိတ်ပါ လက်ပါ နဲ့ ပြန်လုပ်ပေးချင်တယ် ..
ပန်းပင်တွေကြားမှာ အမေ့ရဲ့ မျက်နှာကိုလည်း အားပါးတရ ပြုံးနေစေချင်တယ် ..
အဖေနဲ့လည်း စကားတွေ အများကြီး ပြောချင်တယ် .. အရင်ကလိုပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ စကားနိုင်လုချင်တယ် ....အဖေ့ရဲ့ တာဝန်တွေကိုလည်း ပုခုံးလွှဲယူရင်းနဲ့ သား တစ်ယောက်ရဲ့ အစွမ်းကို ပြချင်တယ် ... ညီမလေးတွေ ရှေ့မှာလည်း မားမားမတ်မတ်နဲ့ အစ်ကိုတစ်ယောက်ရဲ့ တာဝန်ကျေချင်တယ် ....
ကျနော် အခုချိန်မှာ အဖြစ်ချင်ဆုံးကတော့ မေတ္တာရိပ်တွေ လွှမ်းခြုံနေတဲ့ နွေးထွေး လုံခြုံ လှပတဲ့ ပီတိတွေ ကြည်နူးမှုတွေ အများကြီး ပေးနိုင်စွမ်းတဲ့ ကျနော့်မိသားစုရဲ့ အိမ်လေးကို ပြန်ချင်တာပါပဲ ...
ကဲ စိတ်ကူးယဉ်လို့တော့ ပြီးပြီဗျို့ ..
နောက်တစ်ရက်ကို new year night မှာ ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို ဆက်ရေးပါမယ်ဗျို့
အဲ့ tag ကို ရေးရမှာ အားတောင် နာတယ် .. ကောင်းတာ တစ်ခုမှ မလုပ်ခဲ့လို့ :D ...
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

10 ဝေဖန်မှု:
အချိုစားတော့သွားတွေပိုးမစားကုန်ဘူးလား..
အခုလောလောဆယ်ရောဘာတွေစိတ်ကူး.ယဉ်နေလဲ..
:)
ကလေးဘ၀ စိတ်ကူးက ညီမလေးနဲ့ တူတယ်
ညီမလေးလည်း ငယ်ငယ်ကအဲ့ လိုပဲ
အခုတော့ လည်း အဲ့ လိုမတွေးမိတော့ ဘူး
အစ်ကိုတော် ရဲ့ post ထဲမှာ ညီမလေးနာမည်ပါတယ်နော်
ပန်းခင်းလေးတဲ့  ဟီဟီ (နောက်တာနော်)
ကိုကြီးစိတ်ကူးတွေ တကယ်ဖြစ်နိုင်ပါစေလို့ 
ဆုတောင်းလျှက်
စိတ်ကူးယဉ်လေးတွေက ကြည်နူးဖို့ကောင်းလိုက်တဲ့ ။ ဖြစ်ချင်တဲ့ဆန္ဒတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူကပြောမလဲ ဒါအကုန်ပဲလား မိုးသောက်ရ လျှိုထားတာတွေ ကျန်သေးလားလို့း) 1500 အကြောင်းမတွေ့လို့ ။
ငယ်ငယ်တုန်းက အချိုတွေ ခိုးစားးတဲ့ ကောင်လေ့း ရဲ့စိတ်ကူးလေးက ရယ်ရတယ်။ ဆယ်ကျော်သက်အရွယ်တုန်းက စိတ်ကူးက တော့သဘာဝကျပါတယ်။ ခုစိတ်ကူးလေးကိုတော့ ဆက်ပြီးတော့ ယဉ်လိုက်ဦးနော်။ မြန်မာပြည်ပြန်ရာက်ရင်ပြည့်မှာပေါ့။ ဒါနဲ့ အရေးအသားကောင်းတယ်ရှင့်။
ကိုမိုးသောက်ရေ စိတ်ကူးတွေ ပြည့်ဝပါစေဗျာ..
မိုးကြယ်
အမေ့အိမ်ကိုပြန်ချင်တယ်.......အကိုတစ်ယောက်ရဲ့တာ
ဝန်ကျေချင်တယ် အဲဒီအပိုဒ် ရင်ကိုခိုက်တယ်
ဘ၀တူ လူတန်းစားတွေမို့ တောတောင်မှာပျော်မိပါရဲ့
ချိုးငှက်ကယ်တကူကူ
မြောက်ပြန်လေညှင်းကဆော် တဲပေါ်မှာရေနွေးအိုးနဲ့
ဒို့လယ်မြေသာယာလှစေဖို့ ဖိုးမောင်ရေမြန်မြန်လုပ်ပါဟ
အောင်ချက်တွေကမနှေး
သီဟညိမ်း
မိဘအရိပ်နဲ့ ဝေးမှ မိဘမေတ္တာကို တမ်းတတတ်ကြတာ အဝေးရောက်သားသမီးအတိုင်းပါပဲ..
အချိုတော့သိပ်မစားနဲ့နော်.. အဟဲ... သွားပိုးစားကြီးနဲ့ ရုပ်ဆိုးမှာစိုးလို့.... ဟတ်ဟတ်....
စိတ်ကူးယဉ်လေးထဲက အတိုင်း မိဘအတွက် သားကောင်း တယောက် ဖြစ်ပြီး မောင်နှမတွေ အတွက် အစ်ကို ကောင်း တယောက် ဖြစ်နိုင်ပါစေ...စိတ်ကူးတွေ လည်း အမြန်ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ် ဦးဦးမိုးဒေါက်ရေ...
အမေ့အိမ်ပြန်ဖို့ ကြည်နူးမှုတွေကို ကြိုပြီးစိတ်ကူးယဉ်နေပြီပေါ့ ...
စိတ်ကူးထားတဲ့အတိုင်း ဖြစ်လာမှာပါ
ဖြစ်လာပါစေလို့လဲဆုတောင်းပေးပါတယ်
သားတစ်ယောက်တာဝန် အကိုတစ်ယောက်ရဲ့တာဝန်တွေနဲ့ မိဘမောင်နှမတွေကို ပြုစုနိုင်ပါစေ
ကလေးဘ၀စိတ်ကူးယဉ်တာကတော့ အဆန်းပဲ
အသက်ကြီးလာလို့ ပိုက်ဆံများကြီးရရင် နို့ဆီဗူးနဲ့ သကြားအထုပ်ကြီးကို စိမ်ပြေနပြေ ထိုင်ပြီးကိုစားမယ်ဆိုပါလား ကိုမိုးသောက်ရ
ပုလဲကတော့ ငယ်ငယ်တုန်းက အမေမသိတုန်း နို့မှုန့်ပဲခိုးစားဖူးတယ် ဟီးးး :)
မောင်လေးမိုးသောက်ရေ...
မောင်လေး ၁၀တန်းဘ၀တုံးက စိတ်ကူးယဉ်သလိုမျိုး အမလည်း ဆယ်ကျော်သက်အရွယ်တုံးက ယဉ်ဖူးပါ့... အဟား... :D
စိတ်ကူးယဉ်ထားတဲ့အတိုင်း အဖေ့ရဲ့ တာဝန်တွေကို ပုခုံးလွှဲယူနိုင်တဲ့ သားကောင်းတစ်ယောက်... ညီမလေးတွေ ရှေ့မှာ မားမားမတ်မတ်နဲ့ ရပ်တည်ပြီး တာဝန်ကျေတဲ့ အကိုကောင်းတစ်ယောက် ဖြစ်ပါစေကွယ်... :)
အချိုအရမ်းစားတော့ နင်၊ သွားကော ကောင်းရဲ့လား။ ငယ်ငယ်တုန်းက သွားကျိုးလေးလားမသိဘူး။ ဟိ ဟိ။
စတာနော်။ :P
နင့်စိတ်ကူးက ဖြစ်နိုင်ပါတယ်။ မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေ။
Post a Comment