ဘာရယ် မဟုတ်ဘူး သီချင်းလေး တစ်ပုဒ် နားထောင်ရင်းနဲ့ အဓိပ္ပာယ်လေး သဘောကျလို့ တင်ပေးလိုက်တာပါ ..
ဟဲလေး နဲ့ ခင်ဘုဏ်း ဆိုထားတာ.. နှစ်နားညီ တဲ့ သီချင်းနာမည်က.. နားထောင်ပြီးတော့ တော်တော် သဘောကျတယ် ..
မြန်မာ သီချင်းကို မြန်မာလို ပြန်ရေးပေးလို့ တစ်မျိုးမထင်ပါနဲ့ ..အဓိပ္ပာယ်လေးကို ပိုပြီး ပေါ်လွင်စေချင်လို့ပါ :P
အရွယ်မလွန်ခင်လေး အမေ့ချွေးမလှလှရွေး
အိမ်တွင်းမှုအသိမ်းအထုပ်နိုင်တဲ့ ကောင်မလေးမျိုးဟေ့ .....
ဗေဒင်တွေမေး ကျနော်ရည်းစား လှလှရွေး
အိမ်ထဲက စီးတဲ့ ရေ အတွက် ဆည်တဲ့ ကန်သင်းမျိုးလေး .....
ကျနော့်ရဲ့ မဟာဗျူဟာမှာ အချစ်တော့ မပါဘူးလေ
ကောင်းချီးပေးပါဗျာ ကျနော် သူရဲကောင်းလေး
အသည်းကွဲခံကာ ဘာညာ မစဉ်းစားတတ်ဘူးဟေ့
အကျိုးဆက်က ဒီမှာ ကျနော်ရှာတွေ့တဲ့ ရည်းစားလေး .....
အရွယ်မလွန်ခင်လေး အဖေခိုင်းဖို့ သားသမက်ရွေး
တကယ် ထက်ထက်မြက်မြက် ကောင်လေး
ငယ်ငယ်တစ်ယောက်လောက်ဟေ့ ......
ဗေဒင်တွေမေး ကျမ အမျိုးကောင်းသားကိုရွေး
စိတ်ကူးရဲ့ အိပ်မက်မှာတော့ သူက မင်းသားလေး .......
ကျမရဲ့ အစီအစဉ်တွေမှာ အချစ်စိတ်မပါဘူးလေ
မချစ်တတ်သေးခင်မှာ လွယ်လွယ်လေးပဲတွေး
အသည်းကွဲခံကာ ဘာညာ သိပ်နားမလည်ဘူးလေ
မင်းနဲ့ မတွေ့ခင်မှာ မာနကြီးတဲ့ မင်းသမီးလေး .......
ဒီလိုနဲ့ပဲ ကျနော်ကမ်းမယ့် လက်တွေနဲ့
သူလှမ်းမယ့် လမ်းအတွက် ရည်စူး စံပယ်တွေ ခင်းဖူးခဲ့ ....
ဒီလိုနဲ့ပဲ မောင်ပြောတဲ့ စကားတွေနဲ့
ကျမ ရူးခဲ့ဖူးတဲ့ စိတ်ကူး အရည်ပျော်မူးယစ်ခဲ့ .....
အပြောင်းအလဲမှာ လူဟာ သတ္တိတွေနဲ့ ပြည့်
ကောင်းချီးပေးပါဗျာ ကျနော် သူရဲကောင်းလေး ....
အချစ်အတွက် ကျန်တာ ဘာညာ မစဉ်းစားချင်ဘူးလေ
ကျမအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး ....
ဒီလိုနဲ့ပဲ စိတ်ကူးနဲ့ လက်တွေ့လွဲ
အိမ်တွင်းမှု အချက်အပြုတ် ကျနော်ပဲ ပါရမီ ဖြည့်ဖြစ်ခဲ့ ....
ဒီလိုနဲ့ပဲ အိမ်ကပ်တဲ့ မောင့်ကိုယ်စား
ကျမ စီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့ .....
အပြောင်းအလဲမှာ လူဟာ သတ္တိတွေနဲ့ ပြည့်
ကောင်းချီးပေးပါဗျာ ကျနော် သူရဲကောင်းလေး .....
အချစ်အတွက် ကျန်တာ ဘာညာ မစဉ်းစားချင်ဘူးလေ
ကျမအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး ......
ဒီလိုနဲ့ပဲ စိတ်ကူးနဲ့ လက်တွေ့လွဲ
အိမ်တွင်းမှု အချက်အပြုတ် ကျနော်ပဲ ပါရမီ ဖြည့်ဖြစ်ခဲ့ ....
ဒီလိုနဲ့ပဲ အိမ်ကပ်တဲ့ မောင့်ကိုယ်စား
ကျမ စီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့ ................
ကဲ သူတို့ကတော့ ဟုတ်နေပြီ ကိုယ့် အလှည့်ကျရင် ဘယ်လိုလာမလဲ မသိသေးဘူး ခင်ဗျ .. ပဲပြုတ်ပဲ ရောင်းကျွေးရမလား မသိဘူး :P ဒါမှ မဟုတ် ဒီလိုနဲ့ပဲ စိတ်ကူးနဲ့ လက်တွေ့လွဲ ဆိုပြီး အ၀တ်တွေပဲ ထိုင်လျှော်နေရမလား မသိ အဟား
အောက်မှာ သီချင်းလေးခံစားလို့ရအောင် တင်ပေးလိုက်ပါတယ်ခင်ဗျ :P
ခင်မင်တဲ့
မိုးသောက်
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

13 ဝေဖန်မှု:
သြော် မောင်မိုးသောက်..မောင်မိုးသောက်.း)
မောင်လေး ဆားပဲချက်မနေနဲ့ စာကောင်းကောင်းရေးပါ
ဦး. ဆားချက်တာ၃ခေါက်ရှိနေပြီ ..တော်ပြီ။
ဝမ်းသာအားရလာဖတ်မိပါတယ်. သီချင်းနဲ့ တိုးနေတယ်။
ပဲပြုတ်တော့ မရောင်းပါနဲ့ ဆိုက်ကားလောက်တော့နင်းပါ :)
အိမ်လာလည်ရင် မြင်ယောင်သေး။ ကိုသောက်ရေဆို ခဏလေးဗျာ အိမ်တွင်းမှုကိစ္စ ဗာဟီရတွေ ရှုတ်နေလို့  ဆိုပြီး အိုးမဲတွေပေ၊ ယောင်းမခါးကြားထိုးလို့  ငရုတ်ကျည်ပွေ.ကြီးလက်ကကိုင်ပြီး ထွက်လာရင် ဟေဟေ.။
ကိုကြီးဇင်ယော်ပြောသလိုပဲမြင်ယောင်မိသွားတယ်
အဲလိုလုပ်နဲ့လေ...စိတ်ကိုထိန်းမှပေါ့ လူပျိုကြီးပဲလုပ်ပါ တူမလေးတွေထိန်းပေါ့...ဟီးး
မိုးသောက်ရေ---
သီချင်းလေးကို သိပ်ကြိုက်ပုံရတယ်----
အင်း-----------
ဒါပဲပြောတော့မယ်-----
ဟိ ဟိ၊ သီချင်းလေးနားထောင်ပြီး ဗေဒင်ဟောလိုက်မယ်နော်။ :P မောင်မိုးသောက်တစ်ယောက်၊ ဟဲလေးနဲ့တူရန်(99)ရာခိုင်နှုန်းလောက် ရှိသည်တဲ့။
ဟဲ ဟဲ၊ အခုထဲက ကြိုတင်ပြင်ဆင်မှုလုပ်သင့်ပြီ။ :P :P
ကိုသောက်
ခင်ညားဟာ
ကိုလူဝပြောသလို
ဖြစ်မဲ့လူပဲ။
မဟုတ်ဘူးလိုငြင်းချင်ရင်
ဖြေရှင်းချက်ပိုစ့်တစ်ခုထပ်ရေးပါ။
ဒါပဲ။
ကိုမိုးသောက်ရေ.....
လာနားဆင်သွားတယ်ဗျာ.....
အဆင်ပြေပါစေ ဗျာ....
အော်.. အခုမှသိတော့တယ်.. လက်စသတ်တော့ ဦးမိုးဒေါက်မိန်းမက မလှလှရွေး
ဖြစ်နေတာကိုး.. အ ဟိ..
သိသွားပြီ.. ဟားဟား.. :P :P
ဘယ်သူမှပြန်မပြောဘူး..စိတ်ချ.. အဟားဟား
:P
မောင်လေးမိုးသောက်ရေ...
မြင်ယောင်မိတယ်... မြင်ယောင်မိတယ်... :P
သီချင်းလေးနားထောင်သွားတယ် ကိုမိုးသောက်
နှစ်ခါနားထောင်သွားတယ်နော် ...
ဒီလိုနဲ့ပဲမှာ ကိုယ့်ဘာသာရပ်လိုက်တယ်
လွဲမှာစိုးလို့
ကျေးဇူးနော်
သီချင်းလေးကကောင်းတယ်ရှင့်
ကျတော်လည်းကြိုက်သွားပြီဗျာ
ဟားဟား
ကျတော့်အလှည့်ကျရင်လည်းဘယ်လိုနေမလဲမသိဘူး
အင်းးးးး
မြင်ကြည့်သွားတယ်
ကိုမိုးသောက်အလှည့်ကျရင်
ဘယ်လိုနေမလဲဆိုပြီးတော့ လေ
Post a Comment