ကျနော် မရှိတဲ့ အချိန်မှာ ကျနော့်အိမ်လေးဆီ လာပြီး အားပေး နှစ်သိမ့်ပေးခဲ့ကြတဲ့ မောင်နှမတွေ ညီအစ်ကိုတွေ
သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ..
ဒီစာပုဒ်လေးတွေက ကျနော် တစ်ယောက်တည်း ယောင်တောင်တောင် ဖြစ်နေတုန်းက
စိတ်ထဲပေါ်ရာ ရေးထားတဲ့ စာစုလေးတွေပါ ...
၁။ .......
ညဟာ
နှစ်လိုဖွယ်ကောင်းတဲ့
မိန်းမပျိုတစ်ယောက်လို
ကပိုကရိုနဲ့
အထာပိုလို့
ဖြူလွှလွှ နှင်းဝတ်ရုံတွေကို
တစ်လွှာချင်း ခွာချနေတယ် ...
ဆောင်းတွင်းရဲ့ နှင်းမှုန်တွေနောက်မှာ
ကြယ်လေးတွေ ကြည်နူးနေတာလား ...
ငိုကြွေးနေကြတာလား ...
ဒါမှမဟုတ်
အတ္တတွေ စီးချင်းထိုးပြီး ရန်ဖြစ်နေကြတာလား ....
သူတို့ကို အတိအကျ မမြင်ရပေမယ့်
သူတို့ကတော့ ငါ့ကို မြင်နိုင်မလားပဲ ..
ဒီလိုနဲ့
စေတနာပို ပြုံးပြလိုက်မိတဲ့
ငါ့မှာတော့ အရူးကြီးကို ဖြစ်လို့
သူတို့ကတော့
ငါ့ရင်ဘတ်ထဲကို
တစ်စလေးမှ ခံစားမပေးနိုင်ခဲ့ကြဘူး .......
၂။.........
ဘာပဲ ဖြစ်ဖြစ်ပါ
ငါ့ဒိုင်ယာရီထဲမှာတော့
ငါက သူရဲကောင်းပဲလေ
ကောင်မလေးရယ်
စိတ်မဆိုးပါနဲ့
မင်းကိုတော့ မင်းသမီး တင်ပေးထားပါတယ် ....
၃။.......
ကောင်မလေးရေ
အတ္တတွေ ဘယ်လောက်ထက်တယ်ဆိုတာ
သက်သေပြချင်ရုံ သက်သက်နဲ့တော့
ဒဿနတွေ ကျက်နေစရာ မလိုပါဘူး
တစ်ကယ်ဆို ငါဟာ
ဘာကိုမှ ကိုင်ဆွဲမထားချင်သူပါ ..
အနိုင်လိုချင်ရုံ သက်သက်နဲ့လည်း
စီးပွားရေး လာမဆန်ပါနဲ့
ငါ့ရင်ဘတ်က ဈေးကွက် မဟုတ်ဘူး
မင်းလိုရင် ပေးလိုက်ဖို့
ရင်ဘတ် တစ်ခုလုံး ဖွင့်ပေးထားတယ် ...
၎။.......
ကောင်မလေးရေ
အငွေ့ပျံမှာ ကြောက်လို့
စိုးထိတ်နေတာ မဟုတ်ပါဘူး
တိမ်ငိုတဲ့ မိုးကြောင့်
မင်းသနပ်ခါးလေးတွေ ပျက်သွားမှာစိုးလို့ပါ ...
၅။.......
ဖြူစင်တဲ့ အပြုံးတစ်ခု အတွက်
ငါအားလုံးကို စွန့်လွှတ်ရဲတယ်
နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်
သတိရ တဲ့ အခါ လှမ်းကြည့်လိုက်ပေါ့
ဆောင်းလေရူးလေးတွေ အေးမြစဲပဲ
ငါ့ရင်ခွင်လည်း နွေးထွးစဲပါပဲ .....
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

22 ဝေဖန်မှု:
ဒဿနတွေ ကျက်နေစရာ မလိုပါဘူး
တစ်ကယ်ဆို ငါဟာ
ဘာကိုမှ ကိုင်ဆွဲမထားချင်သူပါ ..
ကြိုက်တယ်ဗျာ ကြိုက်တယ်ဗျာ။
ဟဟ..
ကဗျာတွေထွက်လာပြီ..
ဒါမှ နာ့မောင်လေးကွ..
ကောင်မလေးရေ....
မောင်လေးကို စိတ်မဆိုးပါနဲ့ကွယ်..
သူခမျာ ဘလော့မရေးပဲ တစ်ပတ်လောက်မနဲ အောင့်အီး
ပြီးနေလိုက်ရရှာတာ ..ဟဟား
*********************
ဖြူစင်တဲ့ အပြုံးတစ်ခု အတွက်
ငါအားလုံးကို စွန့်လွှတ်ရဲတယ်
နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်
သတိရ တဲ့ အခါ လှမ်းကြည့်လိုက်ပေါ့
ဆောင်းလေရူးလေးတွေ အေးမြစဲပဲ
ငါ့ရင်ခွင်လည်း နွေးထွးစဲပါပဲ .....
ကဗျာကောင်းလေးတစ်ပုဒ်ရသွားတာပေါ့မောင်လေးရေ.
အဆင်ပြေပျော်ရွှင်ကြပါစေနော်.
မမ၀ါ
အကို ရဲ့ ကဗျာ ဖတ်လိုက်ရတော့ ဆရာတာရာမင်းဝေ ရဲ့ မီးတောက်ရသမ် ကဗျာကို လွမ်းမိတယ်ဗျာ
တကယ် ကောင်းတဲ့ကဗျာ လေးပဲဗျာ.......
ကျနော်ကတော့ကဗျာမရေးတတ်လို့ ရေးတတ်တဲ့ အကိုအမတွေကိုပဲ အားကျနေရတာ
အင်းစိတ်ထဲပေါ်ရာကို
ကောက်ရေးလိုက်လို့လားမသိဘူးဗျို့
ကောင်းတယ်ဗျား။
ရင်တွင်းဖြစ်ကဗျာလေးမို့ ကောင်းလွန်းလှတယ်.
http://winzaw-mdy.blogspot.com
.:P
ur poem is so interested i like it so much.
i will encourage u
u r so clever. I expect coming post .
:p
maybo
ပြန်ရောက်ပြီလားအကို
မျော်နေတာဗျ
ဆောင်းညရဲ့ သံစဉ်လေးက အရမ်းမိုက်တယ်ဗျာ
အမြဲတမ်းအားပေးနေပါတယ်
ကောင်မလေးရေ...မင်းကို မက်မက်တို့ အရမ်းကျေးဇူး
တင်တယ်ကွယ်.. .မင်းကြောင့်မို့ ငါတို့ အခုလို ကဗျာကောင်းလေးတွေကို ဖတ်ခွင့်ရလို့ ...
ဦးဒေါက်ရေ.. မိုက်တယ်ကွာ.. ရေရေလယ်လယ်
လန်းတယ်... ယောင်တောင်ဖြစ်လို့ရေးထားလို့လား
မသိဘူး.. အင်မတန်ထိတယ်... ဟိဟိ... :P
အနိုင်လိုချင်ရုံ သက်သက်နဲ့လည်း
စီးပွားရေး လာမဆန်ပါနဲ့
ငါ့ရင်ဘတ်က ဈေးကွက် မဟုတ်ဘူး
မင်းလိုရင် ပေးလိုက်ဖို့
ရင်ဘတ် တစ်ခုလုံး ဖွင့်ပေးထားတယ် ...
မိုက်တယ်နော်...လန်းတယ်.. ဟိဟိ
ညဟာ
နှစ်လိုဖွယ်ကောင်းတဲ့
မိန်းမပျိုတစ်ယောက်လို
ကပိုကရိုနဲ့
အထာပိုလို့
ဖြူလွှလွှ နှင်းဝတ်ရုံတွေကို
တစ်လွှာချင်း ခွာချနေတယ် ...တဲ့
(အင်း.. ဒီည တော်တော်ဆိုးတာပဲ..ကောင်မလေးရဲ့
ဝတ်ရုံကို တလွှာချင်းခွာချတယ်ဆိုပဲ... ဟိဟိ... :P :P)
ကဗျာကရှယ်ပဲ..
ပြန်ပေါ်လာပြီပေါ့....
ကဗျာကိုတော့ တစ်ကယ်ကြိုက်သွားပြီ
ကောင်းတယ်ဗျာ ဒီပိုဒ်လေးတော့ပိုကြိုက်တယ်
ဖြူစင်တဲ့ အပြုံးတစ်ခု အတွက်
ငါအားလုံးကို စွန့်လွှတ်ရဲတယ်
နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်
သတိရ တဲ့ အခါ လှမ်းကြည့်လိုက်ပေါ့
ဆောင်းလေရူးလေးတွေ အေးမြစဲပဲ
ငါ့ရင်ခွင်လည်း နွေးထွးစဲပါပဲ .....
အားပေးလျက်ပါ
၎။.......
ကောင်မလေးရေ
အငွေ့ပျံမှာ ကြောက်လို့
စိုးထိတ်နေတာ မဟုတ်ပါဘူး
တိမ်ငိုတဲ့ မိုးကြောင့်
မင်းသနပ်ခါးလေးတွေ ပျက်သွားမှာစိုးလို့ပါ ... အတော်ချစ်တာပဲ ဒါလေးတော့အကြိုက်ဆုံး ... ကဗျာတိုင်းကကောင်းတယ် နွေးလဲနွေးတယ်
၃။....... ကမိုက်တယ် အဲလိုရေးထားတာလေးကိုသဘောကျတယ် စီးပွားရေးသုံးထားတာလေးက တစ်မျိုးလေးပဲ
ရေးတဲ့သူတော့ခံစားလို့ကောင်းမှာဟုတ်လောက်ဘူး
ဒါပေမယ့်ဖတ်တဲ့သူကတော့ တော်တော်လေးကြိုက်သွားပြီ
အားပေးသွားတယ် ကိုမိုးသောက်ရေ
အဆင်ပြေပါစေနော် :D :P
ကိုမိုးသောက်ကြီး..ကဗျာတွေက တယ်လန်းနေပါလား မိုက်တယ် ကဗျာကောင်းလေးတွေ ပြန်ရေးနေပြီးဆိုတော့
ဝမ်းသာတယ်ဗျို့ အားပေးနေမယ် ဆက်လုပ်ဗျို့
ဖြူစင်တဲ့ အပြုံးတစ်ခု အတွက်
ငါအားလုံးကို စွန့်လွှတ်ရဲတယ်
နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်
သတိရ တဲ့ အခါ လှမ်းကြည့်လိုက်ပေါ့
ဆောင်းလေရူးလေးတွေ အေးမြစဲပဲ
ငါ့ရင်ခွင်လည်း နွေးထွးစဲပါပဲ .....
ဒီစာသားလေးကို အကြိုက်ဆုံးဘဲ...
ချစ်သူလေးနဲ့ ပျော်ရွှင်ပါစေ...
ကဗျာလေး ကောင်းလိုက်တာ...
ပြန်လာပြီဆိုလို့ဝမ်းသာတယ်ဗျာ..
ကဗျာကောင်းတစ်ပုဒ်ပါ..
မိုးကြယ်
ကဗျာလေးလှလိုက်တာ----
အင်း... အဲ... အင်း... အဲ...
ကောင်းတယ်...
ဆက်ရေး...
လာဖတ်မယ်...
ဒါပဲ...
ဂလောက်...
နောက်တခေါက်ထပ်လာဖတ်တယ်၊ ဒီတခါတော့ အေးအေးဆေးဆေးပါပဲ... :P
ကဗျာကောင်းလေးဖတ်ရတဲ့အတွက်ဝမ်းသာ
တယ်ဗျာ**ဆက်လက်ရေးသားနိုင်ပါစေခင်ဗျာ**
ကဗျာလေးကို သေချာဖတ်သွားတယ်...။
ကဗျာလေး က ဖတ်တိုင်း ကောင်းနေလို့ မှတ်ချက် ၂ ခါပေးပါရစေ ကိုမိုးသောက် ရယ်
အရမ်း အနုပညာဆန် တာပဲဗျာ
ညီလေး
ရှင်းသန့်
မိုးသောက်ရေ ရှာလာတဲ့ကုန်ကြမ်းတွေက စွမ်းလှပါလား။ ကဗျာ လေးက ကွာလတီလေးပဲ။
စိတ်မဆိုးဘူးဆိုရင် နောက်ကြည့်မယ်..
ညဟာ
နှစ်လိုဖွယ်ကောင်းတဲ့
မိန်းမပျိုတစ်ယောက်လို
ကပိုကရိုနဲ့
အထာပိုလို့
ဖြူလွှလွှ နှင်းဝတ်ရုံတွေကို
တစ်လွှာချင်း ခွာချနေတယ် ...
(အသက်၁၈နှစ်အောက် ကလေးဘလော့ဂါ များမဖတ်ရ။)
ဆောင်းတွင်းရဲ့ နှင်းမှုန်တွေနောက်မှာ
ကြယ်လေးတွေ ကြည်နူးနေတာလား ...
ငိုကြွေးနေကြတာလား ...
ဒါမှမဟုတ်
အတ္တတွေ စီးချင်းထိုးပြီး ရန်ဖြစ်နေကြတာလား ....
သူတို့ကို အတိအကျ မမြင်ရပေမယ့်
သူတို့ကတော့ ငါ့ကို မြင်နိုင်မလားပဲ ..
(အတူတူပဲတဲ့ သူတို့လဲမူးနေတယ်။ လူတွေမူးရင်ကြယ်တွေ၊ လတွေမြင်ရသလို...ကြယ်တွေမူးရင်လဲ...)
ဒီလိုနဲ့
စေတနာပို ပြုံးပြလိုက်မိတဲ့
ငါ့မှာတော့ အရူးကြီးကို ဖြစ်လို့
သူတို့ကတော့
ငါ့ရင်ဘတ်ထဲကို
တစ်စလေးမှ ခံစားမပေးနိုင်ခဲ့ကြဘူး .......
(ကဲ...မှတ်ပလါး shopping centre ထဲက အကျင်.တွေဖျောက်ပါဆို ပြောမှမရတာ၊)
ဘာပဲ ဖြစ်ဖြစ်ပါ
ငါ့ဒိုင်ယာရီထဲမှာတော့
ငါက သူရဲကောင်းပဲလေ
ကောင်မလေးရယ်
စိတ်မဆိုးပါနဲ့
မင်းကိုတော့ မင်းသမီး တင်ပေးထားပါတယ် ....
(အတွေ့ အကြုံအရ ပြောရရင် မိုးသောက်ရဲ့ ကဗျာထဲက ကောင်မလေးအတွက် စိတ်မကောင်းဘူး
ွှရုပ်ရှင်တွေထဲမှာဆို များသောအားဖြင့် ဇါတ်သိမ်းမှာသူရဲကောင်းတွေက သူတို့ ရဲ့ မင်းသမီးချစ်သူတွေကို
ချစ်လျှက်နဲ့ တခြားဘုရင်တွေဆီဆက်သရင်သ၊ ဒါမှမဟုတ်ရင်
ကလေး၁ယောက်နဲ့ မုဆိုးမ အဖြစ်ထားခဲ.ရတာလေ)
Post a Comment