ကျနော် ပြောချင်နေတယ် ဒါပေမယ့် ဘာကို ပြောရမှန်း မသိဘူး ရင်ထဲမှာ စကားလုံးတွေ အပြည့်အသိပ်ပဲ
ဘာတစ်ခုမှလည်း ထွက်ကျမလာတော့ပါဘူး စကားလုံးအားလုံး စွံ့အ နေကြပါပြီ ..
ကျနော် ချစ်တဲ့ ဘလော့လေးကို ဖျက်လည်း မဖျက်ရက်ဘူး ...
အဲ့ဒီတော့ ရှောင်နေလိုက်ဦးမယ်ဗျာ ..
စိတ်ပါတဲ့ တစ်နေ့တော့ ပြန်လာခဲ့ပါဦးမယ် ...
ကျနော် ရရှိလိုက်တဲ့ အစ်ကိုတွေ အစ်မတွေ ညီငယ် ညီမငယ်တွေ သူငယ်ချင်းတွေ အားလုံးကို နုတ်ဆက်ပါတယ် ...
အားလုံးပဲ စစ်မှန်တဲ့ ငြိမ်းချမ်းမှုမျိုးနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ ...
ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၃
21 hours ago

13 ဝေဖန်မှု:
မောင်လေး မိုးသောက်ရေ..
စာရေးကောင်းတဲ့မောင်လေး ဒီလိုလုပ်သွားမယ်ဆိုရင်
တော့ အမ စိတ်ကောင်းမိမှာ မဟုတ်ပါဘူး ။
မောင်လေးဘာတွေပြောချင်နေတာလဲ ဆိုတာကို အမ
တစ်ယောက်အနေနဲ့ သိနေပါတယ်။
ရဲရဲကြီးရေးချလိုက်ပါ မောင်လေး.
ဘယ်သူ့ကိုမှ အားနာစရာမလိုပါဘူး။ ရိုင်းပြတဲ့ စကားလုံး
မပါရင်ပြီးတာပဲပေါ့ မောင်လေးရယ်။
အားလုံးကို အမနားလည်းနေပါတယ်။
ဘလော့ဂါလောက က ဒီလိုပါပဲ မောင်လေးရေ..ပတ်
ရှုတ်နေကြတာလေ။အားလုံးအဆင်ပြေသွားကြလိမ့်
မယ်လို့မျှော်လင့်ပါတယ် မောင်လေး ရေ။
အမ တကယ် စိတ်မကောင်းဖြစ်မိ
တယ်။ ဘာကိုမှန်းတော့ မသိတော့ဘူး။
အဆင်ပြေပါစေ။
မမကြီး
မမ၀ါ
မိုးသောက်ရေ---
ဘာတွေဖြစ်နေတာလဲ---
ကျနော် ချစ်တဲ့ ဘလော့လေးကို ဖျက်လည်း မဖျက်ရက်ဘူး ...
ဆိုတော့--စိတ်မကောင်းစရာတွေ့နေပြီထင်တယ်--
ကိုယ်လုပ်စရာရှိတာကို လုပ်မြဲတိုင်းလုပ်နေပါ--
ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့ပဲအရေးကြီးပါတယ်--
အယ်... ဦးဦးမိုးဒေါက်... ဒါက ဘယ်လိုဖြစ်တာလဲ.. မနောက်နဲ့ နော်.. ဟင့်..
နိုလိုက်မှာ...
ဘယ်သွားမလို့ လဲ...... မြန်မြန်ပြန်လာခဲ့... စောင့်နေမယ်..
ပြန်လာရင် မုန့်ဝယ်လာခဲ့
အင်းး
နားလိုက်ပါ.. စိတ်လက်ပေါ့ပါးသွားတဲ့တစ်နေ့ပြန်လာခဲ့ပေါ့ အစ်ကို...
ဝေလေးကိုပြောခဲ့သလိုပဲပေါ့... ပြန်မပြောတော့ဘူးနော်....
စိတ်အေးချမ်းနိုင်ပါစေ....
ကိုမိုးသောက်ရေ ..မောလို့ နားရင်လဲ ခဏတဖြုတ်နားပေါ့နော် ..အမောပြေရင် လမ်းဆက်လျှောက်ရမှာပေါ့ .ပန်းတိုင်မရောက်ကြသေးဘူးလေ။
စာကောင်းလေးတွေ၊ပုံပြင်လေးတွေ ဖတ်ဖို့မျှော်နေတယ်။
ကိုသောက်ရေ
စိတ်မကောင်းစရာတွေကတော့
လူတိုင်းကြုံနေကြ၇တာပါပဲ
မိတ်ဆွေကောင်းတွေ
ရှိနေသေးတယ် ဆိုတာကို
မမေ့ပါနဲ့
ရှေ့က ညီအစ်ကိုမောင်နှမတွေ
ပြောသလိုပါပဲဗျာ။
ကိုမိုးသောက်ကြီးရေဘယ်လိုဖြစ်တာလဲ...ဘာတွေဖြစ်လို့လဲ
ပြောချင်တာရှိရင်လဲပြောချလိုက်ပါ...ရင်ဖွင့်လိုက်ပေါ့
ကိုမိုးသောက်ကြီးကွန်မန့်အပေါ်မှာရေးထာသလိုပေါ့..
ရေးတော့မယ်ပေါ့ အမယ် စိတ်မထင့်ပါနဲ့ ရေးချင်ရာသာရေး ..အဲ့လိုပဲလုပ်လိုက်ပေါ့ကိုမိုးသောက်ကြီးရဲ့
အမြဲတမ်းစောင့်မျှောနေပါတယ်နော်....
ဟ ဘီလိုဖစ်တာတုန်းဟ။ အင်း တခုခုတော့ တခုခုပဲ။ ခဏနားလိုက်ကွာ။ သွေးအေးသွားရင် ပြန်စဉ်းစားပြီး လုပ်သင့်တာလုပ်ပေါ့။ ဘလော့ကိုတော့ မဖျက်ပါနဲ့ ။ ဘာလို့ လည်း ဆိုတော့ ဘ၀မှာ ရရှိခဲ့ဖူး၊ ပြုလုပ်ခဲ့ဖူးတဲ့ အမှတ်တရတွေထဲမှာ ဒါလေးလည်းပါတယ်ကွ။ ဘာပဲဖြစ်ဖြစ် နောင်တချိန်ကျ သတိတရ ထုတ်ကြည့်လို့ ရတဲ့ ဓါတ်ပုံ၊ ပို့ စ်ကဒ်တစ်ခုလိုပေါ့ကွာ။ အမြန်ဆုံး အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ။
ကိုမိုးသောက်ရယ်။ အပြီးတော့ နှုတ်ဆက်မသွားပါနဲ့။ ခေါင်တို့လဲ ဒီလိုပဲ.. ခဏ ခဏ ဒီဘလော့ကို ပစ်ထားခဲ့ပစ်လိုက်ချင်တာ..
ဒါပေမယ့် .. မလုပ်ရက်ဘူး...
အဆင်ပြေသွားတဲ့ အခါ ပြန်လာပါနော်..
ညီလေးရေ ခလုတ်တစ်ချက် တိုက်လိုက်တာနဲ့ လမ်းဆက်မလျောက်ကြစတမ်းဆို လျောက်စရာ လမ်းကို ရှိမှာ မဟုတ်တော့ပါဘူးကွာ။ ရဲရဲသာလျောက်ပါ။
အကိုဆိုရင် ကိုယ်တိုင်က အမှားတွေ အများကြီး လုပ်ခဲ့၊ ပြောခဲ့၊ ရေးခဲ့မိသလို သူများတွေ အပြောလဲ ကောင်းကောင်းခံခဲ့ဘူး၊ ခံနေရဆဲပါပဲ။ အဲဒီအမှားတွေကို သင်ခန်းစာယူပြီး တစ်ဖြည်းဖြည်း အမှားနည်းအောင်၊ အကျမနာအောင် ခလုတ်တိုက်လဲလိုက် ပြန်ထလိုက်နဲ့ အရှေ့ကို ရောက်အောင်တော့ အမြဲ သွားဖြစ်နေတယ်လေ။ ညီလေး ကိုယ့်ယုံကြည်ချက်ကို ဘယ်တော့မှ လွယ်လွယ်နဲ့ အလျော့ မပေးပါနဲ့။ ကိုယ့်နှလုံးသားကိုလဲ ကြားစကားတွေနဲ့ မညစ်နွမ်းပါစေနဲ့ကွာ။
အားပေးနေတယ်
အကို
ဘလူးဖီးနစ်
ကဲ.. ကိုမိုးသောက်ကြီး... အဲလို နေနဲ့ လေကွယ်... ရေးချင်တာတွေ ရှိရင် ရေးထည့်လိုက်နော်... ဘာမှ စိတ်ညစ်မနေနဲ့ ... စိတ်တွေ ထင့်မနေနဲ့ ...နော်... ရေးချင်တာတွေ ရေးလိုက်နော်.... ကဗျာအသစ်တွေကို စောင့်နေမယ်နော် ကိုမိုးသောက်ကြီး... ကဗျာတွေ သိပ်ကြိုက်တယ်ဗျာ... ရေးပါဦးနော်...
အကိုရေ အဲလိုတော့မလုပ်ပါနဲ့ဗျာ ကျတော်တို့မောင်နှမတွေခင်တာတောင်မကြာသေးဘူး
အားပေးနေတဲ့ပရိတ်သတ်ကိုတော့ အကို ငှဲ့သင့်ပါတယ်ဗျာ
ကျတော်လည်းအကို့ပိရိတ်သတ်တွေထဲက တယောက်ပါ
မိုးသောက်ကြီးရေ...
ကဗျာတွေငတ်နေပြီ
စိတ်ပါတဲ့ တစ်နေ့တော့ မရောက်ခင်တရက်ကြိုပြီး အမြန်ပြန်လာခဲ့ပါ
Post a Comment