သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

8.11.08

အို ဘယ့် ဒေ၀ီ


ဒီရက်ပိုင်း အပျောက်ရိုက်တာ များသွားတဲ့အတွက် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်နော် :P
မနက်ခင်းတစ်ခုမှာပေါ့ ..
မိန်းမ က တောလိုက်ဖို့ ပြင်နေတဲ့ ယောက်ကျားကို
မောင်ရေ ကျမ ဒီနေ့ ဟိုဘက်ရွာက ကျမ အမျိုးတွေဆီကို သွားဦးမယ် တစ်ညလောက်တော့ အိပ်မယ်နော် ..
အဲ့လိုလည်း ပြောရော ယောက်ကျားကလည်း ကြည်ကြည်ဖြူဖြူပါပဲ ခွင့်ပြုလိုက်တယ် ...
ဒီလိုနဲ့ပဲ ယောက်ကျားဖြစ်သူ တောလိုက်ဖို့ ထွက်ခဲ့တာပေါ့ ..
တောထဲရောက်လို့ ရေအိုင်တစ်ခုနားလည်းရောက်ရော ရေဘဲတစ်ကောင်ကို တွေ့တယ် ..

ဒါနဲ့ မြှားနဲ့ ပစ်လိုက်တယ်ပေါ့ ...
ဒါပေမယ့် ဘဲကို မထိဘူး .. ဘဲလည်း ထပျံသွားတယ် ..
သူလည်း ဘဲကို မရတော့ သူ့မြှားကို နှမျောတာနဲ့ မြှားကို ပြန်လိုက်ရှာတယ် ဒါပေမယ့် မတွေ့ဘူးတဲ့ ..
နောက်ဆုံး ဘယ်လိုမှ ရှာလို့ မရလို့ လက်မှိုင်ချပြီး ထိုင်နေတဲ့ အချိန်မှာ
ရှင့် မြှားက ဒီမှာရှင့် .. ဆိုတဲ့ အသံလေးကြားလိုက်တယ် ..


သူလှည့်ကြည့်လိုက်တော့
မြှားနဲ့ အတူ အဲ့ဒီပေါ်မှာ ထိုင်နေတဲ့ ဖားလေး တစ်ကောင်ကို တွေ့တယ် ...
သူလည်း အရမ်းကို အံ့သြနေတာပေါ့ ဖားက လူစကားပြောတယ်ဆိုတော့ ...
ကျမ ကို အိမ်ခေါ်သွားပါ ရှင် .. လို့ ဖားလေးက ဆက်ပြောတယ် ..
သူလည်း ဖားလေးကို အိမ်ကို သယ်လာခဲ့တယ် ..

ယောက်ကျား ဖြစ်သူ အရမ်းကို ပျော်ရွှင်နေတယ် .. သူ့ဘ၀ မှာ လူစကားပြောတဲ့ ဖားကို ပုံပြင်တွေ ဒဏ္ဍာရီတွေ ထဲမှာပဲ
ကြားဖူးပြီး အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူးလေ ..
အဲ့ဒီဖားလေးနဲ့ သူနဲ့ ညစာ အတူတူစားတယ် .. အကောင်းစား အရက်ပျော့ပျော့လေးတွေကို အတူတူ သောက်ကြတယ်...
ပြီးတော့ သီချင်းအတူတူဆိုကြတယ် ...
ဒီလိုနဲ့ အိပ်ယာဝင်မယ်လည်း ပြင်ရော ဖားလေးက သူနဲ့ အတူတူ အိပ်ချင်တယ်တဲ့ တောင်းဆိုလာတယ် ..
သူလည်း ဖားလေးကို သူနဲ့ အတူတူပဲ အိပ်ခိုင်းလိုက်တယ် ..
ခဏလောက်နေတော့ ဖားလေးက ပြောပြန်တယ်... ကျမကို တစ်ချက်လောက် နမ်းလိုက်ပါတဲ့ ...
ဒါနဲ့ သူဖားလေးကို နမ်းလိုက်တဲ့ အချိန်မှာ
ဖားလေးဟာ ချက်ချင်း ငယ်ရွယ်လှပတဲ့ မိန်းမပျိုလေးတစ်ယောက် ဖြစ်သွားတယ် ..

အဲ့ဒီအချိန်မှာပဲ အမျိုးတွေဆီ သွားလည်တဲ့ သူ့မိန်းမက ညမအိပ်ပဲ ပြန်ရောက်လာခဲ့တယ်တဲ့ ..
နောက်ပြီး အဲ့ဒီယောက်ကျားရယ် ဖားမိန်းကလေးရယ်ကိုလည်း အိပ်ယာထဲမှာပဲ တွေ့လိုက်တယ် ...
အကြီးအကျယ်ကို စိတ်တွေဆိုး ဒေါသတွေ ထွက်ပြီး ပြဿနာရှာတာပေါ့ ...
ယောက်ကျားဖြစ်သူက ဖြစ်ရပ် ပေါင်းစုံကို အသည်းအသန်ရှင်းပြရတယ် ...
နောက်ဆုံးမှာ မိန်းမဖြစ်သူက ဖားမိန်းကလေးကို ထူးဆန်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်းနဲ့ အဲ့ဒီယောက်ကျား ပြောတာကို
လုံးဝ ယုံကြည်သွားတယ်တဲ့...
ယောက်ကျားဖြစ်သူလည်း သက်ပျင်းရှည်ကြီးကို ဟူး ကနဲ့ ချ စိတ်သက်သာရာ ရပြီး သူ့မိန်းမ ပုခုံးကို
ဖွဖွလေး ဖက်ထားလိုက်တယ်တဲ့ ..

ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ .. :P

မေးခွန်းလေး တစ်ခုကို စဉ်းစားကြည့်ရအောင်ဗျာ ..
အဲ့ဒီ မိန်းမ နေရာမှာ စာဖတ်သူဆိုရင် အဲ့ဒီယောက်ကျား ပြောတဲ့ စကားတွေကို ယုံမှာလား မယုံဘူးလား ...
သေချာတာက ယုံကြည်ရပါတယ်လို့ ကိုယ်သတ်မှတ်ထားတဲ့ ယောက်ကျားတွေမှာလည်း တစ်ခါတစ်ရံ အဲ့လို စိတ်ဝင်စားစရာ ဖားပုံပြင်လေးတွေ ရှိတတ်တယ်ခင်ဗျ :P
အဲ့ မိန်းကလေးတွေမှာလည်း ဖားပုံပြင်လေးတွေ ရှိတတ်တယ်ခင်ဗျ ..( နာ့တော့ ၀ိုင်းကစ်တော့မှာပဲ :P )
ကဲ ယုံလွယ်သူတွေအတွက်ရော အယုံမလွယ်သူတွေ အတွက်ပါ ထင်မြင်ယူဆချက်လေးတွေနဲ့ ဂုဏ်ပြုလိုက်ကြရအောင်ဗျာ .. :P
စိတ်အခန့် မသင့်စရာများ ဖြစ်ခဲ့ရင် ကျနော်ရဲ့ အလွန်ပါခင်ဗျ :P

မှတ်ချက်။ ။ ဆရာ ( ဦး ) မောင်ကောင်းထိုက် ရဲ့ ဖတ်ဖူးတဲ့ သရော်စာလေး တစ်ပုဒ်ကို မှတ်မိ သလို ပြန်ရေးထားတာပါ ..




15 ဝေဖန်မှု:

megumi said...

အိမ်ထောင်တစ်ခုမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုက အရေးအကြီးဆုံးပါ။ "ယုံသင့်လား၊ မယုံသင့်လား"ဆိုတာကတော့ သူ့ရဲ့ အကျင့်သိက္ခာနဲ့ပဲ ဆိုင်တယ်။ လက်ရှိ မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ ချက်ချင်း ဆုံးဖြတ်တာဟာ သူ့ရဲ့ အကျင့်သိက္ခာ၊ ကိုယ်ကျင့်တရားကို စော်ကားရာ ရောက်တယ်။


သိသလောက် ဝင်ပွါးသွားတယ်နော်။ :P :P

ဝါ၀ါခိုင်မင်း said...

ဟဟဟား..မောင်မိုးသောက်

ပို့စ်ကောင်းကောင်းမရေးဘူး ။
ပြဿနာရှာပြီ။
အစ်မ ဆိုရင်တော့ ဦးဥာဏ်ကြီးကို အိပ်ရာထဲမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့လို့ကတော့
သွားးးး ... ဂျောင်း.... တာ့တာ ပဲ ။
လှည့်ကိုမကြည့်တော့ဘူးးး ယုံ....
ဟဲဟဲ.. အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့ ။ အဟီးး

ဒါပဲ..ရေးချင်တာရေးပြီး ပြန်ပြီ။ :P

flowerworld said...

မယ်ဂုမိလေးပြောသွားတာလဲဟုတ်တယ်....
မမ၀ါပြောသွားသွားတာလဲထောက်ခံတယ်..
အဟဲ....ယုံလဲယုံတယ်..မယုံလဲမယုံဘူးပေါ့

အလှတရား said...

ပွဲဆူတယ်နော်
ကိုသောက်..
(အဲနာမည် ကြိုက်လား ကြိုက်ရင် အဲလိုခေါ်မလို့)

သီအိုရီနဲ့ လက်တွေ့တော့ ကွာမယ်နော...
အဟမ်းအဟမ်း...

လက်တွေ့နယ်ပယ်က အဖြစ်အပျက်တွေကို
သီအိုရီနဲ့ ပြန်ချိန်ဖို့ဆိုတာ

တစ်ဦးချင်းရဲ့
ဘာညာ သရကာ တွေကလိုသေးတယ်..။

လူမလေးနဲ့ ဖားမလေးဆိုရင်
လူထီးလေးနဲ့ ဖားထီးလေးဆိုရင်တော့
တညိုးနော..

သိပါဘူးဗျာ..ပြန်မယ်။

မသက်ဇင် said...

မိုးသောက်တို့ကတော့လေ---
ကြံကြံဖန်ဖန် ရေးတတ်တယ်နော်--
အများအားဖြင့်--အမျိုးသားတွေကတော့--
ဆာရီယာယ်လစ်ဇင်---ကို စိတ်ကူးယဉ်
တတ်ကြတယ်လို့ ထင်မြင်မိပါတယ်--

- said...

အကျင့်သိက္ခာနဲ့ ကိုယ်ကျင့်တရား တွေလှိုင်လှိုင် ပြောတတ်တဲ့ မိန်းမနဲ့ဆိုရင်တော့ အပြေးကောင်း ရင် (၃)ချက်လောက်ပဲချုပ်ရမှာပါ။
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

ဖားကြီး said...

ရှင်တို့ ယောကျာင်္းတွေက တော့ဒီလိုပဲ
ဒါနဲ့ ရှေ့ဆက်ဘာဖြစ်သွားလဲဗျ...လုပ်ပါဦး
ကျွန်တော်ကတော့ လူစင်စစ်နော်... ဖားမင်းသားထင်ပြီး
ဘလော့ဂ်ဂါ မမတွေလာမနမ်းကြနဲ့ဦး... ဟဲ ဟဲ

ဇင်ယော် said...

အဟဲ ခွင့်စေ့တော့ ဖွပြီပေါ့နော်။ ကိုအလှတရား ပြောသလို ကိုသောက်လို့  ခေါ်ရင်ကောင်းမလားမသိ။ ယုံမယုံကတော့ အခြေအနေနဲ့ အချိန်အခါကို ကြည့်ရမှာပေါ့။ ကိုယ်ပြောတာမယုံတဲ့မိန်းမနဲ့ တွေ.ရင်တော့ အဟေ. အရေးပေါ်လား မသန်မစွမ်းဆေးရုံလား တစ်ခုခုပဲနော်။

ရွှေပြည်သူ said...

မောင်လေးမိုးသောက်ရေ အစ်မစိတ်ဝင်စားတာက ဘာကြောင့် ဇနီးဖြစ်သူက ထူးဆန်းတဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီး ယုံသွားတာလည်း ဆိုတာပါ။ ယုံနိုင်လောက်တဲ့ အကြောင်းပြချက် ရှိခဲ့ရင်တော့ ဖားဇာတ်လမ်းလေးတွေကို ယုံပေးကြရမှာပေါ့နော်း)

Dream said...

ယုံလွယ်သူခေါင်းညိတ်လို့ ပြောပြပါဦး...
အရင်လိုအကျင်နာ စကားဆန်းများနဲ့ နားချပါဦး..
သူ့ကိုယုံလိုက်တာ ကံသီလို့အမှားကြီးမှားတော့မလို့...
အဟတ်အဟတ်...
သီချင်းတွေနဲ့ရောကုန်ပြီ...

သေချာတာ က ဦးတောက် ညက အမူလွန်ပြီး ဖားမင်းသမီးလေးနဲ့ အိပ်ခဲ့တာလား
မသိဘူး..ဟီးဟီး.. :P :P
မလုပ်နဲ့နော်.. ဦးဖားကြီးနဲ့တွေ့သွားမယ်.. ဟတ်ဟတ်...
တကယ်တော့ မီဂုမီပြောသလိုပါပဲ...
မရွေပြည်သူ မေးသလိုပေါ့.. ကောင်မလေးက ဘာကြောင့် ထူးဆန်း
တဲ့ အကြည့်တွေနဲ့ ကြည့်ပြီးဘာလို့ ယုံသွားခဲ့ရတာလဲ
အဲဒီမှာ မြုတ်ကွက်ရှိမယ်လို့ထင်တယ်....
:) :) :)

အချစ်မဲ့ဂစ်တာ said...

အဲလို ဖားမင်းသမီးလေးနဲ့ အဲလို မိန်းမမျိုး ရရင် မဆိုးဘူးဗျို့.. ဟာဟ

ဟန်သစ်ငြိမ် said...

`အင်း... ခက်ရချည်ရဲ့´ လို့ အော်ရမလို ဖြစ်နေပြီ။ ဒါပေမယ့် လောကကြီးမှာ နားလည်မှုရှိရင်တော့ ခက်တာတွေ အကုန်လွယ်ကုန်ရောဗျ။

ကျုပ်ကတော့ နားလည်မှုကြောင့်လို့ပဲ ထင်တယ်။

ပုလဲ said...

“ မိန်းမဖြစ်သူက ဖားမိန်းကလေးကို ထူးဆန်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်းနဲ့ အဲ့ဒီယောက်ကျား ပြောတာကို
လုံးဝ ယုံကြည်သွားတယ်တဲ့... ” အဲဒါဘာလို့လဲပြောပြ
ပုလဲသာဆိုရင်တော့လား...
ဖြစ်ဖူးကြုံဖူးမှသိမယ်ထင်တယ်
ဒါပေမယ့် အခုလိုထူးဆန်းအရာလေးကိုဖတ်ရလို့
ကျေးဇူးတင်ပါတယ်ဗျို့
အားပေးသွားတယ်နော် :D

သက်တန့် said...

ထင်မြင်ယူဆချက်လား...
ပြောမပြတော့ဘူး... :P
ချစ်လို့ အ တာပါ ဆိုတာနဲ့ န.လ.မ ဆိုတာ....................

ဝေလေး said...

ယုံရခက်ကြီးးး :)
မိန်းမက ဘာလို့ယုံသွားတာလည်း
ယုံလောက်တဲ့အကြောင်းပြချက်ရှိရင်တော့ ယုံရတာပေါ့လေ....