ဗီးနပ်စ်ဖန်ဆင်းတဲ့
ဆောင်းမနက်ခင်းလေးတွေမှာ
ကျနော်နဲ့ သူမ
လမ်းတွေ လျှောက်ခဲ့ကြတာ
ဘယ်တော့မှမေ့လို့ မရဘူး ........
ကျောင်းသွားဖော် သူငယ်ချင်း
လမင်းလေးတစ်စင်း ကောက်ရသလို
နှင်းစက်ကလေးတွေတောင်
ခါတိုင်းထက် ပိုအေးမြနေခဲ့တယ်.......
နင်ယူလာတတ်တဲ့ ခေါပုတ်ကလေးတွေအတွက်
ငါမရှက်တတ်သလို
ငါယူလာတတ်တဲ့ စံပယ်ပန်းကလေးတွေလည်း
နင့်အတွက် မြဉ္စူနတ်ပန်းထက် ပိုမွှေးပျံ့ခဲ့နေတယ်.......
နှင်းစက်ကလေးတွေ ဝေသီနေတဲ့
မြက်ခင်းနုနုလေးတွေထက်မှာ
ဦးတည်ရာမဲ့ ခြေလှမ်းတွေနဲ့
ကြည်ကြည်နုးနူး ရယ်မောခဲ့ကြဖူးတယ်.........
ဖြူစင်တဲ့ သံယောဇဉ်
တစ်နွယ်ငင် တစ်ပင်ရစ်
အချစ်ဆိုတာ ဘာမှန်းမသိပေမယ့်
နင်ရော ငါပါ နွေးထွေးခဲ့ကြတယ်နော် .........
ရှက်ပြုံးလေးတစ်စ
ရင်ကို တစ်မွမွနဲ့
ချိုမြိန်တဲ့ စွဲလမ်းမှု
ခိုင်မြဲစွာ အစပြုခဲ့တယ်...........
ဒီလိုနဲ့ပေါ့ .....................
....................................
....................................
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
ဆောင်းရောက်တိုင်းမှာ
နှင်းစက်ကလေးတွေကတော့
အေးမြဆဲပါပဲ သူငယ်ချင်းရယ် ....
................... *****......................
"ဥက္ကာ "
"ဘာလဲ "
မှုန်တေတေ မျက်နှာထားနဲ့ နွေးငယ် ...
"နင်နဲ့ ညနေက ပန်းခြံကို သွားတဲ့ ကောင်မလေးက ဘယ်သူလဲ .."
"သြော် အဲ့ဒါ အခု ငါတို့ မြို့ကို အသစ်ရောက်တဲ့ ဆရာဝန်ကြီး သမီးလေဟာ မြတ်နိုးအိမ် တဲ့ သူ့အဖေနဲ့ ငါ့အဖေနဲ့က ကျောင်းနေဖက်တွေတဲ့ဟ ..သူက ပန်းခြံလိုက်ပို့ခိုင်းတာနဲ့ ငါလိုက်ပို့ပေးတာပါ ..
သူလည်း ငါတို့လိုပဲ ၉ တန်းပဲလေ .. နောက်တစ်ပတ် ကျောင်းဖွင့်တာနဲ့ ငါတို့နဲ့ အတူတူ လိုက်တက်မှာဟ ..."
"သွားစမ်းပါဟာ ငါသူနဲ့ အတူတူ မတက်ချင်ဘူး .."
သူတော်တော်လေး အံ့သြသွားမိတယ် ... နွေးငယ်က လူချစ်လူခင်များကြီး အေးအေးဆေးဆေးပဲ နေတတ်တာပါ ..
"ဘာဖြစ်လို့လဲ နွေးငယ်ရ .. သူက ခင်တတ်ပါတယ် မာနလည်း မကြီးတတ်ဘူး နင်မယုံရင် နင့်ကို မိတ်ဆက်ပေးမယ် ..
တော်ပါ .. နင်ငါ့အတွက် ပန်းလေးတွေ ယူမလာတာ ဘယ်နှစ်ရက် ရှိပြီလဲ .."
နွေးငယ် စူပုတ်ပုတ်ပြောတော့မှ သူသတိရတော့တယ် .. ဟုတ်သားပဲ သူနွေးငယ် ကို စံပယ်ပန်းလေးတွေ ယူပေးနေကြ...
အခုဆို မပေးဖြစ်တာ တစ်ပတ်တောင် ကျော်ပြီပဲ ..
"sorry ဟာ ငါတောင်းပန်ပါတယ် ... အဲ့ဒီခြံက မြတ်နိုးတို့ ရောက်နေတော့ ငါရောက်သွားရင်လည်း သူတို့နဲ့ပဲ စကား
ပြောပြီး ပြန်လာခဲ့လို့ပါ ..."
"ကဲပါ ထားပါတော့ .. အင့် ခေါပုတ် ငါနင့်အတွက်ယူလာတာ "
"အာ နွေးငယ်ရင် နင်ငါ့အတွက် ဘာလို့ ယူယူလာတာလဲ ငါက စားခဲ့ပြီဟ နင်ပဲ စားပါဟာ "
"ငါ့ဗိုက်က တစ်ခုပဲ ဆန့်တာဟ အမေ က နှစ်ခု ထည့်ထည့်ပေးလို့ နင့်ကို ကျွေးတာ ဟွန်း ကျွေးချင်လွန်းလို့ မထင်နဲ့ .. "
"ဒါဆို နင် တစ်ခုပဲ ယူခဲ့ပေါ့ဟ .."
"ဥက္ကာ "
အသံတုန်တုန်နဲ့ နွေးငယ် ကုန်းအော်တယ် ...
"အာ ဘာလဲဟာ လန့်လိုက်တာ ..."
"နင်မစားဘူးလား စားမှာလား ..."
"ကဲကဲ ပေးဟာ စားမယ် .."
သူလှမ်းယူလိုက်တော့မှ နွေးငယ် ပါးလေး ဖောင်းလာတဲ့ အထိ မျက်နှာလေး ပြုံးလာတယ် ...
"နင့်ပါးက ဟော့ဒီ ခေါပုတ်လေးလိုပဲ ဟ သိလား ဖောင်းဖောင်းကားကားနဲ့ ..ဟော့ဒီလို လက်ညှိုးနဲ့ထိုးဖောက်ဖို့ပဲကောင်းတယ်"
ပြောပြောဆိုဆို နွေးငယ် ပါးဖောင်းဖောင်းလေးကို အိကနဲ့ ၀င်သွားအောင် လက်ညိုးနဲ့ ထိုးပစ်လိုက်တယ် ..
သေနာစုတ် ..နင်ကတော့ ..
နွေးငယ် ရှက်ရမ်းရမ်းပြီး သူ့လွယ်အိတ်လေးနဲ့ လိုက်ရိုက်တယ် .. ဘာရမလဲ ဒီကလည်း မရိုက်ခင်ကတည်းက
ပြေးပြီးသားပဲ ...ဟာ ဟ ..
ကျောင်းသွားတဲ့ လမ်းကလေး တစ်လျှောက် သူတို့ ရယ်သံတွေ ဖုံးသွားတယ် ...
တစ်ခြားသူတွေကလည်း ကွက်ကြည့်ကြည့်နဲ့ပေါ့ ..
သူတို့ကတော့ ဂရုမစိုက်ပါဘူး ....
လမ်းဘေးတစ်လျှောက်မှာ ရေငတ်ပန်းလေးတွေကတော့ တဖွဲဖွဲနဲ့ ကြွေကျလို့....
ဒါက အခုမှ မဟုတ်ဘူးလေ ဟိုးငယ်ငယ်လေးကတည်းက ....
ဆက်ရန် >>...................
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

10 ဝေဖန်မှု:
ကိုမိုးသောက်..ရဲ့ဘလော့ ကဘာဖြစ်နေလဲတော့မသိဘူးနော်.. latest post က လွဲပြီး ဘာမှ မမြင်ရဘူး အစ်ကို .. စီဗုံး တွေဘာတွေက အစ.. ဘာမှ မမြင်ရဘူး.. အမြဲလာဖတ်ပါတယ် အစ်ကို..
အားပေးနေပါတယ်
ဖတ်လို့ကောင်းလို့ဆက်ရန်ကိုမျှော်နေပါတယ်။
"ဥက္ကာ "
အသံတုန်တုန်နဲ့ နွေးငယ် ကုန်းအော်တယ် ...
"အာ ဘာလဲဟာ လန့်လိုက်တာ ..."
"နင်မစားဘူးလား စားမှာလား ..."
"ကဲကဲ ပေးဟာ စားမယ် .."
"နင့်ပါးက ဟော့ဒီ ခေါပုတ်လေးလိုပဲ ဟ သိလား ဖောင်းဖောင်းကားကားနဲ့ ..ဟော့ဒီလို ......
ကောင်းတယ်.. အရမ်း...
ပိုစိတ်ဝင်စားလာပြီ.. :P
ရှက်ပြုံးလေးတစ်စ
ရင်ကို တစ်မွမွနဲ့
ချိုမြိန်တဲ့ စွဲလမ်းမှု
ခိုင်မြဲစွာ အစပြုခဲ့တယ်...........
ဒီအပိုင်းလေးကို ဖတ်မိပြီး နက်ရှိုင်းမှုကို ခန့်မှန်းနိုင်ပါပြီ----ဘာပဲဖြစ်ဖြစ်လေ----ချစ်သူတွေကိုဆုံစည်းစေချင်တယ်---
ကံတရားဆိုတဲ့ မမြင်နိုင်တဲ့ ဟာကြီးကိုလေ---
မကြားချင်ဘူး---
ရသ ကောင်းတပုဒ်ပါ---
အားပေးနေပါတယ်---
ခင်မင်လျက်
မသက်ဇင်
မိုက်တယ်ဗျာ... ဆက်ရေးဗျို့... ခံစားရတယ်။
မင်းသားတစ်ယောက်၊ မင်းသမီးနှစ်ယောက် အဲလိုဇာတ်လမ်းမျိုးလား...
ဟင့် ဒါဆို မင်းသမီးတစ်ယောက် ကျန်ရစ်ဖြစ်မယ့်ပုံပဲ... :(
မင်းသား နောက်တစ်ယောက် ထုတ်ပေးပါ...
နော်... မောင်လေးမိုးသောက်... :D
ကျန်နေခဲ့မဲ့ ကောင်မလေးကတော့ သနားပါတယ်နော်..
မျက်လုံးထဲမှာ ပေါ်နေအောင်ရေးတက်တယ်...
အရမ်းတော်ပါပေတယ် သယ်ရင်းက...:P
တွေ့ရား မီးမီးရေးရင် dream ဖြစ်ဖြစ်နေတယ်..
လုပ်လို့လည်း ရ၀ူး :P
ဖတ်လို့ကောင်းတယ် ... နောက်ဆက်တွဲတွေ မျှော်နေပါ့မယ်။ :)
ခေါပုတ် စားချင်ဒယ်ဗျို့..
မကြီးလည်း ခေါပုတ်အရမ်းကြိုက်တာလေ။
အခု ဒီဂျပန်မှာတောင် ရအောင်ရှာဝယ်စားတုန်းပဲ.
ဒီမှာလည်း ရှိတယ် မောင်လေး ရဲ့.. ဒါပေမယ့် မမ တို့
ကချင်ပြည်နယ်ကလို စားမကောင်းဘူး။
ဒါဆို ဒီဇာတ်လမ်းလေး က မိုးကောင်း ဇာတ်လမ်း
လေး ပေါ့နော်.း)
မိုးကောင်းမှာနေခဲ့လို့ နာမည်ကို မိုးသောက်လို့ မှည့်ထားတာလား။း)
Post a Comment