"ဟူး ..."
စာကျက်ရတာလည်း စိတ်မပါ ... ဖတ်လက်စ စာအုပ်ကို အသာပဲ ပိတ်ပြီး ပြန်တင်ထားလိုက်တယ် ...
စိတ်ထဲမှာ ပေါ်လာတာက စွာတေးမလေးရဲ့ ပြုံးစိစိ မျက်နှာ ....
ပန်းသူခိုး အရှက်လည်း မရှိဘူး ဒီမှာ ပန်းသူခိုးပါဗျို့ ..... ကောင်မလေး ရဲ့ အသံတွေက သူ့နားထဲက မထွက် ..
တစ်ကယ်ဆို သူဟာ ပန်းအရမ်းချစ်တတ်တဲ့ သူတစ်ယောက်ပါ ... ပန်းရနံ့လေးတွေကို နှစ်သက်တယ် ...
ပွင့်ဖတ်လှလှလေးတွေကို ငေးပြီး စိတ်ကူးတွေ အများကြီး ယဉ်တတ်တယ် ...
အခုတော့ ပန်းသူခိုးတဲ့ ...
"တောက် ... "
"ဟဲ့ သားလေး ဘာတွေ စိတ်တိုနေတာတုန်းကွယ့် .... မေမေရောက်နေတာ ကြာလှပြီ .. ငါ့သားလေး ဘာတွေ
မကျေနပ်ဖြစ်နေတာလဲ . မေမေ့ကို ပြော .."
မေမေက အနားမှာ လာရပ်ရင်း ဆံပင်ကို ဖွဖွလေး ပွတ်သပ်ရင်းပြောတယ် ..
"ဘာမှ ဖြစ်ပါဘူး မေမေရယ် ..."
မေမေ သူ့မျက်နှာကို ပြုံးပြီး ကြည့်နေလေရဲ့ ..
"မေမေကလည်းဗျာ ဘာကြည့်နေတာလဲ .. သား စာကျက်တော့မယ် ... "
တွေ့ရာ စာအုပ်ကို ကောက်ဖွင့်မယ်အလုပ်မှာပဲ မေမေက စာအုပ်ကို လှမ်းသိမ်းတယ် ...
"ကဲ ကိုယ်တော်လေး အလိုမကျဖြစ်မနေနဲ့ ... ဟိုမှာ မြတ်နိုးလေး ရောက်နေတယ် ... သားကိုတွေ့ချင်လို့တဲ့
သွားတွေ့လိုက်ဦး ... "
မျက်မှောင်ကြုံ့ပြီး စဉ်းစားလိုက်မိတယ် .. ဒီနာမည် မကြားဖူးပါဘူး ...
"ဘယ်က မြတ်နိုးလဲ မေမေရဲ့ ... သားမသိပါဘူး ... "
"မင်း ဦးဦး ကောင်းမြတ် ရဲ့ သမီးလေး လေကွယ် .. ဟိုနေ့ကမှရောက်တာ သားနဲ့ တွေ့ပြီးသား နေမှာပါ ..
မေမေကိုတောင် ပြောသေးတယ် သားက ချောတယ်တဲ့ ... "
"အာ မေမေကလည်း ဗျာ ဘာတွေ လာပြောနေမှန်းမသိဘူး ...."
သူ မျက်နာရဲရဲနဲ့ပဲ ဧည့်ခန်းထဲကို ထွက်လာခဲ့မိတယ် ...
တွေ့ပါပြီ စွာတေးမလေး ဖေဖေ လက်ဆောင်ရထားတဲ့ သမင်ချိုကြီးကို စိတ်ဝင်တစားနဲ့ ငေးလို့ ..
"ဟိတ် .."
ကိုယ်ကလေး တုန်ကနဲ့ဖြစ်ပြီး မျက်လုံးဝိုင်းလေးနဲ့ အလန့်တကြားလှည့်ကြည့်တယ် ..
သူရီချင်စိတ်ကို ထိန်းပြီး ခပ်တည်တည်နဲ့ပဲ ..
"နင်ဘာလာလုပ်တာလဲ ..."
"ဟွန့် နင့်ကို တွေ့ချင်လွန်းလို့ လာတာများ ထင်နေလား ဖေဖေ က အတင်းလွှတ်လို့ နင့်ကို ငါလာတောင်းပန်တာ "
ကောင်မလေးကလည်း ခပ်တည်တည်နဲ့ ဘုပြန်တောတယ် ...
"အဲ့ဒါ ငါစိုက်ထားတဲ့ အပင် ပြီးတော့ နင်က ငါ့ကို ပန်းသူခိုးလို့ အော်တယ် .. နင်ဒီအတိုင်း တောင်းပန်လို့ ရမလား "
ကောင်မလေး ပြုံးစိစိလေးနဲ့ မျက်လုံးလေး ပင့်ကြည့်တယ် ..
"ငါ တောင်းပန်ပါတယ် ဥက္ကာ ရယ် .. တစ်ကယ် မသိလို့ပါ ဖေဖေပြောမှ နင်စိုက်ထားမှန်း သိတာ ပြီးတော့ ပန်းလေး
တွေကို ချစ်တတ်မှန်းလည်း သိတာ .. ငါ့ကို ခွင့်လွတ်ပါနော် .."
"အံမယ် နင်က ငါ့နာမည်ကို သိလို့ပါလား .."
ကောင်မလေး ခပ်ဟဟလေး ရီတယ် ရှင်းနေတဲ့ ပါးပြင်လေးမှာ ပါးချိုင့်လေး နှစ်ခုက လှလှပပလေး ခွက်ဝင်လို့ ..
"သိတာပေါ့ ဟ ဒီလိုပဲ မေးရတာပေါ့ မခက်ပါဘူး ငါ့ဖေဖေကို မေးလိုက်တာ .. ငါ့နာမည်လည်း မှတ်ထားနော် ..
မြတ်နိုးအိမ် တဲ့ အိမ် ဆိုတဲ့ စာလုံးကို တော့ သိပ်မကြိုက်ပါဘူး ငါ့ကို မြတ်နိုးလို့ပဲ ခေါ် .. "
လက်ညိုးလေး တစ်ထောင်ထောင်နဲ့ ပြောနေတဲ့ သူမ ပုံစံကို ကြည့်ပြီး စချင်စိတ်က ထိန်းလို့မရ ..
"နင့်ကို ခေါ်မယ်လို့ ဘယ်သူက ပြောလို့လဲ ..."
ကောင်မလေး မျက်လုံးပြူးလေးနဲ့ ကြည့်တယ် ..
"အင် နင်က ငါ့ကို ခွင့်လွှတ်ဘူးလား ..."
"ခွင့်လွှတ်တယ်လို့ အခုမှ ပြောမလို့ပါ အဟဲ .."
"အာ နင်တော်တော် နောက်တာပဲ ရော့ ငါနင့်အတွက် ယူလာတာ ...."
ကြည့်လိုက်တော့ ငှက်ပျောဖက်လေးနဲ့ ထုတ်ထားတဲ့ အထုတ်ကလေး တစ်ထုတ် ..
"ဘာလဲ .."
"သိချင်ရင် ဖွင့်ကြည့်ပေါ့ဟ .."
လက်ကလေး နောက်ပစ်ပြီး ဟိုရမ်းဒီရမ်းနဲ့ နည်းနည်း အမြင်ကတ်လာသလိုပဲ ... သူ ဖက်ထုတ်လေး ကို ဖွင့်ကြည့်လိုက်မိတယ်
"ဟား ... စံပယ်ပန်းလေးတွေပဲ .."
"အင်း .."
စံပယ်ပန်း ရနံ့လေးတွေက ဟိုးရင်ထဲထိ ရောက်သွားသလိုပဲ .. ကြည်နူးစိတ်ကလေးတွေ တရိပ်ရိပ်တက်လာမိတယ် ...
"ဒါလည်း နင့်ဖေဖေ ခိုင်းတာပဲလား ...."
"မဟုတ်ပါဘူးဟ နင်ပန်းလေးတွေ ချစ်တတ်မှန်းသိလို့ ငါနင့်အတွက်တမင် ခူးလာတာပါ ..ကျေနပ်နော် ... "
ကောင်မလေး ပြုံးစိစိလေး နဲ့ သူ့ကို ကြည့်ပြီးပြောတယ် ...
ဘာကြောင့်ရယ်မသိ အဲ့ဒီ ပြုံးစိစိလေးကို အရမ်းခင်သွားမိတယ် ...
ဆက်ရန် >>...................
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

5 ဝေဖန်မှု:
ပြုံးစိစိလေးကို ခင်သွားတယ်... ပြီးတော့ အပိုင်း၃ပေါ့နော်...
ဟတ်ဖီးလ်နဲ့ ပြန်သွားပြီ...
မြန်မြန်ရေး...
ကောင်းတယ်တော့။ ဆက်ရေး ၊ ဆက်ရေး။ အားပေးပါတယ်။ ကောင်မလေးကို ခင်ပဲခင်နော်။ :P :P
"ဘာလဲ .."
"သိချင်ရင် ဖွင့်ကြည့်ပေါ့ဟ .."
လက်ကလေး နောက်ပစ်ပြီး ဟိုရမ်းဒီရမ်းနဲ့ နည်းနည်း အမြင်ကတ်လာသလိုပဲ ... သူ ဖက်ထုတ်လေး ကို ဖွင့်ကြည့်လိုက်မိတယ်
"ဟား ... စံပယ်ပန်းလေးတွေပဲ .."
အရမ်းကောင်းပါတယ်..
မျက်စိထဲမှာ ပုံပေါ်လာအောင် ရေးထားတာလေး အရမ်းကြိုက်တယ်..
အားပေးနေမယ်.. ဆက်ရန်လေးတွေ တင်ပြီးရင် သံချောင်းခေါက်လိုက်နော်.. လာဖတ်ချင်လို့.. :)
ခင်မင်တဲ့..
ဆက်ရေးပါအုံးဗျို့...
စိတ်ဝင်စားဖို့ကောင်းတယ် ဇာတ်လမ်းလေးက..
အားပေးပါတယ် နော် ဦးဦး မိုးသောက်...
မောင်လေး..မိုးသောက်
ဇာတ်ရှိန်ဆွဲတယ်ဗျို့.. ဟွန်းဟွန်း.
ဖတ်ကောင်းနေတာနော်... ဒီဇာတ်လမ်း က ဘယ်တော့
အဆုံးသတ်မှာတုန်း ။
အယ်..ဒါနဲ့ အဲဒီဇာတ်လမ်းလေးက ဘယ်မှာဖြစ်တာလဲ.
မိုးကောင်း မှာလား..ဟဟား..
မကြီး က မိုးညှင်းသူ မောင်လေးရဲ့..မိုးညှင်းမှာမွေးတာ
လေ။ မိုးညှင်းမှာ မမ က အရမ်းပျော်တာ..သူငယ်ချင်း
တွေ အများကြီးမို့လေ.. ခေါင်ရေ ဆိုင်က မမ မမှတ်မိတော့ဘူး.မောင်လေး ရဲ့.. မမ က ကချင်ပြည်
နယ် က အစားအစာတွေကို အရမ်းကြိုက်တာလေ။
ပိန်းပေါင်း တို့.. ဟင်းပေါင်းတို့.. ရေစိမ်ခေါက်ဆွဲ.မြှီးရှည်..အများကြီးပဲ.. ရန်ကုန်က အရသာနဲ့မတူတော့
ကချင်ပြည်နယ်ကိုတစ်ခေါက်လောက်ပြန်ပြီး အစားတွေ
အ၀ သွားစားချင်သေးတယ်..မိုးကောင်းမှာ မမ သူငယ်
ချင်းတွေရှိတယ်လေ။။။ ၀င်းပပနိုင် ကိုသိလား ။နောက်ပြီး ပန်းနုထွေး ဆိုတာကြားဖူးလား။ ဒါပဲနော်
နောက်မှ ပြောကြရအောင်...
မကြီး
မမ၀ါ
Post a Comment