သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

26.9.08

ပန်းချစ်သူ- ၁

"ဟိတ် ..''

အနားနား ကပ်အော်လိုက်တာမို့ တစ်ကိုယ်လုံးတုန်သွားမိတယ် ....
စံပယ်ပန်းလေးတွေကို ဆုပ်ထားရင်းနဲ့ အထိတ်တလန့် လှည့်ကြည့်လိုက်မိတယ် ...
စကပ်အတိုလေးနဲ့ ကောင်မလေးတစ်ယောက် ခါးလေးထောက်လို့ သူနဲ့ရွယ်တူလောက်ပဲ ရှိမည် ...

"နင်ဘာလုပ်နေတာလဲ .."
"ငါ ပန်းလေးတွေ ဖွေးနေလို့ နည်းနည်းခူးတာပါ .."
"ဘာခူးတာလဲ နင်သူများပစ္စည်းကို မပြောပဲနဲ့ ယူတယ် .. ပန်းသူခိုး ... အရှက်လည်း မရှိဘူး .. ဒီမှာ ပန်းသူခိုးပါဗျို့ "

သူမျက်နှာတွေ ချက်ချင်းရဲတက်သွားမိတယ် ... တစ်ကိုယ်လုံးထူပူပြီး စံပယ်ပန်းလေးတွေကို ပစ်ချလိုက်မိတယ်..
သူမရဲ့ ကတ်ကတ်လှန်အောင် ရန်တွေ့သံကြောင့် အိမ်ထဲက ဖေဖေ နဲ့ ဆရာဝန်ကြီး ထွက်လာတယ် ...

"ဟဲ့ သမီး သမီးအစ်ကို ကို ဒီလို မပြောရဘူးလေ .. အဲ့ဒါ ဟောဒီဖေဖေ့ သူငယ်ချင်းရဲ့ သား ... ဖေဖေတို့က
အခုမှ စရောက်တာဆိုတော့ ဒီဦးဦးကပဲ ဖေဖေ့ကို အစစအရာရာလိုက်ကူညီပေးနေတာ ပြီးရင် သမီးလည်း သူ့ကိုပဲ
အဖော်လုပ်ရမှာ သမီး သမီး အစ်ကိုကို ပြန်တောင်းပန်လိုက် ... "

ကောင်မလေး ပါးစပ်လေး စေ့ပြီး ပြုံးစိစိနဲ့ ကြည့်တယ်... ပုခုံးလေးနှစ်ဖက်ကို ဟန်ပါပါ တွန့်လိုက်သေးတယ်
"အဖေ သား ပြန်တော့မယ် အဖေ နောက်က လိုက်ခဲ့တော့ ..."
"ဟ သား နေဦးလေကွာ အာ ဒီကောင် .."

သူ ရှက်ရှက်နဲ့ လှည့်ထွက်ခဲ့မိတယ် .. စိတ်ထဲမှာ ကောင်မလေးကို စိတ်ဆိုးသလိုလိုနဲ့ အရမ်းဝမ်းနည်းနေတာတော့
သေချာတယ် ....

"အဲ့ဒါပဲ ဦးကောင်းမြတ်ရေ ကျူပ်မှာလည်း ဒီသားလေး တစ်ယောက်ပဲ ရှိတာ နည်းနည်း ဆိုးချင်တယ်ဗျာ ..
ပြီးတော့ ဦးကောင်းမြတ်တို့ ပြောင်းမလာခင်က အဲ့ဒီစံပယ်ပင်လေးကို သူပဲ နေ့တိုင်း ရေလောင်းခဲ့တာလေ ..
ယောက်ကျားလေး ဖြစ်ပြီး ပန်းချစ်လိုက်တာလည်း မပြောပါနဲ့တော့ဗျာ စံပယ်ပန်းလေးတွေခူးပြီး သူ စာကျက်တဲ့
စားပွဲမှာ နေ့တိုင်း တင်ထားတတ်တဲ့ကောင် ... "

နောက်က အဖေ့ အသံကို ကြားဖြစ်အောင် ကြားလိုက်သေးတယ် .. ရင်ထဲမှာ ပိုပြီး ၀မ်းနည်းလာသလိုပဲ ....
သွားစမ်းကွာ ..
ရှေ့မှာတွေ့တဲ့ ဘူးခွံလေးကို ဖြတ်ကန်လိုက်မိတယ် ....


PS: ဘာရယ် ညာရယ် မဟုတ်ဘူး ၀ထ္ထုတိုလေး တစ်ပုဒ်လောက်ရေးကြည့်မလို့ပါ :P

ဆက်ရန် >>.................

5 ဝေဖန်မှု:

ဝါ၀ါခိုင်မင်း said...

အယ်..မောင်လေး
ဖတ်လို့ရပြီ...ဒါနဲ့ ဖတ်ကောင်းနေပါတယ်ဆိုမှ Read more က နှိပ်လို့မရ ..ဟဟား. ဒီကလေး.. အဆုံးအထိ
မရေးပဲ ဆက်ရန်လုပ်ထားတယ်ပေါ့... အင်း.ဟုတ်ပါပြီ
ပြန်လာဖတ်ရမှာပေါ့လေ..ပြီးရင်သတင်းလာပို့နော်.
မမကြီး ..မမ၀ါ

Republic said...

မင်္ဂလာပါ ညီမိုးသောက်ရေ ၊၊ ပန်းချစ်သူ ဆိုလို့ ရုပ်ရှင်လေး နဲ့ တွဲမြင်မိသေးတယ် ၊၊ နာမယ်သာ သတိရလိုက်တာပါ ၊ ဇာတ်ကောင်တွေတော့ေ၀၀ါးဝါး မေ့ကုန်ပြီ ၊၊

သက်တန့် said...

ရေးသာရေး... ဖတ်မယ်...
Happy Endingပဲ ဖြစ်ပါစေနော်... ဒါပဲ... :D

ရွှေပြည်သူ said...

ဖတ်ပြီး စံပယ်ပန်းလေးတွေရယ် ငယ်ရွယ်နုပျိုမှုရယ်ကို ခံစားလိုက်ရတယ်။ ဆက်ရန်တွေကို စောင့်ဖတ်နေမယ် မောင်လေး မိုးသောက်ရေ...

မိုးသောက် said...

ကျနော့်ကို အခုလို အားပေးကြတဲ့ အစ်ကိုနဲ့ အစ်မတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ ..
မမ၀ါရေ တစ်ခု ပြီးသွားတိုင်း တစ်ခါလာ သတင်းပို့မယ်နော် :P
အစ်ကိုလစ်ပြောတဲ့ ရုပ်ရှင်ကို မကြည့်ဖူးဘူး ပန်းချစ်သူဆိုတာက ဇာတ်လမ်းလေးနဲ့ ညီအောင် ပေးလိုက်တာပါ
အစ်ကိုပြောမှပဲ ကြည့်ချင်လာပြီ .. ကျနော့် ဇာတ်လမ်းလေးနဲ့ တူနေမလားလို့ :D
မမသက်တန့် အဲ့လို အားပေးလို့ကတော့ ထမင်း မစားပဲနဲ့ကို ရေးဦးမှာ ( ထမင်း မစားပဲ ကျန်တဲ့ဟာ စားမှာပေါ့နော့် မမသက်တန့်ေ၇ :P)
အစ်မရွှေပြည်သူ အခုလို ကျနော် ပြောချင်တာလေးတွေကို ခံစားမိတယ်ဆိုလို့
ကျနော် အရမ်းဝမ်းသာပါတယ် အစ်ကိုတွေ အစ်မတွေ အားလုံးကို အရမ်းလည်း ကျေးဇူးတင်ပါတယ်ဗျာ :)